By Myanmar Builders Guide, Shweproperty.com
Updated at 19 November 2018
အိမ်ရာစီမံကိန်းလုပ်ငန်းများအား အရည်အသွေး၊ စံချိန်စံနှုန်းပြည့်မီရေးကို အဓိကထားဆောင်ရွက်ရန်နှင့် အခြေခံလူတန်း စားများနေထိုင်နိုင်ရေး တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကို ဦးစားပေးဆောင်ရွက်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောကြားသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် နိုဝင်ဘာ၁၀ ရက်က ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်သော အိမ်ရာစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲ နှင့်ဆက်လက်ဆောင်ရွက်မည့် အိမ်ရာစီမံကိန်း လုပ်ငန်းများကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ စစ်ဆေးရာ၌ ပြည်ထောင်စုဝန်ကြီးက အိမ်ရာစီမံကိန်းလုပ်ငန်းများ အရည်အသွေး၊ စံချိန်စံနှုန်းပြည့်မီရေး အဓိကထားဆောင်ရွက်ရန်နှင့် အခြေခံလူတန်းစားများ နေထိုင်နိုင်ရေး တန်ဖိုးနည်းအိမ်ရာစီမံကိန်းများကို ဦးစားပေးဆောင်ရွက်ရန် မှာကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တန်ဖိုးနည်းကျန်စစ်မင်းအိမ်ရာစီမံကိန်း အပိုင်း(၁)၊ ထီးလှိုင်ရှင်၊ ရွှေလင်ပန်းတန်ဖိုးနည်း အိမ်ရာအပိုင်း (၁) ၊ (၂) နှင့်(၃)တို့ ဆောင်ရွက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ကျန်စစ်မင်းအိမ်ရာစီမံကိန်းသည် လှိုင်သာယာမြို့နယ် ကျစ်စစ်သားလမ်းနှင့် ပုသိမ် - ညောင်တုန်းလမ်းဘေးရှိ ဧက ၅၀ ပေါ်တွင် တည်ဆောက်ထားပြီး အဆောက်အအုံများအနေဖြင့် လေးခန်းတွဲငါးထပ် (A/B)၂၈ လုံး၊ ခြောက်ခန်းတွဲငါးထပ်၁၆လုံး၊ ရှစ်ခန်းတွဲငါးထပ် (A/B)၁၉ လုံး၊ ၁၂ ခန်းတွဲ ငါးထပ် ၁ဝလုံး စုစုပေါင်း တိုက် ၇၃ လုံး၊ အခန်းပေါင်း ၂၃၇၂ ခန်းရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အိမ်ရာစီမံကိန်းများ ရောင်းချရေးကော်မတီက ရောင်းချသော တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်း၈၆ဝကျော်ကို ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် ဇူလိုင် ၂၅ ရက် နှင့်၂၆ရက် တို့တွင် မဲနှိုက်ရောင်းချပေးခဲ့သည်။
Ref & Photo Credit : Myanmar Builder Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties