By 7daydaily, Shweproperty.com
Updated at 12 June 2017
တန်ဖိုးသင့်အိမ်ရာများ ဝယ်ယူမှုအတွက် နှစ်ရှည်ချေးငွေ ပေးနေသည့် ဘဏ်များသို့ ပေး အပ်ရသည့် အတိုးနှုန်းသည် အာ ဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက များပြားနေသော်လည်း မြန်မာ နိုင်ငံအနေအထားနှင့် သင့်တော် မှုရှိသည်ဟု ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် ဈေးကွက်ဌာန လက်ထောက်မန်နေဂျာ ဦးဟိန်းဝေနောင်က ပြောသည်။
အာဆီယံနိုင်ငံများတွင် အိမ် ရာဝယ်ယူရန် နှစ်ရှည်ချေးငွေကို အတိုးနှုန်း ၆ ရာခိုင်နှုန်းခန့် သာ ယူလေ့ရှိပြီး မြန်မာနိုင်ငံတွင် ၁၃ ရာခိုင်နှုန်း အတိုးယူသဖြင့် အတိုးနှုန်း များပြားနေသည်ဟု အိမ်ခြံမြေအကျိုးဆောင်အချို့က ဝေဖန် သည်။
‘‘နိုင်ငံတကာနဲ့ယှဉ်ရင် အိမ် ရာနှစ်ရှည် ချေးငွေက မြန်မာနိုင်ငံ မှာ အတိုးနှုန်းများနေတာက ဘဏ်ရဲ့သဘောအရ ဘဏ်ဆိုတာ အပ်ငွေယူ၊ အပ်ငွေကိုထုတ်ချေး စနစ် တစ်ခုနဲ့ အပ်ငွေပေါ်အတိုးပေးပြီး ထုတ်ချေးတဲ့အပေါ် အတိုးရတယ်။အဲဒီကြားပမာဏ ကွာဟချက်နဲ့ ရပ်တည်တာ။ ကျွန်တော်တို့ဆီက အပ်ငွေပေါ်အတိုးနှုန်းက အနည်း ဆုံးက ၈ ဒသမ ၅ ရာခိုင်နှုန်းကနေ ၁၀ ထိ ရှိပါတယ်။ သူတို့ပေးတဲ့ အပ်ငွေအပေါ် အတိုးနှုန်းက ၀ ဒသမ ၀၄ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ် ’’ဟု ဦးဟိန်းဝေနောင်က ပြောသည်။
မြန်မာနိုင်ငံ၌ ဘဏ်များကို အပ်နှံသည့် ငွေပမာဏ များလာပါက ချေးငွေအပေါ် အတိုးနှုန်းလျော့ကျလာနိုင်ပြီး ဘဏ်များ သည် နိုင်ငံတော် ဗဟိုဘဏ်ကသတ်မှတ်ထားသည့် နှုန်းထားများအတိုင်း ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ၎င်းကဆက်လက်ပြောကြားသည်။
ကျပ်သိန်းတစ်ရာနှင့် ဝယ် ယူထားသည့် တန်ဖိုးသင့် တိုက် ခန်းတစ်ခုအတွက် လက်ငင်းပေး ချေရသည့် ငွေတန်ဖိုးအပါအဝင် ဘဏ်သို့နှစ်ရှည်ချေးငွေအတွက် လစဉ်ပေးသွင်းရသည့်ငွေ၊ အတိုး နှုန်း စုစုပေါင်း တွက်ကြည့်ပါက ကျပ်သိန်း ၁၅၀ နှင့် ၁၂၀ ကြား ကျသင့်မည်ဖြစ်သည်။
အိမ်ခြံမြေ ဝန်ဆောင်မှုအ သင်း ဥက္ကဋ္ဌဦးခင်မောင်သန့်က ‘‘မြန်မာနိုင်ငံက ဘဏ်တွေပေးနေ တဲ့ နှစ်ရှည်ဘဏ်ချေးငွေ အတိုး နှုန်းက အာဆီယံနိုင်ငံတွေနဲ့ ယှဉ် ရင် မြင့်မားနေပါတယ်။ အဲဒီ တော့ ဝင်ငွေနည်းတဲ့ မိသားစုတွေ အိမ်ဝယ်ယူနိုင်ဖို့ အခက်အခဲတွေ ရှိနေပါတယ်’’ဟု ပြောသည်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက ဖော်ဆောင်နေသည့် အိမ်ရာများအပါအဝင် ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းအချို့ လည်း ဘဏ်များနှင့်ချိတ်ဆက် ကာ အိမ်ရာနှစ်ရှည်ချေးငွေဖြင့် အိမ်ရာတိုက်ခန်းများ ရောင်းချနေ သည်။
မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်အသင်းက စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးထံသို့ တန်ဖိုးနည်း နှင့် တန်ဖိုးသင့်တိုက်ခန်းများသည် အကျယ်စတုရန်းပေ ၃၀၀ ရှိပါက ကျပ်သိန်း ၇၀ ခန့် ကျသင့်မည်ဖြစ် ပြီး စတုရန်းပေ ၅၀၀ ရှိပါက ကျပ် သိန်းတစ်ရာကျော်ကျသင့်မည် ဟု ဖေဖော်ဝါရီ ၁၈ ရက်က ပြုလုပ်သည့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ၏ လစဉ်ပုံမှန်တွေ့ ဆုံဆွေးနွေးပွဲတွင် တင်ပြထားသည်။
Ref & Photo Credit : 7daydaily
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties