By Yangon Media Group, Shweproperty.com
Updated at 7 November 2016
အိမ်(သို့မဟုတ်)မြေပိုင်မရှိသော ဝင်ငွေနည်း ပြည်သူများဖြစ်သည့် အစိုးရဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများကို တန်ဖိုးမျှတအိမ်ရာများ ထပ်မံတည်ဆောက်ပေးရန် ဆောင်ရွက်သွားမည်ဖြစ်ေ ကြာင်း မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့်အိမ် ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။ ''ဌာနအနေနဲ့ အခုမြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာတိုက်ခန်းတွေကို ရောင်းချပေးဖို့လုပ်ဆောင်နေတယ်။ အခုရောင်းမယ့် တိုက်ခန်းေ ပါင်း ၅၆ဝ လျှောက်လွှာခေါ်ယူမှုအပ်ါမှာ လျှောက်ထားသူဘယ်လောက်ရှိတယ်ဆိုတဲ့ အရေအတွက်ပေါ်မူတည်ပြီးတော့ မြေနေရာရှာမယ်။ ပြီးရင် အစိုးရအ ဖွဲ့ကိုတင်ပြီးတော့ လုပ်ဆောင်သွားမယ်။ ဒီကိစ္စကို ၂ဝ၁၇ ခုနှစ်အတွင်း မှာ လုပ်ဆောင်သွားဖို့ စီစဉ်ထားတယ်''ဟု မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးအောင်ကျော် ဦးကပြောသည်။
''ဝင်ငွေနည်းပြည်သူထဲမှာ အစိုးရဝန်ထမ်းတွေ၊ ကုမ္ပဏီဝန်ထမ်းတွေ၊ အငြိမ်းစားတွေလည်းပါတယ်။ အဲဒီအတွက် သူတို့ရဲ့အမှန်တကယ်လို အပ်နေတဲ့ နေအိမ်ပိုင်ဆိုင်မှုရှိအောင် လုပ်ဆောင်ပေးချင်တဲ့အတွက် အခု လိုဆောင်ရွက်ခြင်းပဲဖြစ်တယ်။ ဝင် ငွေနည်းပြည်သူတွေ အနေနဲ့ ကလည်း အခုလိုလုပ်ဆောင်ပေးထားတဲ့အ ပေါ်မှာ ကိုယ်ပိုင်ဆိုင်နေတဲ့တိုက်ခန်းကို တစ်ဆင့်ပြန်လည်မရောင်းချဘဲ အမှန်တကယ်နေထိုင် ဖို့တော့ လို အပ်တယ်''ဟု ၎င်းကဆက်လက် ပြောကြားသည်။ မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနအနေ ဖြင့် ရောင်းချပေးသောတိုက်ခန်းများကို အမှန်တကယ်လိုအပ်သည့် အစိုးရဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ၊ အငြိမ်းစားများနှင့် ဝင်ငွေနည်းပြည်သူများကို သက်ဆိုင်ရာဌာန အကြီးအကဲများ၏ထောက်ခံချက်၊ ပြည်သူ့ လွှတ်တော်(သို့မဟုတ်) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်၊ သက်ဆိုင်ရာမြို့ နယ်နှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးတို့၏ ထောက်ခံချက်များဖြင့် ရောင်းချပေးနိုင်ရန် စိစစ်လုပ်ဆောင် လျက်ရှိသည်။
ယခုအချိန်တွင် မန္တလေးတိုင်း ဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တန်ဖိုးမျှတအိမ်ရာများကို အိမ်(သို့မဟုတ်)မြေပိုင်မရှိသော အစိုးရဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ၊ အငြိမ်းစားများနှင့် ဝင်ငွေနည်း ပြည်သူ များကို မြရည်နန္ဒာတန်ဖိုးမျှ တအိမ်ရာတိုက်ခန်းပေါင်း ၅၆ဝ ကို တိုက်ခန်းတစ်ခန်းလျှင် မြေညီထပ် ကျပ် ၂၂၃ သိန်း၊ ပထမထပ် ကျပ် ၂ဝ၈ သိန်း၊ ဒုတိယထပ် ကျပ် ၁၉၃ သိန်း၊ တတိယထပ် ကျပ် ၁၇၁ သိန်းနှင့် စတုတ္ထထပ် ကျပ် ၁၆၃ သိန်း အစရှိသည့်ဈေးနှုန်းများဖြင့် ဒီဇင်ဘာလအ တွင်း ရောင်းချပေးရန်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
Ref & Photo Credit : Yangon Media Group
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties