By Hsu Myat May Zaw (ShweProperty.com), Shweproperty.com
Updated at 29 May 2018
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရောင်းချပေးနေသည့် တန်ဖိုးနည်း အိမ်ရာများကို ဝယ်ယူရန် လျှောက်ထားခဲ့ကြသော်လည်း အခန်းဝယ်ယူခွင့်မရရှိခဲ့သောသူများအနေနှင့် ဒုတိယအကြိမ် ရောင်းချပေးရာတွင် ထပ်မံလျှောက်ထားရန်မလို အပ်ကြောင်း သိရှိရပါသည်။
အိမ်ရာဝယ်ယူရန် လာရောက်လျှောက်ထားသူများကို စနစ်တကျစစ်ဆေးပြီး ရောင်းချပေးနေပြီး လာရောက်လျှောက်ထားသူများ၏ ကိုယ်ရေးအချက်အလက်များကို သတ်မှတ်စည်းကမ်းချက်များနှင့် ညီ၊မညီ စစ်ဆေးကာ ကွန်ပျူတာဖြင့် ထည့်သွင်းသိမ်းဆည်းထားကြောင်း သိရှိရပါသည်။
နောက်တစ်ခါ ထပ်မံလျောက်ထားသူများအနေနှင့် အဆိုပါစာရင်းထဲသို့ ပါဝင်ပြီးဖြစ်တာကြောင့် ထပ်မံလျောက်ထားရန် မလိုအပ်ပေ။
တန်ဖိုးနည်းအိမ်ရာများကို တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံအရှေ့မြို့နယ်များမှာ ဆောက်လုပ်လျက်ရှိပါတယ်။
အခန်းများကိုတော့ ကျပ်သိန်း(၁၀၀)မှ စတင်ကာ သိန်း(၆၀၀) အထိ အခြေခံလူတန်းစားများ ဝယ်ယူနိုင်ရန် အရစ်ကျစနစ်များဖြင့်လည်း ရောင်းချပေးလျက်ရှိပါသည်။
Written By : Hsu Myat May Zaw (ShweProperty.com)
Photo Credit : Moi.gov
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties