By Kumudra, Shweproperty.com
Updated at 29 April 2019
ရန်ကုန်မြို့တွင်း အိမ်ခြံမြေဈေးကွက်မှာဈေးနည်းတဲ့တိုက်ခန်းတွေ ပိုငှားတာတွေ့ရပြီး အရောင်းအဝယ်ပိုင်းမှာဆိုရင်လည်း တန်ဖိုးသင့်ကျပ်သိန်း၂ဝဝ ဝန်းကျင်နဲ့သိန်းရဝဝန်းကျင်ကြား တိုက်ခန်းတွေကိုစိတ်ဝင်စားမှုပို များနေပါတယ်။
လက်ရှိအိမ်ခြံမြေဈေးကွက်မှာဝယ်ယူနေသူတွေမှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်နေသူတွေ မတွေ့ရဘဲ အမှန်တကယ်နေထိုင်သူတွေ Developer ဆီကအရစ်ကျဝယ်ယူနေကြတာတွေရှိသလို ဘဏ်တွေနဲ့ ချိတ်ဆက်ပြီးဝယ်ယူနေကြတာတွေလည်းရှိပါတယ်။အရစ်ကျဝယ်ယူမှုတွေများလာတာကြောင့် အငှားဈေးကွက်မှာလည်းကျဆင်းသွားတာမျိုးရှိနေပါတယ်။
“အရောင်းအဝယ် ဈေးကွက်က တန်ဖိုးကြီးကြီးတွေတော့သိပ်ဝယ်တာမျိုးမရှိဘူး၊ ရင်းနှီးမြှုပ်နှံမယ့်သူသိပ်မရှိတာနဲ့လဲဆိုင်တယ်၊ ခုဝယ်တာက နေမယ့်သူတွေဆိုတော့ အမှန်တကယ် နေအိမ်လိုအပ်သူတွေဆိုတော့ ကိုယ်စုဆောင်းထားတဲ့ငွေလေးနဲ့တတ်နိုင်တာလေးကို ဝယ်ကြတာပိုများပါတယ် ”လို့ ရပ်ကွက်အိမ်ခြံမြေအကျိုးဆောင် ကိုသူရကပြောပါတယ်။
လက်ရှိအရောင်းအဝယ်တွေ ဖြစ်နေတာကတော့ တန်ဖိုးသင့်ဝယ်တိုက်ခန်းတွေရှိတဲ့သာကေတ၊ သင်္ဃန်းကျွန်း၊တောင်ဥက္ကလာ၊ ကြည့်မြင်တိုင်၊စမ်းချောင်း၊မြောက်ဥက္ကလာစတဲ့မြို့နယ်တွေက တိုက်ခန်းတွေ စိတ်ဝင်စားမှုပိုများနေပါတယ်။သိန်းထောင်ကျော်တန်ဖိုးကြီး တိုက်ခန်းတွေမှာတော့ ဝယ်သူ သိပ်မတွေ့ရကြောင်း သိရပါတယ်။
အငှားဈေးကွက်ပိုင်းမှာဆိုရင်လည်း နေထိုင်သူတွေဟာ ဈေးအသင့်အတင့်ရှိတဲ့ တစ်သိန်းကျော်တန်တိုက်ခန်းတွေကို သည်လအတွင်းမှာ ပိုငှားလာတာမျိုး တွေ့ရပါတယ်။
မြို့တွင်းနဲ့လည်း သိပ်မဝေးဘဲ ဈေးအသင့်အတင့်ရှိတဲ့တာမွေ၊ မင်္ဂလာဈေးအနီး၊သင်္ဃန်းကျွန်း၊ သာကေတမြို့ နယ်တွေက တိုက်ခန်းတွေကို အငှားတွေ ပိုကြိုက်လာကြပါတယ်။ဈေးနှုန်းအနေအထားအရလည်း ကျပ် ၉၀,ဝဝဝ၊ တစ်သိန်းကျော်ကျော်လေးတွေသာရှိပါတယ်။
“မြို့တွင်းမှာဈေးများတော့ ကိုယ့်အလုပ်နဲ့လဲ သိပ်မဝေး၊ သွားလာရလဲ အဆင်ပြေရင် အလွှာမြင့်ရင်လဲလူစုပြီး ငှားကြ တာပဲ၊ မြို့ထဲ တိုက်ခန်းဈေးနဲ့က ထက်ဝက်လောက်ကွာသွားတာဆိုတော့ ကိုယ့်အတွက်လဲ အဆင်ပြေရင်တော့ငှားကြတယ်”လို့ အိမ်ငှားနေထိုင်သူ မသွယ်သွယ်က ပြောပါတယ်။
Ref & Photo Credit : Kumudra
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties