By Myanmar Builders Guide, Shweproperty.com
Updated at 5 March 2019
ချေးငွေဖြင့် အိမ်ရာဝယ်ယူမည့်သူများအတွက် အာမခံစနစ်တစ်ခု အကောင်အထည်ဖော်မည်အစိုးရထံမှ အိမ်ရာချေးငွေဖြင့် အိမ်ရာဝယ်ယူမည့်သူများအတွက် အာမခံစနစ်တစ်ခုကို
အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
အိမ်ရာချေးငွေရယူလိုသူများအတွက် အာမခံချက်နှစ်မျိုးဖြင့် ရောင်းချသွားမည်ဖြစ်ရာ တစ်မျိုးမှာ အလုပ်ရှင်၏ ထောက်ခံချက်ဖြင့် ဝယ်ယူနိုင်မည့်စနစ်ဖြစ်ကြောင်း သိရသည်။ “ နောက်ထပ် အာမခံတစ်ခုကတော့ ဒီအိမ်ကိုဝယ်တဲ့သူကို အာမခံကုမ္ပဏီတစ်ခုမှာ အာမခံထားရေးကိစ္စ ဖြစ်ပါတယ်။ ဒါကိုလည်း ကျွန်တော်တို့ ပြင်ဆင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ဂျပန်ကုမ္ပဏီတစ်ခုနဲ့ မြန်မာ့အာမခံလုပ်ငန်းနဲ့ ဆွေးနွေးနေပြီ ဖြစ်ပါတယ်။ သဘောတူညီချက်လည်း ရထားပြီးပါပြီ “ ဟု ယင်းက ပြောသည်။
ထိုသို့ အကောင်အထည်ဖော်ရန်အတွက် မြန်မာ့အာမခံလုပ်ငန်းနှင့် ဂျပန်အာမခံကုမ္ပဏီတစ်ခုဖြင့် ညှိနှုင်းဆောင်ရွက်လျက်ရှိပြီး သဘောတူညီမှုရရှိထားပြီးဖြစ်ကြောင်း၊ ထိုအာမခံစနစ်သည် အိမ်ရာချေးငွေဖြင့် အိမ်ရာဝယ်ယူထားသူ သေဆုံးမှု၊ အလုပ်အကိုင်ဆုံးရှုံးမှုများအတွက် ချေးငွေပြန်လည် မပေးသွင်းနိုင်ပါက ကြားခံအာမခံ ကုမ္ပဏီမှ ကိုယ်စားပေးလျော်ခြင်းဖြစ်ကြောင်း သိရသည်။ ထိုစနစ်ကို စတင်အသုံးပြုရန်အတွက် စီစဉ်နေပြီး မကြာမီ အများပြည်သူထံ မိတ်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties