By Myanmar Builders Guide, Shweproperty.com
Updated at 23 May 2019
ရန်ကုန်အိမ်ခြံမြေဈေးကွက် တန်ဖိုးမြင့်အိမ်ရာများအရောင်းအဝယ်အေးနေပြီး တန်ဖိုးနည်း တိုက်ခန်းများသာ အရောင်းအဝယ်ဖြစ်ကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ မေ ၂၀ ရက်တွင် သိရသည်။
“ အိမ်ခြံမြေဈေးကွက်နဲ့ပတ်သက်ပြီး လက်ရှိမှာမကောင်းဘူး။ ရောင်းချင်တဲ့သူကများနေပြီး ဝယ်တဲ့သူ ကနည်းတယ်။ အရောင်းအဝယ်ဖြစ်နေတာက ကျပ်သိန်းနှစ်ရာကနေ သိန်းငါးရာပတ်ဝန်းကျင်လောက် တကယ်တမ်းနေမယ့်သူလောက်ပဲ ဝယ်တာများတယ်။ အရောင်းအဝယ်ဖြစ်တယ်။ တန်ဖိုးနည်းလေး တွေပဲအရောင်းအဝယ်ဖြစ်နေတယ်။ လုံးချင်းအိမ်ရာတွေဆိုရင်ပိုဆိုးပါတယ်။ အရောင်းအဝယ်ဖြစ် တယ်ဆိုရင် သိန်းငါးထောင် သိန်းတစ်သောင်းတွေဆိုရင် လက်ချိုး ရေတွက်လို့ရအောင်ဖြစ်နေတယ်” ဟု မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း အထွေထွေအတွင်း ရေးမှူးချုပ် ဒေါ်မို့မို့အောင်က မေ ၂၀ ရက်၌ မြန်မာတိုင်းမ်နေ့စဉ်သို့ပြောဆိုသည်။
လက်ရှိအိမ်ခြံမြေဈေးကွက်တွင် ကျပ် နှစ်သိန်းနှင့် နှစ်သိန်းခွဲခန့်ရှိ အငှား တိုက်ခန်းများ အခြေအနေကောင်းနေကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ရန်ကုန်တစ်မြို့လုံးအနေနဲ့ တစ်လလုံး နေလို့မှ တိုက်ခန်း ဆယ်ခန်း အခန်းနှစ်ဆယ်ရောင်းရ တယ်ဆိုတာကတော့ အရောင်းအဝယ်ကောင်းတယ်လို့မခေါ်ဘူး။ ကွန်ဒိုကလည်း ကွန်ဒိုမီနီယမ် Law ပေါ်လာတယ်။ ဥပဒေမှာက ဒီကွန်ဒိုမှာရှိနေတဲ့သူအကုန်လုံးက ဒီမြေကို ပိုင်ဆိုင်ခွင့်ရှိတယ် ဆိုတာမျိုးပါတယ်။ နိုင်ငံခြားသားကမြေပိုင်ဆိုင်ခွင့်မရဘူး။ အဲဒီအတွက် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု တွေနည်းနေတယ်” ဟု၎င်းကပြောသည်။
မြန်မာ့အိမ်ခြံမြေဈေးကွက်မှာ ၂၀၁၂ မှ ၂၀၁၄ အထိ ဈေးအမြင့်ဆုံးရွှေခေတ်ဖြစ်ခဲ့ပြီး အစိုးရအပြောင်းအလဲကြောင့် ၂၀၁၄ - ၂၀၁၅ တွင် အိမ်ခြံမြေအခြေအနေငြိမ်သက်ခဲ့ကြောင်း အစိုးရအပြောင်းအလဲတွေပြီးပါက ဈေးကွက်ပြန်လည်ပြောင်းလဲသွားမည်ဟု ထင်ခဲ့သော် လည်း ၂၀၁၆ ဧပြီ ၁ ရက်မှစတင်ကာ အခွန်နှုန်းထားများ ပြောင်းလဲခဲ့သဖြင့် မျှော်လင့်ထားသလောက် မကောင်းလာခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် အိမ်ခြံမြေဈေးကွက် ပြန်လည်ဦးမော့လာစေရန်အတွက် အစိုးရ၏ပံ့ပိုးကူညီမှုဖြင့် အခွန် နှုန်းထားများပြင်ဆင်သတ်မှတ်ပေးခြင်း၊ အိမ်ရာချေးငွေအတွက် ဘဏ်အတိုးနှုန်းထားများ ပြောင်းလဲခြင်းနှင့် နိုင်ငံခြားသားများလာရောက်ရင်းနှီးမြုပ်နှံလာရေးအတွက် ဥပဒေများ ခိုင်မာရန် စသည့်အချက် များဆောင်ရွက်ရမည်ဖြစ်ကြောင်း ဒေါ်မို့မို့အောင်က ဆက်လက်ပြောသည်။
Ref & Photo Creadit : Myanmar Builders Guide
Posted By :Witt Yee (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties