By နှင်းနုဝေ, Shweproperty.com
Updated at 17 February 2013
အခန်းပေါင်း ၅ဝဝဝ ခန့်ပါဝင်မည့် တန်ဖိုးနည်းအိမ်ရာတစ်ခုကို မန္တလေးမြို့တွင် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ၇-၂-၂ဝ၁၃ ရက် တွင် သိရသည်။
''တန်ဖိုးနည်းအိမ်ရာဆောက်လုပ် ဖို့အတွက် ကန်ထရိုက် ၃၇ ဦးဆီက အဆိုပြုလွှာတွေရပြီးပါပြီ။ အဲဒါတွေကို စိစစ်ပြီး အထက်ကိုတင်ပြရဦးမှာပါ။ မန္တလေးမှာတန်ဖိုးနည်းအိမ်ရာဆောက်ဖို့အတွက် ရန်ကုန်က တန်ဖိုးနည်းအိမ်ရာစီမံကိန်းကိုလည်းလေ့လာနေပါတယ်'' ဟု ၎င်းက ပြောကြားခဲ့သည်။
၎င်းတန်ဖိုးနည်းအိမ်ရာကို ဆောက်လုပ်ရန်ပြီးခဲ့သည့် လပိုင်းက ကန်ထရိုက်များထံမှ အဆိုပြုလွှာများခေါ်ယူခဲ့ဲခြင်းဖြစ်ကြောင်း၊ မန္တလေးမြို့ ချမ်းမြေ့သာစည်မြို့နယ် ဂန္မမာလမ်း နှင့် ပြင်ဦးလွင် မီရထားသံလမ်းကြား၊ ၄၄ လမ်း နှင့် လမ်း ၅၀ ကြားရှိ ၁၁၇ ဒသမ ၁၄ ဧက အကျယ်အဝန်းတွင် ဆောက်လုပ်မည်ဖြစ်ကြောင်း၊ အဆိုပါ တန်ဖိုးနည်း အိမ်ရာများကို သုံးနှစ်အတွင်း ဆောက်လုပ်မည်ဖြစ်ကာ အခန်းပေါင်း ၅၀၀၀ ခန့် ပါဝင်မည်ဖြစ်ကြောင်း အဆိုပြုလွာ တင်ထာသည့် ကန်ထရိုက် တစ်ဦးထံမှ သိရသည်။
ထို့ပြင် တိုက်ခန်းတစ်ခန်းလျှင် ပေ ၂ဝx၃ဝပေအကျယ်ရှိသည့် လေးခန်းတွဲ တိုက်အလုံပေါင်း ၃၀၀ ဆောက်လုပ်မည်ဖြစ်ကြောင်း ၊ တိုက်ခန်း တစ်ခန်းလျှင် အိပ်ခန်း ၂ ခန်း ၊ ဘုရားခန်း၊ ဧည့်ခန်း၊ မိးဖိုချောင် နှင့် သန့်စင်ခန်း တို့ပါဝင်မည် ဇြစ်ကြောင်း ၊ တန်ဖိုးနည်း အိမ်ရာ စီမံကိန်းကို မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအကျိုးတူပူးပေါင်း ဆောက်လုပ်မည်ဖြစ်ပြီး အကျိုးတူပူးပေါင်းဆောင်ရွက်မည့် အချိုးအစားနှင့် ဈေးနှုန်းကို မူ အတည်ပြုမသတ်မှတ်ရသေးကြောင်း သိရ သည်။
Source : pyi myanmar
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties