By Kumudra, Shweproperty.com
Updated at 23 January 2018
လက်ရှိမှာ ဆောက်လုပ် ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာ တန်ဖိုးနည်း တိုက်ခန်းဝယ်ယူဖို့အတွက် ငွေစာရင်းလာရောက်ဖွင့်လှစ်ထားသူ ၂၀,ဝဝဝ ကျော်ရှိသွားပြီ ဖြစ်တယ်လို့ သိရပါ တယ်။
အိမ်ရာဝယ်ယူခွင့်ငွေစုစာအုပ် အစီအစဉ်မှာ ပုံမှန်ဝင်ငွေရှိသူ ကုမဏီဝန်ထမ်းတွေနဲ့ အစိုးရဝန်ထမ်းအများစု ငွေစာရင်း ဖွ င့် လှ စ်ထား ကြပါတယ်။ အိမ်ရာစုဆောင်းငွေ စာရင်းဖွင့်လှစ်တာကို ၂၀၁၆ ဩဂုတ်လကစခဲ့ပြီး လက်ရှိမှာ အိမ်ရာဝယ်ယူဖို့ စုဆောင်းငွေ စာ ရင်းဖွင့် လှစ်သူ များပြားနေတယ်လို့ သိရပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနဲ့ ဆောက်လုပ်ရေးဘဏ်တို့ပူးပေါင်းပြီး အရစ်ကျစနစ်နဲ့ ရောင်းချနေတဲ့ ယုဇနဥယျာဉ်မြို့တော် အနီးနဲ့ လှိုင်သာယာမြို့နယ်မှာ ဆောက်လုပ်တဲ့ ကျပ် သိန်း ၁၀ဝ တန်ဖိုးနည်းတိုက်ခန်း တွေ ဝယ်ယူခွင့်နဲ့ သန် လျင်မြို့နယ်မှာ ဆောက်လုပ်မယ့်တန်ဖိုးနည်း အိမ်ရာ ဝယ်ယူခွင့်အတွက် အိမ်ရာစုဆောင်းငွေ စာရင်းဖွင့်လှစ်ထားကြောင်း သိ ရပါ တယ်။
ဆောက်လုပ်ရေးဘဏ်မှာ အိမ်ရာစု ဆောင်းငွေစာရင်းဖွင့်လှစ်ပါက ငွေကျပ် ၁၀,ဝဝဝ နဲ့ စတင်ဖွင့်လှစ်နိုင်ပြီး တန်ဖိုး နည်း တို က် ခန်း ဝယ်ယူခွင့်ရဖို့ စုဆောင်းငွေ အိမ်ရာတန်ဖိုး ၃၀ ရာခိုင်နှုန်း ပြည့်မီရ မယ်လို့ သတ်မှတ်ထားကြောင်း သိရပါတယ်။
လက်ရှိမှာဆိုရင် အိမ်ရာစုဆောင်းငွေ ၃၀ ရာခိုင်နှုန်းကို ပြီးခဲ့တဲ့လကစပြီး ၂၀ ရာခိုင်နှုန်းအထိ လျှော့ချပေးခဲ့ပြီး ၂၀ ရာခိုင် နှုန်းြ ပည့်မီ တာနဲ့ အိမ်ရာချေးငွေ ထုတ်ချေးမှာ ဖြစ်ကြောင်း သိရပါတယ်။
Ref & Photo Credit : Kumudra Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties