By The Kumudra, Shweproperty.com
Updated at 24 June 2015
ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး ကန်ထရိုက်တာတွေကို အစိုးရက ငွေထုတ်ချေးတာထက် အခန်းဝယ်ယူသူတွေကို နှစ်ရှည်ချေးငွေ ထုတ်ချေးသင့်တယ်လို့ သိရပါတယ်။
"အခုလို ဈေးတွေငြိမ်ပြီး ဝယ်ယူသူတွေ အားနည်းနေတဲ့အချိန်မှာ အစိုးရက ရောင်းချတဲ့ အိမ်ရာတွေလိုမျိုး ပုဂ္ဂလိက တိုက်ခန်းတွေ ဝယ်ယူသူတွေအတွက် ဘဏ်တွေက နှစ်ရှည်ချေးငွေပေးရင် ဈေးကွက်က တဖြည်းဖြည်းပြန်ကောင်း လာနိုင်တယ်"လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းရဲ့ အကြံပေး ဦးလှမောင်က ပြောပါတယ်။
လက်ရှိဆောက်လုပ်ရေးနဲ့ ပတ်သက်ပြီး ဆောက်လုပ်ရေးဘဏ်တွေ အနေနဲ့ အစိုးရက ရောင်းချတဲ့ အိမ်ရာတွေကိုသာ အခန်းဝယ်ယူသူတွေကို အရစ်ကျနှစ်ရှည်ချေးငွေ လေးနှစ်ကနေ ရှစ်နှစ်လောက်အထိ စီစဉ်ပါတယ်။ ပုဂ္ဂလိကက ဆောက်လုပ်တဲ့ အိမ်ရာတွေမှာတော့ ကန်ထရိုက်တာတွေနဲ့ အခန်းဝယ်ယူသူတွေကို အများဆုံးချေးငွေ တစ်နှစ်နှင့် ထပ်တိုးတစ်နှစ်သာ ချေးယူခွင့် ရရှိတာကြောင့် အမှန်တကယ်အိမ်ရာ လိုအပ်သူတွေအတွက် လုံလောက်တဲ့ ချေးငွေသက်တမ်းမရရှိဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် တစ်လပေးရတဲ့ငွေပမာဏဟာလည်း ကျပ်သိန်း (၂၀၀) တိုက်ခန်းကို အနည်းဆုံး (၁၀) သိန်းကနေ သိန်း (၂၀) လောက်အထိ ပေးသွင်းရတာကြောင့် ဝယ်ယူသူအတွက် အခက်အခဲဖြစ်ပေါ်စေပါတယ်။ ကန်ထရိုက်တာတွေကိုလည်း ရရှိတဲ့ ချေးငွေအားလုံးကို တစ်နှစ်အတွင်း အကြေပြန်ဆပ်ရတဲ့အတွက် ဝယ်လက်မရှိတဲ့ အခြေအနေမှာ ငွေမလည်ပတ်နိုင်ပါဘူး။
အံ့ထူးဆောက်လုပ်ရေးလုပ်ငန်းက မန်နေဂျာ ကိုမင်းမင်းက "အရင်လို ကြိုပွိုင့်ဝယ်တဲ့သူတွေကို ဘဏ်က နှစ်ရှည်ချေးငွေနဲ့ ထုတ်ချေးပေးလိုက်ရင် ကြိုပွိုင့်ဝယ်လိုအားတွေလဲ တက်လာနိုင်တယ်၊ တကယ်အိမ်လိုအပ်တဲ့ သူတွေအတွက်လဲ အိမ်ပိုင်ဆိုင်ခွင့် ရလာနိုင်တယ်"လို့ပြောပါတယ်။
Ref : The Kumudra
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties