By ဝိုင်းနန္ဒီထွန်း (ShweProperty.com), Shweproperty.com
Updated at 27 August 2019
အမှန်တကယ်နေရေး ခက်ခဲနေတဲ့ ကျူးကျော်တွေကို အစိုးရက မြေစိုက်ပေးမယ့်အပြင် အိမ်ဆောက်နိုင်ဖို့ ချေးငွေပါရှာဖွေပေးမယ့် အစီအစဉ်ကို လာမယ့် စက်တင်ဘာလမှာ စတင်မယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သြဂုတ်လ(၂၄)ရက်နေ့က ပြောပါတယ်။ အစိုးရနဲ့ ကုမ္ပဏီဝန်ထမ်းတွေအတွက်လည်း အစိုးရက မြေထည့်ဝင်ပေးကာ တည်ဆောက်မယ့်ကျပ်သိန်း(၁၂၀)ခန့် တန်ဖိုးနည်းတိုက်ခန်းတွေ ရောင်းချပေး ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဒီအတွက် “ရန်ကုန်မှာ လုပ်ငန်းတွေ တိုး တက်လာတာနဲ့အမျှ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါ်လာတဲ့အတွက် ကျွန်တော်တို့ ဆီကို ပြည်တွင်းရွှေ့ပြောင်းလာတဲ့သူ တော်တော်များများက ရန်ကုန်မှာ များပြားလာပါတယ်။ များပြားလာတဲ့အတွက် သူတို့ပထမဆုံး နေရေးအခက်အခဲကို ဖြေရှင်းရာကနေ နောက်ဆုံး ကျူးကျော်နေရာတွေကို ရောက် လာတဲ့အခြေအနေရှိပါတယ်။ ဒီတော့ ကျွန်တော်တို့မှာ အခက်အခဲနှစ်ရပ်ရှိပါတယ်။ တစ်ခုက ဒီနေရာကို ရွှေ့ပြောင်းရောက်ရှိလာပြီးတော့ ကျူးကျော်ဖြစ်နေတဲ့အခြေအနေ။ လယ်သမားတွေကို လျော်ကြေးမပေးရသေး တဲ့အတွက် မြို့မြေ၊ လွတ်နေတဲ့နေရာတွေကို အသုံးချနိုင်ဖို့ အခက်အခဲရှိနေပါတယ်။ ဒီအခက်အခဲကို ပြေလည်အောင်ဖြေရှင်းနိုင်ဖို့အတွက် ကျွန်တော်တို့ ဆောင်ရွက်နေပြီဖြစ်ပါတယ်” လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။
ဒုတိယသမ္မတ ဦးမြင့်ဆွေဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် လုပ်ငန်းရှင်များ ၂၉ ကြိမ် မြောက် တွေ့ဆုံပွဲအခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
သိန်း (၁၂၀) (၁၃၀)လောက်တိုက်ခန်းတွေကို ရောင်းပေးနိုင်ဖို့အတွက် အစိုးရက မြေထည့်ဝင်ပြီး ဆောက်ပေးဖို့ ကြိုးစားနေကြောင်း၊ ဘာ့ကြောင့် မြေတန်ဖိုးထည့်ဝင်လဲဆိုရင်တိုက်ခန်းရဲ့ တန်ဖိုးဟာ မြေဖိုးထည့်ပေါင်းရင် ဈေးပို မြင့်နိုင်တဲ့အတွက်ဖြစ်ကြောင်း၊ ဒါကြောင့်မို့ ဝယ်ယူနိုင်မယ့်ဈေးနှုန်းကို ရေရှည်အရစ်ကျ ချေးငွေစနစ်နဲ့ ရောင်းချဖို့ စီစဉ်နေတဲ့အကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
Written By : ဝိုင်းနန္ဒီထွန်း (ShweProperty.com)
Photo Credit : Builk
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties