By Yangon Media Group, Shweproperty.com
Updated at 13 July 2017
အင်မတန် သက်သာသောဈေးနှုန်းများဖြင့် နှစ်ရှည်မြေငှားရမ်းထားပြီး ရင်းနှီးမြှုပ်နှံ မှုမလုပ်သဖြင့် အခွန်ရလမ်းပိတ်နေ ကြောင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများလာပါက ပေါင်းစားလို့ရအောင် နေရာဦးထားကြသူများနေသဖြင့် စိစစ်ရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောသည်။ ဇူလိုင် ၁၁ ရက် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုအစိုးရအဖွဲ့ မှပေးပို့သော ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ဒုတိယခြောက်လပတ်လျာထားချက်အပေါ် အခွန်ကောက်ခံရရှိမှု အခြေအနေနှင့်စပ်လျဉ်းပြီး ပြည်သူ့ ငွေစာရင်းပူးပေါင်းကော်မတီ၏လေ့လာတွေ့ရှိချက်အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ်များဆွေး နွေးရာ ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒေါ်ခင်စန်းလှိုင်က အခွန်ရငွေ ပိုင်းနှင့်ပတ်သက်ပြီး နိုင်ငံပိုင်ဟိုတယ် လုပ်ငန်းတွင် ရသင့်ရထိုက်သည်ထက် နည်းလွန်းနေသဖြင့် ပြန်လည်စိစစ် ရန်အကြံပြုခဲ့သည်။ ''ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနရဲ့ အခွန်တွေ၊ လိုင်စင် ကြေးတွေ၊ ငှားရမ်းခတွေကို ဖော်ပြလိုပါတယ်။ ဌာနအနေနဲ့ ကြိုးစားမှုကြောင့် အခွန်ဝင်ငွေ နှစ်ဆလောက်နီးနီးတိုး တက်လာတာကို ကျေနပ်စရာတွေ့ရ ပါတယ်။ ဒါပေမဲ့ ငှားရမ်းလုပ်ကိုင် နေတဲ့နိုင်ငံပိုင် ဟိုတယ်လုပ်ငန်းတွေ ကိုကြည့်တဲ့အခါ အချို့မှာရသင့်တာထက် နည်းလွန်းနေတာတွေ၊ တကယ်အလုပ်မလုပ်တာ၊ ကြွေးကျန်များလွန်း နေတာတွေ့ရတာမို့လို့ ပြန်လည်စိစစ်ပြီးဆောင်ရွက်ဖို့ ပြည်ထောင်စုလွှတ် တော်ကြီးကနေ အကြံပြုလိုပါတယ်''ဟု ဒေါ်ခင်စန်းလှိုင်ကဆိုသည်။ ဥပမာအနေဖြင့် ရန်ကုန်မြို့ ကရဝိက်ခန်းမကို တစ်နှစ်ငှားရမ်းခ ကျပ် ၃၅ သန်းဖြင့် ၂ဝ၁၉ ခုနှစ်အထိ ငှားရမ်းထားခြင်း၊ လက်ခုပ်ကုန်းကမ်း ခြေဟိုတယ်ကို တစ်နှစ်သန်း ၂ဝ ဖြင့် ငှားရမ်းထားခြင်း၊ ပြင်ဦးလွင်ရှိ နန်း မြိုင်ဟိုတယ်မှ ကြွေးသိန်းပေါင်း ၁၂ဝဝဝ ကျော်ရရန်ရှိခြင်း စသည်များကို ပြန် လည် စိစစ်ငှားရမ်းခြင်းများပြုလုပ် ရန် ဒေါ်ခင်စန်းလှိုင်က ပြောသည်။
''အလျဉ်းသင့်လို့ပြောရမယ်ဆိုရင် ဒီဟိုတယ်လုပ်ငန်းမှမဟုတ်ပါဘူး။ အခြားသောပြည်ထောင်စုဝန်ကြီးဌာနတွေမှာလည်းပဲ အင်မတန်သက်သာတဲ့ဈေးနှုန်းနဲ့ နှစ်ရှည်မြေငှားထားတာတွေ၊ ဒီထက်ဆိုးတာက အဲဒီ မြေပေါ်မှာ ကတိကဝတ်အတိုင်း ရင်းနှီးမြှုပ်နှံမှုမလုပ်တာတွေက အခွန်ရလမ်းကို ပိတ်ဆို့နေတာဖြစ်ပါတယ်။ ဒီလိုလုပ်ငန်းတွေကိုသာ အကောင်အထည်ဖော်နိုင်ခဲ့မယ်ဆိုရင် အလုပ်အကိုင်အခွင့်အလမ်းတွေရလာမယ်။ မြေ၊ ရေ၊ လျှပ်စစ်အခြားအသုံးချမှုအလိုက် အခွန်တွေရမယ်။ ထုတ်ကုန်တွေအလိုက် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အကောက်ခွန်တွေရမှာ ဖြစ်ပါတယ်။ တစ်နေ့နေ့တစ်ချိန်ချိန် မှာ ပြည်ပရင်းနှီးမြှုပ်နှံသူတွေလာရင် ပေါင်းစားလို့ရအောင် နေရာဦးထားကြတဲ့သူတွေသာများနေတာရှိပါတယ်။ ဒါတွေကိုစိစစ်ပြီး အမှန်တကယ်ရင်းနှီးမြှုပ်နှံလိုသူတွေကို ပေးမယ်ဆိုရင် တိုင်းပြည်အတွက်လည်းအကျိုးရှိမယ်''ဟု ဒေါ်ခင်စန်းလှိုင်က ထပ်လောင်းပြောကြားခဲ့သည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက ''ပြင်သင့်ပြင်ထိုက်တဲ့ကိစ္စတွေ ကိုပြင်ဖို့ကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်''ဟု ဒေါ်ခင်စန်းလှိုင်၏ ဆွေးနွေးချက်အပေါ် ပြန်လည်ရှင်းလင်းခဲ့သည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးတင်ထွန်းနိုင်က အစိုးရအ နေဖြင့် အခွန်ကောက်ခံမှုအပိုင်းကို ကြိုးစားဖော်ဆောင်သင့်ပြီး အခွန်တိမ်းရှောင်မှုများကို ကြိုးစားဖော် ထုတ်သင့်ကြောင်း အကြံပြုဆွေးနွေးခဲ့သည်။ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ပြုပြင်ပြီး ရည်မှန်းချက် ကျပ် ၆၅၁၂ ဘီလီယံဖြစ်ပြီး အမှန်ကောက်ခံရရှိ မှုမှာ ၇၁၂၂ ဘီလီယံရှိကာ တစ်နှစ်လုံးရည်မှန်းချက်အပေါ် ၁ဝ၉ ဒသမ ၃ ရာခိုင်နှုန်းဆောင်ရွက်နိုင် ကြောင်းသိရသည်။
Ref & Photo Credit : Yangon Media Group
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties