By Yangon Life, Shweproperty.com
Updated at 17 February 2017
အိမ်ခြံမြေ ဈေးကွက်အတွင်း ယခင်က တိုက်ခန်းအငှားဈေးကွက်သာ ပိုမိုများ ပြားသော်လည်း ယခုအခါ တန်ဖိုးအသင့်အတင့်နှင့် တန်ဖိုးနည်းအခန်းများ အငှားထက် အရောင်းအဝယ် ပိုမိုဖြစ်ထွန်းလာကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။ ''တိုက်ခန်းတွေကတော့ မရမ်းကုန်းမြို့ နယ်ဘက်က သုံးလွှာ၊ လေးလွှာလောက်တွေဆို ကျပ်သိန်း ၃၅ဝလောက်ကစတဲ့ အခန်း တွေရှိတော့ အဲဒီဘက်တွေ အဝယ်လိုက်လာတယ်။ ငှားရမ်းခက တစ်လကို တစ်သိန်းခွဲ အနည်းဆုံးဆိုတော့ ရေရှည်အတွက်အဆင် မပြေကြဘူး။ လက်ထပ်ပြီး တကယ်နေထိုင်ဖို့ လာဝယ်တဲ့သူတွေများပါတယ်''ဟု ဝါရင့်အိမ် ခြံမြေအကျိုးဆောင် ဦးချစ်က ပြောသည်။
တိုက်ခန်းဈေးကွက်တွင် ကျပ်သိန်း ၃၅ဝ မှ ၅ဝဝ ဝန်းကျင်တိုက်ခန်းများ အ ရောင်းအဝယ်ရှိလာပြီး ယခုကာလတွင် အသင့်နေထိုင်နိုင်သည့် အခန်းများကိုပါအရစ်ကျ ရောင်းချပေးခြင်းများလည်းရှိလာကြောင်း သိရသည်။ ထို့အပြင် အချို့မြေပိုင်ရှင်များသည်လည်း ကန်ထရိုက်နှင့် အကျိုးတူဆောက်လုပ်ထားသည့် တိုက်ခန်းများကိုပါ ကနဦးရာခိုင် ၃ဝနှုန်း ပေးသွင်းစေပြီး ညှိနှိုင်းမှုဖြင့် လစဉ်အရစ်ကျပေးချေစနစ်ဖြင့် ရောင်းချလာ ကြောင်း သိရသည်။ အရစ်ကျရောင်းတဲ့ တိုက်ခန်းတွေက တော့ အပြင်ပေါက်ဈေးထက် ၁ဝ သိန်း၊ ၁၅ သိန်းလောက် ပိုများတာပေါ့။ အချို့ကျတော့ ပွဲစားမပါဘဲ ကိုယ့်အသိထဲကတို့၊ ဆွေနီးမျိုး စပ်တွေကိုမှ ရောင်းတယ်။ တစ်လငါးသိန်း လောက်နဲ့ သုံးနှစ်ပေးသွင်းကြတာမျိုးပေါ့''ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း (ဗဟို)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ တန်ဖိုးသင့်နှင့် တန်ဖိုးနည်းတိုက်ခန်းများတွင် မရမ်းကုန်း၊ တောင်ဥက္ကလာ၊ ကြည့် မြင်တိုင် စသည့်မြို့နယ်များ၌ အရောင်းအဝယ်ပိုမိုဖြစ်ထွန်းကြောင်း သိရသည်။
Ref : Yangon Media Group
Photo Credit : Social
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties