By Yangon Media Group, Shweproperty.com
Updated at 7 March 2017
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ တန်ဖိုးနည်းအိမ်ရာ များကိုအကောင် အထည်ဖော်ဆောင်ရွက်ရန် အတွက် မြန်မာနိုင်ငံဆောက် လုပ်ရေး လုပ်ငန်းရှင်များအသင်း (MCEA) နှင့်စင်ကာပူအခြေစိုက်ဆောက် လုပ်ရေးလုပ်ငန်းဆိုင်ရာနည်းပညာ အကြံပေးကုမ္ပဏီတစ်ခုဖြစ်သည့် Surbana Jurong ကုမ္ပဏီတို့ပူး ပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းနှင့် Surbana Jurong ကုမ္ပဏီတို့သည် မတ် ၃ ရက်က ရန်ကုန်မြို့၊ ဆူးလေရှန်ဂရီလာဟိုတယ်တွင်နားလည်မှုစာချွန်လွှာ (MoU) လက်မှတ် ရေးထိုးခဲ့ကြသည်။ မြန်မာနိုင်ငံဆောက် လုပ်ရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသာဌေးက ''ကျွန်တော်တို့ MCEA က နိုင်ငံရဲ့အနေအထားအချက်အလက်တွေကို ပံ့ပိုးပေးပြီး Surbana Jurong ရဲ့ဒီဇိုင်းနဲ့နည်းပညာတွေကို အသုံးပြုပြီး နေချင်စဖွယ်လူနေမှု အင်္ဂါရပ်များနှင့်ပြည့်စုံသည့် တန်ဖိုး ည်းအိမ်ရာများကို တည်ဆောက်သွားမှာပါ''ဟု အဆိုပါအခမ်းအနားတွင်ပြောကြားခဲ့သည်။ ယင်းကဲ့သို့ MCEA နှင့် Surbana Jurong တို့ပူးပေါင်းမှုမှာ တန်ဖိုးနည်းအိမ်ရာစီမံကိန်းများအတွက်သာမက အထူးစီးပွားရေးဇုန် ဆိပ်ကမ်းများ၊ အခြေခံအဆောက်အအုံများ၊ အဝေးပြေးလမ်းမများ၊ စက်မှုဇုန်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
Surbana Jurong ကုမ္ပဏီမှ CEO Mr. Teo Eng Cheong က ''ပြည်ထောင်စုအစိုးရအနေဖြင့် ၂ဝ၃ဝ ဖွံ့ဖြိုးရေးစီမံကိန်းအရ အိမ်ခြေတစ်သန်း အကောင်အထည်ဖော်ရေးအ တွက်ကြိုးပမ်းလျက်ရှိပါတယ်။ ကျွန် တော်တို့ရဲ့ယခုစာချွန်လွှာဟာ အစိုးရရဲ့မျှော်မှန်းချက်ကို တစ်စိတ်တစ် ဒေသအနေနဲ့အားဖြည့်ပေးသွားမှာပါ''ဟု ပြောကြားခဲ့သည်။ Surbana Jurong ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ၂ဝ၁၃ခုနှစ် အစပိုင်းမှ စတင်ကာ လုပ်ငန်းများစတင်ခဲ့ပြီး ပထမဆုံးစီမံကိန်းအဖြစ် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ပူး ပေါင်း၍ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ရတနာနှင်းဆီ အိမ်ရာကိုဆောက်လုပ်ခဲ့ပြီး၊ ယခုအခါ မြန်မာနိုင်ငံအတွင်း စီမံကိန်းပေါင်း ၇ဝ ကျော်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
Ref & Photo Credit : Yangon Media
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties