By Kumudra, Shweproperty.com
Updated at 27 June 2018
တန်ဖိုးနည်းနဲ့ တန်ဖိုးသင့်တိုက်ခန်းတွေကို ဆောက်လုပ်ရေး ဝန်ကြီး ဌာန၊ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရောင်းချနေပါပြီ။
ဒဂုံမြို့သစ်တောင်ပိုင်း အင်းဝအိမ်ရာ၊ ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနတန်ဖိုးနည်း အိမ်ရာ အပိုင်း ၁၊၂ ၊ ဒဂုံဆိပ်ကမ်းမြို့နယ် ကနောင်အိမ်ရာ၊ဒဂုံမြို့သစ်တောင်ပိုင်း ပုလဲမွန်အိမ်ရာ၊ လှိုင်သာယာမြို့နယ် ရွှေလင်ပန်းအိမ်ရာတွေ ဖြစ် ပါတယ်။
အင်းဝအိမ်ရာ
နှစ်ခန်းတွဲလေးထပ် ၁၁၇၅ စတုရန်း ပေ ဈေးနှုန်းတွေက မြေညီထပ်ကို ကျပ် သိန်း ၄၈၀၊ ပထမထပ် သိန်း ၃၈၀၊ ဒုတိယ ထပ် ၃၃၅ သိန်း တတိယထပ် ၂၈၅ သိန်း ဖြစ်ပါတယ်။ လေးခန်းတွဲ ငါးထပ် ၇၄၀ စတု ရန်းပေ အခန်းတွေက မြေညီထပ်ကို ကျပ် ၃၂၅ သိန်း၊ ပထမထပ် ၂၅၅ သိန်း ဒုတိယ ထပ် ၂၂၅ သိန်း၊ တတိယထပ် ၁၉၅ သိန်း၊ စတုတ္ထထပ် ၁၆၅ သိန်း ဖြစ်ပါတယ်။
လေးခန်းတွဲ သုံးထပ် ၁ဝဝဝ၊ ၉၆၀ စတုရန်းပေ အခန်းဈေးက မြေညီထပ်ကို ကျပ်သိန်း ၆၄၀၊ ပထမထပ် ၃၄၅ သိန်း၊ ဒုတိယထပ် သိန်း ၂၈၀ ဖြစ်ပါတယ်။ လေးခန်းတွဲ ငါးထပ် ၉ဝဝ စတုရန်းပေ အခန်း တွေ က မြေညီထပ်ကို ကျပ် သိန်း ၄ဝဝ၊ ပထမထပ် သိန်း ၃၁၀၊ ဒုတိယထပ် ၂၇၅ သိန်း၊ တတိယထပ် ၂၃၅ သိန်း၊ စတုတ္ထ ထပ် သိန်း ၂ဝဝ ဖြစ်ပါတယ်။
ယုဇနတန်ဖိုးနည်းအိမ်ရာ
ယုဇနအပိုင်း (၁) အခန်းတွေက ၄၈၄ စတုရန်းပေနဲ့ ၅၂၂ စတုရန်းပေ အကျယ် တွေ ဖြစ်ပါတယ်။ ဈေးနှုန်းတွေက ၄၈၄ စတုရန်းပေ မြေညီထပ်ကို ကျပ် ၁၂၅ သိန်း၊ ပထမထပ်မှာ ၅၂၂ စတုရန်းပေက ကျပ် ၁၂၅ သိန်း၊ ၄၈၄ စတုရန်းပေက ကျပ် ၁၁၅ သိန်း၊ ဒုတိယထပ်မှာဆိုရင် ၅၂၂ စတုရန်း ပေကို ၁၁၇ သိန်း၊ ၄၈၄ စတုရန်းပေကို သိန်း ၁ဝဝ ဖြစ်ပါတယ်။
ကနောင်အိမ်ရာ
ခြောက်ခန်းတွဲ လေးထပ်တိုက်နဲ့ ရှစ်ခန်းတွဲ လေးထပ်တိုက်တွေ ဖြစ်ပြီး တိုက်အမှတ် ၁၊၂၊၄၊၅ ၊၉ ရှစ်ခန်းတွဲ လေးထပ်တိုက်မှာ လျှပ်စစ်မီး၊ ရေရရှိပြီး ၁၄၊ ၁၅၊ ၁၆၊၁၇၊၂၈၊၃၀၊၃၁၊၃၂ ခြောက်ခန်းတွဲ လေးထပ်တိုက်မှာလည်း ရေမီးရရှိပြီး ဖြစ်ပါတယ်။
ခြောက်ခန်းတွဲ လေးထပ်တိုက်ရဲ့ အခန်းတန်ဖိုးတွေက မြေညီထပ်ကို ကျပ်သိန်း ၁၂၀ ၊ ပထမထပ် ၁၁၂ သိန်း ဒုတိယထပ် ၁၀၆ သိန်း၊ တတိယထပ် ၉၈ သိန်း ဖြစ် ပါတယ်။
ရှစ်ခန်းတွဲ လေးထပ်တိုက် မြေညီထပ် က ၄၈၄ စတုရန်းပေ၊ ပထမ၊ ဒုတိယ၊ တတိယထပ်က ၅၂၂ စတု ရန်းပေ ကျယ်ဝန်းပါ တယ်။ အခန်းဈေးနှုန်းတွေက မြေညီထပ်ကို ကျပ် ၁၂၅ သိန်း၊ ပထမထပ် ၁၂၅ သိန်း၊ ဒုတိယ ထပ် ၁၂၁ သိန်း၊ တတိယ ထပ် ၁၁၇ သိန်း ဖြစ်ပါ တယ်။
ပုလဲမွန်အိမ်ရာ
နှစ်ခန်းတွဲ လေးထပ် ၁၁၇၅ စတုရန်းပေ အခန်းဈေးနှုန်းတွေက မြေညီထပ်ကို ကျပ် ၄၆၉ သိန်း၊ ပထမထပ် ၃၉၃ သိန်း၊ ဒုတိယထပ် ၃၇၄ သိန်း၊တတိယ ထပ် ၃၃၄ သိန်း ဖြစ်ပါတယ်။
လေးခန်းတွဲ လေးထပ် ၁၁၅၀ စတုရန်းပေ အခန်းဈေးတွေက မြေညီထပ်ကို ကျပ် ၄၅၇ သိန်း၊ ပထမထပ် ၃၈၄ သိန်း၊ ဒုတိယထပ် ၃၆၆ သိန်း၊ တတိယထပ် ၃၂၇ သိန်း ဖြစ်ပါတယ်။
လေးခန်းတွဲ လေးထပ်အခန်းဈေးတွေက မြေညီထပ်ကို ကျပ် သိန်း ၃ဝဝ ကျော်၊ ပထမ ထပ် ၂၆၇ သိန်း ၊ ဒုတိယထပ် ၂၅၄ သိန်း၊တတိယထပ် ၂၂၇ သိန်း ဖြစ်ပါတယ်။
ရွှေလင်ပန်း
လေးခန်းတွဲ လေးထပ်အခန်းဈေး တွေက မြေညီထပ် ကျပ် သိန်း ၃၄၀၊ ပထမထပ် သိန်း ၃၂၀၊ ဒုတိယထပ် သိန်း ၃ဝဝ၊ တတိ ယထပ် သိန်း ၂၈၀ ဖြစ်ပါတယ်။ နှစ်ခန်း တွဲ လေးထပ်အခန်းဈေးတွေက မြေ ညီထပ် ကျပ် သိန်း ၆ဝဝ၊ ပထမထပ် ၂၅၅ သိန်း၊ ဒုတိယထပ် သိန်း ၂၄၀၊ တတိ ယ ထပ် သိန်း ၂၃၀ ဖြစ်ပါတယ်။
ဝယ်ယူလိုသူတွေအနေနဲ့ CHD Bank မှာ ၂၀ ရာခိုင်နှုန်း ဘဏ်စာ ရင်းဖွင့် ပေး သွင်းနိုင်ပြီး အခန်းတွေကို ၁၅ နှစ်အရစ် ကျနဲ့ ဝယ်ယူနိုင်ကြောင်း မြို့ပြနဲ့ အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက သိရပါတယ်။
Ref & Photo Credit : Kumudra
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties