By Kumudra, Shweproperty.com
Updated at 19 February 2019
ဝင်ငွေနည်းပြည်သူတွေ အိမ်ရာပိုင်ဆိုင်ခွင့်ရရှိစေရေး ဂျပန်နိုင်ငံ ODA LOAN အစီအစဉ်နဲ့ အတိုးနှုန်းသက်သာတဲ့ နှစ်ရှည်အိမ်ရာချေးငွေနဲ့ ရောင်းချပေးမှာဖြစ်ပါတယ်။
ရောင်းချမယ့် အိမ်ရာစီမံကိန်း တွေမှာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ထားတဲ့ တန်ဖိုးနည်းအိမ်ရာစီမံကိန်းတွေဖြစ်တဲ့ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ ယုဇနအိမ်ရာအပိုင်း (၁)၊ (၂) နဲ့ ကနောင်အိမ်ရာ၊ လှိုင်သာယာမြို့နယ်ရှိ ထီးလှိုင်အိမ်ရာစီမံကိန်းတွေ ဖြစ်ပါတယ်။
CHID ဘဏ်မှာ အိမ်ရာစုဆောင်းငွေစာရင်းဖွင့်လှစ်ထားသူတွေထဲက ဇန်နဝါရီလ ၃၁ ရက်နေ့အထိ အိမ်ရာစုဆောင်းငွေပြည့်မီသူတွေမှာ အိမ်ရာစီမံကိန်းတွေက အခန်းတွေကို လျှောက်ထားဝယ်ယူနိုင်မှာပါ။ အိမ်ရာစုဆောင်း ငွေပြည့်မီသူတွေရဲ့ အမည်စာရင်းနဲ့ ရောင်းချမယ့်အစီအစဉ် တွေကို အမှတ် (၂၂၈/၂၃၄) ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗိုလ်တထောင်မြို့နယ် ရန်ကုန်မြို့မှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကစပြီး အသိပေးသွားမှာဖြစ်ပါတယ်။
အိမ်ရာစီမံကိန်းတွေရှိ တန်ဖိုးသင့်၊ တန်ဖိုးနည်းအခန်းတွေကို အိမ်ရာချေးငွေနဲ့ ဝယ်ယူလိုသူတွေမှာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ၂၂ ရက်နေ့အတွင်း ဌာနကို ဝယ်ယူလိုတဲ့ အိမ်ရာစီမံကိန်းမှာ ပါဝင်တဲ့ အဆောက်အအုံအမျိုးအစားအလိုက် စာရင်းပေးသွင်းရမှာ ဖြစ်ပါတယ်။ Down payment Sr.No မှတ်သားလာရမှာပါ။
စာရင်းပေးသွင်းလာသူတွေထဲက ရောင်းချဖို့လျာထားတဲ့ အခန်းအရေအတွက်ပေါ် အခြေခံပြီး ဆောက်လုပ်ရေး၊ အိမ်ရာနဲ့ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်ရဲ့ အိမ်ရာစုဆောင်းငွေစာရင်းအမှတ်အလိုက် မဲနှိုက်ဝယ်ယူခွင့်ရရှိ သူ တွေရဲ့ အမှတ်စာရင်းကို ဖေ ဖော်ဝါရီလ ၂၆ ရက်နေ့မှာ ရန်ကုန်မြို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှာ ပြန်လည်အသိပေးကြေညာမှာ ဖြစ်ပါတယ်။
မဲနှိုက်ဝယ်ယူခွင့်ရရှိသူတွေ အမည်စာရင်းမှာပါဝင်သူတွေမှာ မှတ်ပုံတင်မူရင်း၊ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ အိမ်ရာစုဆောင်းငွေစာအုပ်မူရင်း၊ အိမ်ရာစုဆောင်းငွေစာအုပ်မိတ္တူနဲ့အတူ ရန်ကုန်မြို့၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှာ ဖေဖော်ဝါရီ ၂၆ ရက်နေ့ကနေ မတ်လ ၄ ရက်နေ့အထိ မှတ်ပုံတင်စာရင်းပေးသွင်းရမှာ ဖြစ်ပါတယ်။
အမည်စာရင်းမှာပါဝင်သူတွေကို မတ်လ ပထမပတ်မှာ မဲနှိုက် ရောင်းချမှာဖြစ်ပြီး မဲနှိုက်ရမယ့်နေ့ မှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ထပ်မံအသိပေးကြေညာမှာဖြစ် ပါတယ်။ အခန်းမဲနှိုက်မယ့်နေ့မှာ ဘဏ်စုငွေစာရင်းအမှတ်စU်အတိုင်း အဆောက်အအုံ တစ်မျိုးချင်းစီအလိုက် မဲနှိုက်ရောင်းချပေး သွားမှာပါ။ လျှောက်ထားသူကိုယ်တိုင် မလာရောက်နိုင်ရင် ဌာနက တာဝန်ရှိသူတွေက အခန်းမဲနှိုက်ပေးမှာပါ။ မဲပေါက်တဲ့ အခန်းဝယ် သူအချင်းချင်း လဲလှယ်လိုရင်လည်း အ ဲသည်နေ့မှာသာ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
မဲပေါက်တဲ့အခန်းကို ဝယ်ယူ ဖို့မရှိဘဲ ပြန်အပ်နှံပါက နောက်တစ်ကြိမ်အခန်း မဲနှိုက်ရောင်းချပေးတဲ့အခါ down payment Sr.No အလိုက်ထည့်သွင်းစဉ်းစားမှာ မဟုတ်ပါ။ အခန်းဝယ်ယူခွင့်ရရှိသူတွေမှာ မဲနှိုက်ရောင်းချပြီး သီတင်းတစ်ပတ်အတွင်း မိမိတို့ ဘဏ်စာရင်းဖွင့်လှစ်ထားတဲ့ ဘဏ်ခွဲတွေကို လိုအပ်တဲ့ အထောက်အထားအပြည့်အစုံနဲ့ အတူချေးငွေရရှိစေဖို့ တင်ပြလျှောက်ထားရမှာဖြစ်ပြီး လျှောက်ထား ခြင်းမရှိရင် ပယ်ပျက်မှာဖြစ်ပါတယ်။ ဘဏ်က ချေးငွေ ခွင့်ပြုနိုင်ခြင်းမရှိရင် အိမ်ရာဝယ်ယူခွင့်ပယ်ပျက်မှာ ဖြစ်ပါတယ်။
ချေးငွေရယူဖို့
ချေးငွေနဲ့ ဝယ်ယူလိုသူတွေ အနေနဲ့ ချေးငွေရယူရန်အတွက် ဆောက်လုပ်ရေး၊ အိမ်ရာနဲ့ အခြေခံအဆောက်အအုံဘဏ်က JICA ODA Loan အစီအစဉ်နဲ့ အိမ်ရာချေးငွေလျှောက်ထားလိုသူတွေကို စိစစ်ခြင်းကိစ္စရပ်တွေကို ကြိုတင် သိရှိစေဖို့ အသိပေးကြေညာစာတွေကို ဖတ်ရှုထားရမှာပါ။
တန်ဖိုးသင့်/နည်းတိုက်ခန်း ရောင်းချပြီးနောက် ဝယ်ယူခွင့်ရရှိသူတွေမှာ အိမ်ရာချေးငွေလျှောက်ထားရာမှာ လိုအပ်တဲ့အထောက်အထားအပြည့်အစုံကို မိမိတို့စာရင်းဖွင့်လှစ်ထားတဲ့ဘဏ်ကို ပေးပို့တင်ပြလျှောက်ထားဖို့နဲ့ တစ်ပတ်အတွင်း လျှောက်ထားခွင့်မရှိသူတွေကို ဝယ်ယူခွင့်ပယ်ပျက်မှာ ဖြစ်ပြီးဘဏ်က ချေးငွေခွင့်ပြုနိုင်သူတွေကိုသာ အိမ်ရာချေးငွေနှင့် ဝယ်ယူခြင်းကို အတည်ပြုပေးမှာ ဖြစ်ပါတယ်။
အိမ်ရာချေးငွေနဲ့ ဝယ်ယူလို သူတွေမှာ အိမ်ရာစုဆောင်းငွေစာရင်းဖွင့်လှစ်ထားတဲ့ အမည်နဲ့သာ ဝယ်ယူခွင့်ရရှိမှာဖြစ်ပြီး အမည်ပြောင်းလဲကာ ချေးငွေရယူခြင်း (လုံးဝ) ခွင့်မပြုကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သိရပါတယ်။
JICA ODA Loan အစီအစဉ်နဲ့ အိမ်ရာလျှောက်ထားသူတွေမှာ ကနဦး (down payments) အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပေးသွင်းကာ ချေးငွေအများဆုံး ၇၀ ရာခိုင်နှုန်းအထိရရှိနိုင်မှာပါ။ ချေးငွေကာလမှာ ၁၅ နှစ်ဖြစ်ပြီး အတိုးနှုန်း ၈ .၅ ရာခိုင်နှုန်းဖြစ်ကာ ဘဏ်ဝန်ဆောင်ခ(ချေးငွေကာလ တစ်ခုလုံးအတွက် တစ်ကြိမ်/ချေးငွေအပေါ် တစ်ရာခိုင်နှုန်းပေးသွင်းရမှာပါ၊ အိမ်ရာချေးငွေစိစစ်ရာမှာ ငွေချေးသူရဲ့ဝင်ငွေခိုင်မာမှုနဲ့ ပြန်လည်ပေးဆပ်မှုပေါ်မူတည်ပြီး ကနဦးပေးသွင်းငွေနဲ့ ချေးငွေပမာဏ သတ်မှတ်ပေးမှာပါ။
ချေးငွေလျှောက်တဲ့အခါ ဘဏ်ကို တင်ပြရမယ့်အချက်တွေမှာ ချေးငွေလျှောက်လွှာ၊ ငွေချေးသူရဲ့ ဓာတ်ပုံနှစ်ပုံ၊ နိုင်ငံသားစိ စစ်ရေးကတ်နဲ့ သန်းခေါင်စာရင်း မိတ္တူ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက်၊ ပြစ်မှုကင်းရှင်းကြောင်း မြို့နယ်ရဲစခန်းထောက်ခံချက်၊ စုဆောင်းငွေစာရင်းအမှတ်၊ စုဆောင်းငွေပမာဏ၊ ငွေစုစာအုပ်မိတ္တူ၊ ဝင်ငွေအထောက်အထား မူရင်းတွေပါရှိရမှာပါ။
အစိုးရဝန်ထမ်းဖြစ်ရင် ဌာနဆိုင်ရာအကြီးအကဲထောက်ခံချက်၊ ကုမπဏီဝန်ထမ်းဖြစ်ရင် ကုမ္ဗဏီအကြီးအကဲထောက်ခံချက်မူရင်း၊ အငြိမ်းစားဝန်ထမ်းဖြစ်ရင် အနီးဆုံး ခြောက်လစာ (အငြိမ်းစားလစာ)၊ ပြေစာမူရင်း အငြိမ်းစားလစာ ထုတ်ယူခွင့်စာအုပ်မိတ္တူ ရှိရမှာပါ။
ငွေပေးချေသူဟာ ကိုယ်ပိုင်လုပ်ငန်း၊ ဝင်ငွေနည်းသူဖြစ်ပါက လုပ်ငန်းနဲ့သက်ဆိုင်တဲ့ အထောက်အထား (ဥပမာ-စည်ပင်လိုင်စင်၊ လုပ်ငန်းလိုင်စင်နဲ့ လုပ်ငန်းပြဓာတ်ပုံတွေ) ဝင်ငွေရရှိတဲ့ အလုပ်လုပ်ကိုင်ကြောင်း ထောက်ခံချက်၊ ကုမ္ဗဏီပိုင်ရှင်ဖြစ်ရင် ကုမ္မဏီမှတ်ပုံတင် (သက်တမ်းရှိ) မိတ္တူ၊ Form VI, XXVI အစည်းအဝေး ဆုံးဖြတ်ချက်မိတ္တူ၊ လုပ်ငန်းဓာတ်ပုံ၊ လက်မှတ်ရ ပြည်သူ့စာရင်းကိုင် (CPA) လက်မှတ်ရေး ထိုးထားတဲ့အရှုံးအမြတ်စာရင်း၊ ဘဏ္ဍာရေးရှင်းတမ်းအနီးဆုံး နှစ်နှစ်စာ၊ ဝင်ငွေခွန်ပြေစာမိတ္တူ၊ တစ် နှစ်စာကိုယ်ပိုင်လုပ်ငန်းဖြစ်ရင် သက်တမ်းရှိလုပ်ငန်းလိုင်စင် မိတ္တူ၊ အခွန်ပြေစာ၊ ဝင်ငွေအရှုံးအမြတ်စာရင်း၊ အနီးဆုံး တစ်နှစ်စာလုပ်ငန်းဓာတ်ပုံတွေ ပါရှိရမယ်လို့ သိရပါတယ်။
Ref & Photo Credit : Kumudra
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties