By The Voice, Shweproperty.com
Updated at 12 June 2017
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် CHDB သို့ တန်ဖိုးနည်း အိမ်ရာ ဝယ်ယူမည့်သူများ အနေနှင့် တိုက်ခန်းတန်ဖိုး၏ (၂၀) ရာခိုင်နှုန်းသာ စတင် ပေးသွင်းရတော့မည်ဖြစ်ကြောင်း အဆိုပါဘဏ်ထံမှ သိရသည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်သို့ ဝယ်ယူသူများက စတင် ပေးသွင်းရသည့် ပထမအရစ် (၃၀) ရာခိုင်နှုန်းအစား (၂၀) ရာခိုင်နှုန်းသာ ပေးသွင်းနိုင်ရန် စီစဉ်နေကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“တန်ဖိုးနည်းအိမ်ရာအတွက် လက်ရှိ ပထမအရစ်က (၃၀) ရာခိုင်နှုန်း ပေးသွင်းရမယ်။ မိသားစုဝင်ငွေ သုံးသိန်း အထက်ရှိမှဖြစ်နိုင်မယ်။ လူတန်းစားမရွေး ဝယ်ယူနိုင်မယ့် တစ်လဝင်ငွေ (၂) သိန်း အောက် ရှိတဲ့မိသားစုတွေ အိမ်ပိုင်ဆိုင်နိုင်ဖို့အတွက် အခုလို လျှော့ချဖို့ စီစဉ်တာပါ”ဟု ၎င်းကဆိုသည်။
ယခုလက်ရှိ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက်ကာ ကျပ် သိန်း ၁၀ဝ တန် တိုက်ခန်း ဝယ်ယူမည်ဆိုပါက တိုက်ခန်း၏ (၃၀) ရာခိုင်နှုန်းကို ကနဦး ပေးချေပြီး ကျန်ငွေကို (၈) နှစ်မှ (၁၀) နှစ်အထိ အရစ်ကျ ငွေပေးချေစနစ်ဖြင့် ရောင်းချပေးလျက် ရှိကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB)ထံမှ သိရသည်။
တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းဝယ်ယူလိုသူများအတွက် စတင်ပေးသွင်းသည့် ရာခိုင်နှုန်းကို လျှော့ချမည့်အပြင် အရစ်ကျပေးချေမှု စနစ်တွင်လည်း နှစ် (၃၀) အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်စေရန် စီစဉ်သွားမည်ဖြစ်ပြီး ယင်းတို့ကို ဆောင်ရွက်ရန် နိုင်ငံတော်အစိုးရနှင့် အခြား ပြည်ပ အဖွဲ့အစည်းများထံမှ ချေးငွေရရှိရန် လိုအပ်ကြောင်း CHDB ဘဏ်ထံမှ သိရသည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်(CHDB) အနေနှင့် ယခုလက်ရှိ ရန်ကုန်တိုင်းဒေသကြီးတွင် ဘဏ်ခွဲ လေးခု၊ မန္တလေးတိုင်း၊ နေပြည်တော်၊ မော်လမြိုင်နှင့် ပုသိမ်မြို့တွင် ဘဏ်ခွဲတစ်ခုစီ ဖွင့်လှစ်ထားသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနအနေနှင့် မြန်မာတစ်နိုင်ငံလုံးတွင် တန်ဖိုးသင့်၊ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများမှ တိုက်ခန်း စုစုပေါင်း ၁၀,၂၁၂ ခန်းကို ၂၀၁၇ ခုနှစ်တွင် အပြီး တည်ဆောက်ကာ ရောင်းချပေးသွားမည်ဖြစ်သည်။
Ref : The Voice
Photo Credit : Global New Light Of Myanmar
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties