By 7 Day Daily, Shweproperty.com
Updated at 4 October 2018
ရန်ကုန်မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန အနေဖြင့် တန်ဖိုးနည်းအိမ်ရာ တိုက်ခန်း ၃,၀၀၀ ကျော် ထပ်မံရောင်းချရန် စီစဉ်နေကြောင်း အဆိုပါဌာနဒုတိယညွှန်ကြားရေးမှူးဦးဝင်းနိုင်က ပြောသည်။
ရန်ကုန်မြို့တွင် တန်ဖိုးနည်း အိမ်ရာ ဆောက်လုပ်နေသည့် စီမံကိန်းသုံးခုရှိပြီး ယင်းစီမံကိန်းတစ်ခုစီမှ အိမ်ရာအခန်း ၁,၀၀၀ကျော်ထွက်လာမည်ဖြစ်၍ စုစု ပေါင်းအခန်း ၃,၀၀၀ ကျော်ရှိမည်ဖြစ်ကြောင်း ၎င်းကပြော ကြားသည်။
‘‘ဆောက်တာတော့ တော် တော်ပြီးနေပြီ။ ဝယ်ယူမယ့်သူ တွေ ဘဏ်မှာ ၂၀ ရာခိုင်နှုန်းပေး သွင်းပြီးတာ ဘယ်နှယောက်ရှိ ပြီလဲဆိုတာ ကြည့်ရမယ်။ ပြည့် တာနဲ့ စရောင်းတော့မယ်။ အဲဒါ ကိုပဲ စောင့်ပေးနေရတာပါ’’ဟု ဦးဝင်းနိုင်က ဆိုသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံဆိပ်ကမ်း၊ သင်္ဃန်းကျွန်း၊ လှိုင် သာယာ၊ ရွှေပြည်သာနှင့် မြောက် ဥက္ကလာပမြို့နယ်တို့တွင် တန်ဖိုး နည်းအိမ်ရာများ ဆောက်လုပ် အကောင်အထည်ဖော်နေကြောင်း ၎င်းကဆက်လက်ပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တန်ဖိုးနည်းအိမ်ရာ တိုက်ခန်း ၂,၀၀၀ ကျော် ရောင်းချပေးပြီးဖြစ်ကြောင်း ဦးဝင်းနိုင်က ရှင်းပြသည်။
တန်ဖိုးနည်းအိမ်ရာ ဝယ်ယူ မည့်သူများသည် ဘဏ်တွင် ကနဦးအနေဖြင့် ၂၀ ရာခိုင်နှုန်း ပေးသွင်းရပြီး ကျန် ၈၀ ရာခိုင်နှုန်းကို ဘဏ်ကထုတ်ချေးမည် ဖြစ်သည်။ ထို့နောက် ဝယ်ယူသူများ က ယင်း ၈၀ ရာခိုင်နှုန်းကို ၁၅ နှစ်အရစ်ကျစနစ်ဖြင့် ပြန်လည်ဆပ် ရမည်ဖြစ်ကြောင်း ၎င်းကပြော ကြားသည်။
ထိုသို့ ဘဏ်မှချေးယူထား သည့် ငွေကို လစဉ်ပုံမှန်ပေးသွင်းရမည်ဖြစ်၍ လေးလဆက်တိုက် မဆပ်သူများကို တိုက်ခန်းပြန်လည်သိမ်းယူခြင်း၊ ဥပဒေအရ တရားစွဲဆိုဆောင်ရွက်ခြင်းများ ပြုလုပ်ရန် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနက စည်းကမ်းချက်ချ မှတ်ထားသည်။
ယင်းဌာနက ရောင်းချပေး သည့် တန်ဖိုးနည်းအိမ်ရာ တိုက် ခန်းများ၏ ဈေးနှုန်းသည် အနည်း ဆုံးကျပ် ၈၅ သိန်းမှ အများဆုံး ကျပ် ၁၃၅ သိန်း ရှိသည်။
Ref : 7Day Daily
Photo Credit : Mmbiztoday
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties