By Yangon Media Group, Shweproperty.com
Updated at 3 November 2016
ရန်ကုန်တိုင်း ဒေသကြီးတွင်တည် ဆောက်လျက်ရှိသည့် အခန်းပေါင်းရှစ်ထောင် အနက် ဆောက်လုပ်ပြီးစီးနေပြီဖြစ်သည့် အခန်းပေါင်း ၂၀၀၀ ကျော်ကိုလာမည့် ၂၀၁၇ ခုနှစ်တွင် အရစ်ကျစနစ်ဖြင့် ရောင်းချပေး သွားမည်ဖြစ်ကြောင်းသိရသည်။ ယခုအခါ ရန်ကုန်တိုင်းဒေသကြီးရှိ ဒဂုံတောင်ပိုင်း၊ ဒဂုံဆိပ်ကမ်း နှင့် လှိုင်သာယာမြို့နယ်များတွင် ဆောက်လုပ်ပြီးစီးထားသည့် အဆိုပါအိမ်ရာနှစ်ထောင်ကျော်ကို အရစ်ကျ စနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ် ပြီး ယင်းအိမ်ရာများ၏ တိုက်ခန်းတစ် ခန်းတန်ဖိုးမှာ ငွေကျပ်သိန်း တစ်ရာ ကျော်ဖြင့် ရောင်းချပေး သွားမည်ဖြစ် ကြောင်း သိရသည်။
ယခုရောင်းချမည့် အခန်းပေါင်း နှစ်ထောင်ကျော်အနက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ အခန်းပေါင်း ၁၅၀၀ ကျော်ကို ရောင်းချပေးသွား မည်ဖြစ်ပြီး ကျန်အခန်းများကိုဆောက်လုပ်ရေးဝန်ကြီးဌာနက ရောင်း ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ယင်းနှင့်ပတ်သက်ပြီး ဆောက်လုပ်ရေး ၀န်ကြီးဌာနမှတာဝန်ရှိသူက " ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ ဆောက်လုပ်နေတဲ့ တိုက်ခန်းတွေကို အစိုးရ၀န်ထမ်းတွေကို ဦးစားေ ပး ရောင်းချပေးသွားမှာဖြစ်ပါတယ်။ ရန်ကုန်မှာ ဆောက်ထားတဲ့ တန်ဖိုးနည်းအိမ်ရာတွေကို လာမယ့်နှစ်မှာ စတင်ရောင်းချပေးသွားမှာဖြစ်ပါတယ်။ တန်ဖိုးနည်းအိမ်ရာစီမံကိန်းအဖြစ် ဆောက်လုပ်နေတဲ့ အခန်း ပေါင်း ရှစ်ထောင်ကျော်ကနေ လက်ရှိပြီးစီးနေပြီဖြစ်တဲ့ အခန်း ၂၀၀၀ ကျော်ကို ရောင်းချဖို့စီစဉ်နေပါပြီ။ ရောင်းချရာမှာလည်း ဆောက်လုပ် ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာ ကနဦးပေး သွင်းငွေအဖြစ် ၃၀ ရာခိုင် နှုန်းကို အရစ်ကျပေးသွင်း ရမှာဖြစ်ပါတယ်။ နောက်မှ ၀န်ထမ်းတွေဆိုရင် လစာထဲက အရစ်ကျငွေသွင်းတဲ့ ပုံစံ မျိုးလုပ်သွားမှာပါ " ဟု ဆောက်လုပ် ရေးဝန် ကြီးဌာန အမြဲတမ်းအတွင်း ၀န်ဦးကျော်လင်းက နိုဝင်ဘာ ၁ ရက် က ဒီမိုကရေစီ တူဒေး သတင်းစာသို့ ပြောသည်။
ယင်းအပြင် လက်ရှိဆောက်လုပ်ထားသည့် တန်ဖိုးနည်းအိမ်ရာများ၏ အခန်းတစ်ခန်းတန်ဖိုးမှာ ငွေကျပ်သိန်း တစ်ရာကျော်ရှိပြီး ထပ်မံတည်ဆောက်မည့် အိမ်ရာများကို ထိုတန်ဖိုးထက် လျော့နည်းစေသည့် အခန်းများ အဖြစ် ဖွဲ့စည်းဆောက်လုပ်သွားမည်ဖြစ်ပြီး အရစ်ကျငွေသွင်းရမည့် သတ်မှတ်ကာလကိုလည်း ပိုမိုသက်သာစေရန် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်ပြီး အမြဲတမ်းအတွင်းဝန် ဦးကျော်လင်းက " ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ကနေ ဘဏ်ချေးငွေရရှိဖို့ညှိနှိုင်းနေပြီး ရရှိပါက ၁၅ နှစ်အရစ်ကျစနစ်နဲ့ ရောင်းချသွားမှာဖြစ်ပါတယ် " ဟု ၎င်းကဆက်လက် ပြောသည်။ ယင်းကဲ့သို့ အရစ်ကျစနစ်ကို ၁၅နှစ်ပေးသွင်းခွင့် ရရှိမည်ဆိုပါက ၀န်ထမ်းများ အနေဖြင့်ဝန်ထုပ်ဝန်ပိုး ဖြစ်ရန်မလိုဘဲ အိမ်တစ်လုံး ပိုင်ဆိုင် နိုင် မည်ဖြစ်ကြောင်း သိရသည်။ သို့သော် ယင်းအိမ်ရာများကို ရောင်း ချပေး ရာတွင် လည်း အမှန်တကယ် အိမ်လိုအပ်ချက်ရှိသူများ ဟုတ်မှန် ခြင်း ရှိမရှိကို သေချာစိစစ်ပြီးရောင်း ချပေးသင့်ကြောင်း အိမ်ဝယ်ယူလိုသည့် ၀န်ထမ်းတစ်ဦးဖြစ်သူ ကိုအောင်မျိုး ကပြောသည်။ "ဘယ်လိုပုံစံနဲ့ ရောင်းမယ်။ ဘယ် နေ့မှာ စရောင်းမယ်။ ၀ယ်ယူလိုသူတွေ အနေနဲ့ ဘာတွေပြင်ဆင်ထားရမယ်ဆိုတာကိုတွေ သိချင်ပါတယ် " ဟု ၎င်းကပြောသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေး ဘဏ်တွင်ငွေစုစာအုပ် ဖြင့် ငွေစုထားသူများကိုသာ ဦးစားပေးရောင်း ချမည်ဟု အသိပေးကြေညာထားသည့်အတွက် အစိုးရ၀န်ထမ်း အများစု က ထိုဘဏ်တွင်ငွေများကို ပိုစုလာကြကြောင်းလည်း သိရသည်။ ဆောက် လုပ်ရေးဝန်ကြီးဌာနမှ လက်ရှိအကောင်အထည်ဖော်နေသည့် တန်ဖိုးနည်း အိမ်ရာအခန်းပေါင်း ရှစ်ထောင်ကျော်သည် ပြည်ထောင်စု ၀န်ကြီး ၏ လမ်းညွှန်မှုဖြင့်အကောင် အထည်ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်း အခန်းပေါင်းရှစ်ထောင်အနက် လက် ရှိအခန်း ပေါင်း ၂၁၀၁ ခန်းပြီးစီးနေပြီ ဖြစ်သည်။
Ref & Photo Credit : Yangon Media Group
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties