By 7daydaily, Shweproperty.com
Updated at 7 February 2017
ရန်ကုန်မြို့တွင်အခန်းအ ရေအတွက် ထောင်ကျော်ပါဝင်မည့် သီလဝါ တန်ဖိုးနည်းအိမ်ရာစီမံကိန်းနှင့် ကျန်စစ်သားအိမ်ရာ စီမံကိန်း အပိုင်း-၂ ကို တည်ဆောက်ရန် တင်ဒါခေါ်ယူထားရာ ကုမ္ပဏီ ၃၀ ကျော်ကို ပဏာမ ရွေးချယ်ထားကြောင်း သတင်းရရှိသည်။
ပဏာမရွေးချယ်ထားသည့် ကုမ္ပဏီများထဲတွင် ယခင်က မြို့ ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာန နှင့် လက်တွဲတည်ဆောက်ဖူးသည့် ဆောက်လုပ်ရေး ကုမ္ပဏီများပါ ဝင်ပြီး နာမည်ကြီးဆောက်လုပ် ရေး ကုမ္ပဏီအချို့လည်းပါဝင်လာ ကြောင်း သိရသည်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှုဦး စီးဌာနက အဆိုပါအိမ်ရာများကို သြဂုတ်က တင်ဒါ ခေါ်ယူခဲ့ပြီး နောက်ဆုံးအဆင့် တင်ဒါရွေးချယ် ခြင်းသည် ဧပြီအတွင်းဖြစ်လာနိုင် ဖွယ်ရှိကာ အနည်းဆုံးကုမ္ပဏီနှစ်ခုနှင့် အများဆုံး ကုမ္ပဏီ ငါးခုကို တည်ဆောက်လုပ်ကိုင်ခွင့်ချထား မည်ဟု သိရသည်။
အဆိုပါ အိမ်ရာစီမံကိန်းမှ အခန်းများကို ဆောက်လုပ်ရေး နှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက်ကာ ရောင်းချမှုများပြု လုပ်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးမှုဦးစီးဌာနက ကနောင်၊ ရွှေ လင်ဗန်း၊ ယုဇန တန်ဖိုးနည်းအိမ် ရာစီမံကိန်းများကို အများပြည်သူ သို့ စတင်ရောင်းချနေပြီဖြစ်သည်။
ဝင်ငွေနည်း ပြည်သူများ ဝယ်ယူနိုင်ရေး တန်ဖိုးသင့်၊ တန် ဖိုးနည်း အိမ်ရာများကို ကျပ်သိန်း ၁၀၀ အောက်ဖြင့် ရောင်းချနိုင်ရန် နည်းလမ်းရှာဖွေမှုများ စတင်ပြု လုပ်နေပြီး ၂၀၁၆-၂၀၁၇ မှ ၂၀၂၀-၂၀၂၁ အိမ်ရာဖွံ့ဖြိုးရေး ကို ငါးနှစ်စီမံကိန်းရေးဆွဲထားရာ တစ်နိုင်ငံလုံးတွင် စုစုပေါင်း ၁ ဒသမ ၈ သိန်းခန့်အကောင်အ ထည်ဖော်နိုင်ရန် ရည်ရွယ်ထား သည်ဟု ဆောက်လုပ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်း ခိုင်က ပြောကြားထားသည်။
Ref : 7daydaily
Photo Credit : Social
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties