By The Kumudra, Shweproperty.com
Updated at 4 June 2015
အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ်ကျဆင်းမှုတွေ ဖြစ်တနေပေမယ့်လည်း နှစ်ရှည်ချေးငွေနဲ့ တိုက်ခန်းရောင်းချမှုကိုတော့ ဝယ်လက်တွေစိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
"နှစ်ရှည်ချေးငွေနဲ့ ရောင်းတာကို ဝယ်လက်တွေက (၅) နှစ်အထက် စီမံကိန်းတွေကို အဓိကစိတ်ဝင်စားတယ်၊ နောက်ပိုင်းက တချို့အိမ်ခန်းတွေဆိုရင် (၁၀) နှစ်လောက်အထိအရစ်ကျပေးတော့ ပုံမှန်ဝင်ငွေရှိတဲ့ လူလတ်တန်းစားတွေ ကြိုက်ကြတယ်"လို့ ဧကရီတိုက်ခန်းကြိုပွိုင့်တိုက်ခန်းအကျိုးဆောင် မသီတာကပြောပါတယ်။
ဘယ်နှနှစ်လဲ
ယခင်က ကြိုပွိုင့်တိုက်ခန်းတွေရဲ့ဈေးနှုန်းတွေဟာ ကျပ်သိန်း (၂၀၀) မှ ကျပ်သိန်း (၁၀၀၀) ကျော်လောက်အထိ ပေါက်ဈေးရှိပြီး အရစ်ကျပေးချေရတဲ့ နှစ်ကန့်သတ်ချက်တွေဟာလည်း နှစ်နှစ်မှ သုံးနှစ်လောက် အထိသာရှိပါတယ်။ ဒါပေမယ့် အရောင်းအဝယ်အေးပြီး ဝယ်လက်ပျောက်သွားတဲ့ အနေအထားတွေကြောင့် ကြိုပွိုင့်ရောင်းချတဲ့ ကန်ထရိုက်တာအများစုဟာ ကြိုပွိုင့်တိုက်ခန်း အရစ်ကျနှစ်ကို (၅) နှစ်မှ (၁၀) နှစ် လောက်အထိ ပေးချေခွင့်ပြုပြီး ရောင်းချတာတွေကြောင့် ငွေကြေးတတ်နိုင်တဲ့ လူအများစုဟာ ယခုလိုတိုက်ခန်းတွေကို စိတ်ဝင်စားလာကြတာဖြစ်ပါတယ်။
အရစ်ကျပေးချေခွင့်ကို သာမန်တိုက်ခန်း တွေမှာတော့ အများဆုံး သိန်း (၂၀) မှ အနည်းဆုံး (၆) သိန်း လောက်အထိ သတ်မှတ်ထားပြီး အရစ်ကျကိုလည်း အများဆုံးငါးနှစ်လောက်အထိ ချေးငွေပုံစံနဲ့ ဆပ်ခွင့်ပြုထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆင့်မြင့်ကွန်ဒိုတိုက်ခန်းတွေကိုလည်း (၁၀) နှစ်အရစ်ကျစနစ်နဲ့ တစ်လ (၈) သိန်းသွင်း ရောင်းချနေတာတွေ ရှိတာကြောင့် ဝယ်ယူသူတွေအနေနဲ့ ငွေအကြေမပေးသွင်းခင်မှာပင် အိမ်ငှားတင်ပြီး အကျေဆပ်ခွင့်ပေးတာကြောင့် ငွေကြေးတတ်နိုင်သူအများစုဟာ ယခုလိုတိုက်ခန်းတွေကို စိတ်ဝင်စားလာကြတာ ဖြစ်ပါတယ်။
"အခုကြိုပွိုင့်တွေက ငွေမကျေခင် အခန်းအပ်တော့ ပိုအဆင်ပြေတယ်၊ ကိုယ့်ငွေသွင်းရင်းနဲ့ တခါတည်း နေလို့ရတော့ အိမ်ငှားခပိုမကုန်တော့ဘူး"လို့ သင်္ဃန်းကျွန်းမြို့နယ်မှာနေထိုင်တဲ့ အခန်းကြိုပွိုင့် ဝယ်ယူသူတစ်ဦးက ပြောပါတယ်။
နှစ်ရှည်အရစ်ကျစိစစ်ပါ
လက်ရှိရောင်းချနေတဲ့ နှစ်ရှည်အရစ်ကျတိုက်ခန်းဝယ်ယူသူတွေအနေနဲ့ သေချာသက်သေ အထောက်အထား စစ်ဆေးပြီးမှ ဝယ်ယူသင့်တယ်လို့ ဥပဒေပညာရှင်တချို့က ပြောပါတယ်။ တချို့ရောင်းချနေတဲ့ စီမံကိန်းတွေဟာ သက်ဆိုင်ရာဌာနက ဆောက်လုပ်ခွင့် ပါမစ်မကျသေးတဲ့ တိုက်ခန်းတွေရှိနေတာကြောင့် အရစ်ကျဝယ်ယူသူတွေဘက်က စာချုပ်စာတမ်းကို အချိန် (ပြီးစီးချိန်ကို) ထည့်သွင်းချုပ်ဆိုသင့်တယ်။ ဒါ့အပြင် စီမံကိန်းက သတ်မှတ်ထားတဲ့တိုက် (အဆောက်အအုံ) အမြင့်ပေနဲ့ သတ်မှတ်ထားတဲ့တိုက် (အဆောက်အအုံ) အမြင့်ပေနဲ့ သတ်ဆိုင်ရာဌာနက ခွင့်ပြုတဲ့ အမြင့်ပေ၊ ပုံစံဒီဇိုင်း ကွာခြားမှုရှိနိုင်လို့ ဝယ်ယူသူတွေဘက် ဆောက်လုပ်ခွင့်လိုင်စင်ကျပြီးသား တိုက်ကိုသာ ဝယ်ယူသင့်တယ်လို့ သိရပါတယ်။
"တချို့အခန်းတွေက ကြိုပွိုင့်မှာကို (၂၀) ရာခိုင်နှုန်းလောက်သွင်းရတယ်၊ တကယ်ဆိုမြေပြင်လုပ်ငန်း ပြီးစီးချိန်မှ စောင့်ကြည့်ပြီး ဝယ်သင့်တယ်"လို့ ဥပဒေပညာရှင်တစ်ဦးက ပြောပါတယ်။
Ref : Kumudra
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties