By Kumudra, Shweproperty.com
Updated at 15 August 2018
ရန်ကုန်တိုင်း အစိုးရအဖွဲ့က တန်ဖိုးနည်း၊တန်ဖိုးလတ်တိုက်ခန်း ဝယ်ယူသူတွေ ရောင်းမှား ဝယ်မှား မဖြစ်စေရေး သတိထားစေဖို့ အိမ်ရာစီမံကိန်း ရောင်းချရေးကော်မတီက စည်းကမ်းချက်တွေ ထုတ်ပြန် ကြေညာ ထားပါတယ်။
၁။ မိမိရရှိတဲ့ တိုက်ခန်းကို ရှေးဦးစွာ စစ်ဆေးပြီး တိုက်ခန်းရယူမယ်ဆိုပါက မှတ်ပုံတင်မူရင်းနဲ့အတူ လူကိုယ်တိုင် အိမ်ခန်းဝယ်ယူ ငွေပေးသွင်းရမှာဖြစ်ကြောင်း ဝန်ခံကတိပြုလွှာမှာ လက်မှတ်ရေးထိုးရပါမယ်။
၂။ ဝယ်ယူခွင့်ရရှိသူဟာ မြို့ပြနဲ့ အိမ်ရာဖွ ံ့ဖြိုးရေးဦးစီးဌာနကို လာရောက်ဆက်သွယ်ပြီး ငွေပေးသွင်းမယ့်စနစ်ကို ရွေးချယ်ရပါမယ်။ ငွေအကျေ ပေးသွင်းဝယ်ယူခြင်း ဒါမှမဟုတ် ဘဏ်ချေးငွေနဲ့ ချိတ်ဆက် ဝယ်ယူနိုင်ပါတယ်။
၃။ ငွေအကျေပေးသွင်း ဝယ်ယူမယ့် သူတွေဟာ အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲကို ဆက်သွယ်ပြီး ငွေသွင်းချလန်ထုတ်ယူပြီး မြန်မာ့စီးပွားရေးဘဏ်ခွဲ အမှတ် (၁) မှာ ငွေသွားရောက်ပေးသွင်းရမှာဖြစ်ပါတယ်။
၄။ ဒုတိယအုပ်စု ဝယ်ခွင့်ရရှိတဲ့ တန်ဖိုးသင့်အိမ်ခန်းတွေကို တစ်ကြိမ်တည်း ငွေအကျေပေးသွင်းပါက အိမ်ခန်းတန်ဖိုးရဲ့သုံးရာခိုင်နှုန်းကို လျှော့ပေးမှာ ဖြစ်ပါတယ်။
၅။ အိမ်ခန်းတန်ဖိုးငွေ အကျေပေးသွင်းပြီးပါက အိမ်ရာဖွံ့ဖြိုးရေးဌာနက အိမ်ခန်းပေါ် တက်ရောက်နေထိုုင်ခွင့် အကြောင်းကြားစာ ထုတ်ပေးမှာ ဖြစ်ပါတယ်။
၆။ အိမ်ပေါ်တက်ရောက်နေထိုင်ခွင့် အကြောင်းကြားစာ ရရှိပြီးပါက သက်ဆိုင်ရာအိမ်ရာဖွံ့ဖြိုးရေးဌာနက ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။
၇။ ဘဏ်ချေးငွေနဲ့ ချိတ်ဆက်ဝယ်ယူမယ့်သူတွေမှာ ပူးတွဲပါဆောက်လုပ်ရေး၊အိမ်ရာနဲ့ အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးဘဏ်ရဲ့ အိမ်ရာချေးငွေ လျှောက်ထားခြင်း လုပ်ငန်းစဉ်နဲ့ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
၈။ အိမ်ရာဝယ်ယူခွင့်ရရှိသူက ကိုယ်တိုင်နေထိုင်ရမှာဖြစ်ပြီး ငါးနှစ်အတွင်း ချေးငွေနဲ့ဆောင်ရွက်တဲ့ အခန်းဖြစ်ရင် ချေးငွေမကျေမခြင်း တစ်ဆင့်ငှားရမ်း လွှဲပြောင်းချင်းတွေ မပြုလုပ်ဖို့အတွက် အသိပေးထားပါတယ်။
၉။ အိမ်ခန်းဝယ်ယူတဲ့နေ့ကစပြီး သက်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီက သတ်မှတ်ကောက်ခံတဲ့ ရန်ပုံငွေနဲ့ အခွန်အခတွေကို မပျက်မကွက်ပေးရမှာ ဖြစ်ပါတယ်။
၁၀။ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တစ်ခုခုကို ဖောက်ဖျက်ပါက အိမ်ခန်းတွေ ပြန်သိမ်းယူမှာဖြစ်ပြီး အမည်ပျက်စာရင်း (black list) သတ်မှတ်မှာ ဖြစ်ပါတယ်။ သတ်မှတ်ရင် အိမ်ခန်းတန်ဖိုးရဲ့ ၁၀ ရာ ခိုင်နှုန်းကို ဒဏ်ကြေးအဖြစ် ခုနှိမ်ပြီး ကျန်ငွေကို ပြန်ထုတ်ပေးမှာ ဖြစ်ပါတယ်။
၁၁။ အမည်ပျက်စာရင်း (black list) သတ်မှတ်ခံရသူကို ထပ်ပြီး အိမ်ခန်းလျှောက်ထားခြင်းတွေ လက်ခံမှာ မဟုတ်ပါဘူး။
၁၂။ အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲက ဦးစီးအရာရှိ ဒေါ်ငယ်ငယ်ကျော် ဖုန်း-ဝ၉-၂၅၁၉၉၃၉၉၆ နဲ့ ဆက်သွယ် ဆောင်ရွက်နိုင်ပါတယ်။
Ref & Photo Credit : Kumudra
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties