By Myanmar Times, Shweproperty.com
Updated at 15 October 2015
၂၀၁၅ ခုနှစ် နိုင်ငံခြားငွေလဲလှယ်နှုန်းတွင် အမေရိကန်ဒေါ်လာတန်ဖိုး အတက်ကြမ်း လာသည်။ ဤသို့ဖြစ်ရခြင်း၏ အကြောင်း များစွာရှိသည်။ ငွေကြေးဆိုင်ရာပညာရှင်များ၊ စီးပွားရေးပညာရှင်များက ယင်းသို့ဖြစ်ရခြင်း အကြောင်းရင်းများကို ရေးသားပြောကြားခဲ့ကြ ပြီး ဖြစ်သည်။ ဤသို့မဖြစ်အောင် ဆောင်ရွက် ဖွယ်ရာများကိုလည်း အကြံပေးပြီးဖြစ်သည်။
ဗဟိုဘဏ်ကလည်း လုပ်သင့်လုပ်သည် များကို ကြိုးစားပမ်းစား လုပ်ပေးလျက်ရှိသည်။ ဤသို့လုပ်ပေးသည့်အနက် နိုင်ငံခြားငွေကြေး တည်းဟူသော အမေရိကန်ဒေါ်လာကို ပြည်တွင်းက ကုန်သွယ်မှု၊ ဝန်ဆောင်မှုများ အတွက် ငွေပေးချေရာတွင် မပြုလုပ်ကြရန်နှင့် ပြည်တွင်းငွေပေးချေမှုကို မြန်မာကျပ်ငွေနှင့်သာ ပေးချေကြရန် ညွှန်ကြားချက်ထုတ်ပြန် သည်။ ဤသို့ထုတ်ပြန်ခြင်းဖြင့် ပြည်တွင်း၌ ဒေါ်လာ ဝယ်လိုအား (Demand) ကို အထိုက် အလျောက် လျော့နည်းစေသောကြောင့် လုပ်သင့်သော ကိစ္စဖြစ်သည်။
သို့သော် အချို့က ဤကိစ္စကြောင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ငွေပေးချေမှု တွင် အခက်အခဲဖြစ်စေသည်။ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ ငွေပေးချေရေးကို ခက်ခဲ၍ ကရိကထများစေသည်ဟု စောဒက တက်ကြသည်။ အမှန်စင်စစ် ဗဟိုဘဏ်၏ မြန်မာ ပြည်တွင်း၌ မြန်မာကျပ်ငွေနှင့်သာ ပေးချေကြ ရန် ညွှန်ကြားချက်သည် မြန်မာနိုင်ငံ တစ်နိုင်ငံ တည်းသာ ထွင်၍လုပ်ခြင်းမဟုတ်ကြောင်း သိရန်လိုသည်။ နိုင်ငံတကာ နိုင်ငံခြား သုံးငွေ ပေးချေရေးလုပ်ငန်း စနစ်အရ မိမိပြည်တွင်း ၌ မိမိနိုင်ငံထုတ် ငွေကြေးနှင့်သာ ပေးချေရမည်ဖြစ်ရာ မြန်မာနိုင်ငံတွင်သာ အခြေမကျ သေး၍ ပြည်တွင်း၌ အမေရိကန်ဒေါ်လာနှင့် ပေးချေနေခြင်းမျိုး ရှိနေခြင်းဖြစ်နေသည်။ နိုင်ငံခြားငွေကြေး မည်သည် နိုင်ငံခြားနှင့် ပြည်ပပို့ကုန်/ သွင်းကုန် လုပ်ငန်းဆောင်ရွက် စဉ် နိုင်ငံခြားက ငွေရယူရာတွင်ဖြစ်စေ၊ နိုင်ငံ ခြားသို့ ငွေပေးချေရာတွင်ဖြစ်စေ အသုံးပြုရ သော ငွေကြေးဖြစ်သည်။ သို့ရာတွင် ထိုနိုင်ငံ ခြားငွေသည် ပြည်တွင်းငွေထက် ပိုမိုခိုင်မာ သောအခါ၊ ပိုမိုတန်ဖိုးမြင့်သောအခါ ထိုနိုင်ငံ ခြားငွေကို ပြည်တွင်း၌လည်း ဝယ်ယူစုဆောင်း တတ်ကြသောကြောင့် ဥပမာ- အမေရိကန် ဒေါ်လာကဲ့သို့ တန်ဖိုးတက် ခိုင်မာသော ကြောင့် ပြည်တွင်း၌ အရောင်းအဝယ်ဖြစ် သည်လည်းရှိသည်။
ဤသည်မှာ ငွေကြေး ဈေးကွက်တွင် ဖြစ်တတ်သော ရောင်းလိုအား နှင့် ဝယ်လိုအား၏ ထိန်းညှိမှုဖြစ်သည်။ သာမန်အားဖြင့်မူကား မည်သည့်နိုင်ငံ တွင်ဖြစ်စေ ပြည်တွင်းကိစ္စ များတွင် မိမိနိုင်ငံ ငွေကြေးဖြင့် ပေးချေရပါသည်။ ဤသို့ပေးချေ ခဲ့ရကြောင်း စာရေးသူ ကိုယ်တိုင် ကြုံတွေ့ ဆောင်ရွက်ခဲ့ပါသည်။ လွန်ခဲ့သော ၃၃ နှစ်က ဖြစ်ပါသည်။ မြန်မာနိုင်ငံ ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ အစိုးရကိုယ်စားလှယ် အဖြစ် သွား ရောက်ခဲ့ရာ ဝန်ကြီးဌာန ၁၀ ခုက ကိုယ်စား လှယ် ၁၁ ဦး သွားရောက်ရသည်။ ကုန်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက အဖွဲ့ ခေါင်းဆောင်ဖြစ်၍ စာရေးသူက အဖွဲ့ အတွင်း ရေးမှူးဖြစ်သည်။
ဟောင်ကောင်တွင် နှစ်ည အိပ် ရပ်နားစဉ် Lee Garden Hotel ၌ တည်းခိုရသည်။ ၁၁ ဦးစာ ဟိုတယ်အခန်းငှားခကို ပေးချေသောအခါ စာရေးသူက အမေရိကန် ဒေါ်လာ ပါသွားသည်နှင့် ပေးချေရာ၊ ဟောင်ကောင်ဒေါ်လာနှင့်သာ ပေးချေရန် မေတ္တာရပ်ခံသဖြင့် Money Changer တွင် အမေရိကန်ဒေါ်လာကို သွားလဲပြီးမှ ဟောင်ကောင်ဒေါ်လာနှင့် ငွေချေခဲ့ရသည်။ အလားတူ တရုတ်ပြည်ရောက်သော အခါ တည်းခိုခများစွာအတွက် Money Changer တွင် တရုတ်ယွမ်ငွေ (ရင်မင်ပီ) ရအောင် အမေရိကန်ဒေါ်လာနှင့် လဲပြီးမှ ဟိုတယ်ခ ငွေချေခဲ့ရပါသည်။ အဖွဲ့ဝင် ၁၁ ဦး စားသောက်ရန်နှင့် ကုန်ပစ္စည်းများ ဝယ်ယူရန် အတွက် အမေရိကန်ဒေါ်လာများကို ဟောင်ကောင် ဒေါ်လာနှင့် တရုတ်ယွမ်ငွေ များအဖြစ် လဲလှယ်ပြီးမှ လိုရာကို ဝယ်ယူခဲ့ရ ပါသည်။ အပြန်တွင် လက်ကျန် ယွမ်ငွေ နှင့် ဟောင်ကောင် ဒေါ်လာတို့ကို အမေရိကန် ဒေါ်လာနှင့် ပြန်လဲလှယ်ခဲ့ရပါသည်။ အလားတူ ဘန်ကောက်သို့ အစိုးရ လွှတ်၍ ခြောက်ခေါက်ရောက်ဖူးရာ လေဆိပ်ရောက်သဖြင့် ဒေါ်လာနှင့် ဘတ်ငွေလဲလှယ်ရသည်။ လေဆိပ်တွင် စားသောက်ရာတွင်လည်းကောင်း အငှားကားဖြင့် မြို့ထဲသွားရာတွင် လည်းကောင်း တည်းခိုခ၊ ပစ္စည်းဝယ်ခပါ အားလုံး ဘတ်ငွေနှင့်သာ ပေးချေရသည်။
ငွေလဲလှယ်ရေးငှာနများကို လေဆိပ်တွင် လည်း တွေ့နိုင်သည်။ ဟိုတယ်တွင်၊ ကုန်တိုက် တွင်၊ လမ်းဘေးတွင်လည်း တွေ့ရှိရပါသည်။ အစိုးရလွှတ်၍ ဆွေးနွေးပွဲများ တက်ရန် ဥရောပလေးနိုင်ငံကို ရောက်ခဲ့ရာ နယ်သာလန်တွင် ဂီလ်ဒါ၊ ဂျာမနီတွင် ဒွိုက်မတ် စသဖြင့် ကြုံရာ Money Changer များတွင် ဒေါ်လာနှင့် လဲလှယ်ပြီးမှ လိုအပ်သမျှ ဝယ်ယူခြင်း၊ ပေးချေခြင်းများ လုပ်ခဲ့ပါသည်။ အမေရိကန်ဒေါ်လာကိုင်၍ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာ၊ ဂျပန်၊ မလေးရှား၊ စင်ကာပူ စသော နိုင်ငံများသို့ ရောက်တိုင်း Money Changer များတွင် ဆိုင်ရာနိုင်ငံ၏ ငွေဖြင့်လဲလှယ်ပြီး ပေးချေခဲ့ရသော အတွေ့အကြုံရှိပါသည်။ သို့သော် ကွာခြားချက်များစွာ ရှိပါသည်။ မြန်မာနိုင်ငံတွင် ဩညနပ ဃ့ညေါနမ များသို့ ငွေသွားလဲရာတွင် စတင်ခါစအချိန်များက ဆို လျှင် တစ်နေရာတွင် တစ်နေ့ ဒေါ်လာ ၅၀၀ သာ လဲနိုင်ခြင်း၊ လဲသောအခါ ရှေ့ကောင်တာက စာရေးမနှစ်ဦးက ဒေါ်လာငွေစက္ကူကို အပြန်ပြန် အလှန်လှန်ကြည့်၍ အစွန်း၊ ခေါက်ရာ အနည်း ငယ်ရှိလျှင် လက်မခံဘဲ ပယ်ရုံသာမက ထိုစစ်ပြီး သားကို နောက်က မှန်ခန်းထဲရှိ မန်နေဂျာထံ သွားတင်ထားပြီး ထပ်စစ်ထပ်ပယ်ပြီး မှ လဲခွင့်ရသည်။ အစားပေးစရာ မရှိပါက ပယ်ခံရသမျှ လျော့နည်းသွားသည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် ဒေါ်လာရောင်းဝယ်လဲလှယ်ရာ၌ ပထမ လိုသလောက် ရောင်း/ဝယ် ၍ မရခြင်း၊ ဒုတိယ စက္ကူလုံး၀ အစွန်း၊ အရာ၊ အကြေအခေါက်မရှိမှ လက်ခံခြင်း စသော အခက်အခဲများရှိသည်။ ယခု နောက်ပိုင်း ပုဂ္ဂလိက Money Changer အချို့ က ဒေါ်လာ စက္ကူတွင် ခဲခြစ်ရာ၊ ခဲလက်မှတ်၊ တံဆိပ်ကလေး၊ မင်အစွန်းအစက်ကလေး နည်းနည်းပါလျှင် လက်ခံသော်လည်း ကောင်း မကောင်းပေါ် မူတည်၍ တစ်ဒေါ်လာ ငါးကျပ်မှ ၁၀ ကျပ် အထိ လျှော့၍ ငွေချေသည်။ ၅၀ တန်ဆို ဘယ် လောက်၊ ၂၀ တန်၊ ၁၀ တန်၊ ငါးကျပ်တန် ဘယ်လောက် စသဖြင့် လျှော့၍ငွေချေသည်။ ယခင်က လမ်းဘေးမှောင်ခိုတွင် အတော် နွမ်းသည့် ဒေါ်လာငွေစက္ကူကို လျှော့ဈေးဖြင့် ရောင်း၍ရသော်လည်း ယခုနောက်ပိုင်း အတော်နွမ်းလျှင် ရောင်းစရာ နေရာမရှိ၊ ဝယ် မည့်သူမရှိ ဖြစ်ရသည်။
ယခင်က လက်ခံခြင်း မှာ အဆိုပါ လမ်းဘေးမှောင်ခိုများက အနွမ်း အဟောင်းကို ဝယ်ပြီး နယ်စပ်ကတစ်ဆင့် ထိုင်း နိုင်ငံဘက်သွား၍ ရောင်းနိုင်သောကြောင့် ဖြစ်သည်။ ယခုအခါ အဖမ်းအဆီး အကျပ် အတည်းများ အပိတ်အဆို့များရှိ၍ အတော်နွမ်း သော ဒေါ်လာများ ပိုက်ဘောမိနေကြရသည်။ ဗဟိုဘဏ်က အသင့်အတင့်လက်ခံနိုင် သော အမေရိကန်ဒေါ်လာ များကို တရားဝင် Money Changer များနှင့် ဘဏ်များက လက်ခံ ရန် ညွှန်ကြားထားသော် လည်း လက်မခံကြပါ။
စုံစမ်းသောအခါ စင်ကာပူဘဏ်က လက်မခံ၍ ဖြစ်သည်ဟု အဖြေရသည်။ စင်ကာပူဘဏ်ကို ကြားခံ၍ မြန်မာဘဏ်များ အမေရိကန် ဒေါ်လာ အပေးအယူလုပ်ကြရသည်။ အခြား ဟောင်ကောင် စသည်တို့မှတစ်ဆင့်လည်း လုပ်ကြရသည်။ ထိုနိုင်ငံ ထိုဘဏ်များက ရစ်သလောက်၊ ကျပ်သလောက် မြန်မာဘဏ် များ အောက်စည်းက ဆက်ဆံလိုက်နာနေကြ ရသည်။ အကြောင်းရင်းကား အမေရိကန် တို့၏ စီးပွားရေးပိတ်ဆို့မှု Lift ခေါ် လုံး၀ မပယ်ဖျက်သေးသောကြောင့် ဖြစ်သည်။ New York City Bank ကတစ်ဆင့် တရားဝင် ငွေကြေး အပေးအယူ လုပ်ခွင့်ရသော စီးပွား ရေး ပိတ်ဆို့မှု အလျှင်းပယ်ဖျက်ပြီးသောအခါ အမေရိကန်ဒေါ်လာ အဟောင်းများ အမေ ရိကန်တို့ တာဝန်ယူပေးမည် ဖြစ်သည်။ ယခု ပြည်တွင်း၌ ဒေါ်လာနှင့် ငွေမပေးချေ ရဟုဆိုသော်လည်း စင်ကာပူသံရုံး စသည့် နိုင်ငံခြားက မြန်မာပြည်တွင် လာဖွင့်ထားသည့် သံရုံးများက ဗီဇာကြေးကို အမေရိကန် ဒေါ်လာနှင့် ပေးချေခိုင်းနေသည်မှာ မှန်၏ လောဟု မေးသူက မေးသည်။ စာရေးသူက သံရုံးသည် နိုင်ငံခြားပင် ဖြစ်သည်။ သံတမန် များ အမှုဖြစ်လျှင်ပင် ထိုနိုင်ငံ၏ ဥပဒေနှင့် အရေးယူရန် လွှဲအပ်ရသည်။
ထို့ကြောင့် သံရုံးက မြန်မာ ယာဉ်မောင်းများ ခန့်သည်ကို ဒေါ်လာနှင့် လစာပေးသည်။ ဒိုဘီပေးသည်၊ အဝတ်လျှော်သည် စသော အလုပ်သမားများ ပင် ဒေါ်လာနှင့် ပေးသည်မှာ နိုင်ငံခြား သံရုံးမို့ ဖြစ်သည်ဟု ဖြေမိသည်။ သို့ဆိုလျှင် နိုင်ငံခြားက ရုံးခွဲလာဖွင့်သော နိုင်ငံခြားတက္ကသိုလ်ဝင်ခွင့်အတွက် ဝင်ကြေးကို ဒေါ်လာနှင့် တောင်းနေသည်မှာ မှန်ကန်လော ဟု မေးသူရှိသည်။ သံရုံးမဟုတ်၍ မမှန်ပါ။ မြန်မာနိုင်ငံထဲ ရုံးခွဲလာဖွင့်၍ မြန်မာကျပ်နှင့် ပေးချေသည်ကို လက်ခံရပါမည်ဟု ဖြေရသည်။
ယနေ့ဘဏ်နှင့် Money Changer များတွင် အမေရိကန်ဒေါ်လာ အဟောင်းအနွမ်းများ လက်မခံနိုင်သည့်ကိစ္စ မည်သို့ ဖြေရှင်း မည်နည်းဟု မေးရန်ရှိသည်။ အကယ်၍ ဗဟို ဘဏ်က သုံး၍ရသည်ဟု နိုင်ငံတကာ သတ် မှတ်ချက်နှင့်အညီဖြစ်သော ဒေါ်လာငွေ စက္ကူ များကို ဘဏ်များနှင့် ပုဂ္ဂလိကများက လာ ရောက်၍ အသစ်နှင့် လဲလှယ်ပါက လဲလှယ် ပေးနိုင်သော အင်အားရှိလျှင် ဤကိစ္စဖြေရှင်း နိုင်ပါသည်။ ဗဟိုဘဏ်သည် အမေရိကန် ဒေါ်လာ အဟောင်းနှင့်အသစ် လဲလှယ်ပေး သည့် ကောင်တာများကို ဖွင့်လှစ်ပြီး လဲလှယ် ပေးနေရန် ဖြစ်သည်။ ဗဟိုဘဏ်ဟူသည် ဘဏ်များ၏ ဘဏ် ဖြစ်သည်နှင့်အညီဘဏ်များက လက်ခံရရှိ သော ဒေါ်လာအဟောင်းများကိုလည်း အသစ် နှင့် လဲလှယ်ပေးနိုင်ရမည် ဖြစ်သည်။
ဤသို့ အဟောင်းများကို တာဝန်ယူလက်ခံပြီး ကမ္ဘာ့ ဘဏ် အစရှိသော ဘဏ်ကြီးများနှင့် အချိတ် အဆက် ရယူ၍ ဗဟိုဘဏ်က ရရှိသမျှ အမေ ရိကန် ဒေါ်လာအဟောင်းများကို ထိုနိုင်ငံတကာ ငွေကြေးဆိုင်ရာ Institution နှင့် ဆက်သွယ် လဲလှယ်ပေးနိုင်ရမည် ဖြစ်လေသည်။
Ref : Myanmar Times
Photo Credit : Myanmar Times
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties