By Yangon Media Group, Shweproperty.com
Updated at 17 January 2017
တန်ဖိုးနည်းအိမ်ရာ ဝယ်ယူထားသူများတွင် အိမ်ပိုင်၊ တိုက်ခန်းပိုင်ရှိကြောင်း စစ်ဆေးတွေ့ရှိပါက ဝယ်ယူသည့်အခန်းကို ပြန်သိမ်းမည့်အပြင် အခန်းတန်ဖိုး၏ ငါးရာခိုင်နှုန်းကို ပေးလျော်ရမည်ဟုသိရသည်။ အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်(CHDB)တွင် ဝယ်ယူလိုသည့် တန်ဖိုးနည်းအိမ်ရာ၏ အခန်းတန်ဖိုး ၃ဝ ရာခိုင်နှုန်းပြည့်မီအောင် ငွေစုထားသူများသည် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှရောင်းချသည့် အိမ်ရာများကို ဝယ်ယူရန် ယင်း ဌာနတွင် လျှောက်ထားရကြောင်း၊ အဆိုပါ လျှောက်လွှာတွင် အိမ်ခန်းပိုင်ဆိုင်မှုမရှိသူ၊ တစ်လမိသားစုဝင်ငွေ သုံးသိန်း၊ ငါးသိန်းစသည့် အိမ်ရာဝယ် ယူခွင့်စည်းကမ်းချက်များပါပြီး ယင်းစည်းကမ်းနှင့် ညီညွတ်သူများကို ဝယ်ယူခွင့်ပြုနေခြင်းဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဇန်နဝါရီ ၁၂ ရက်ကသိရသည်။
''ဝယ်ယူခွင့် နာမည်ကြေညာတဲ့ အထဲမှာ ပါတဲ့သူတွေကလည်း အဓိကကတော့ အိမ်ရာဖွံ့ဖြိုးရေးဌာနမှာ သူတို့က အိမ်ရာစည်းကမ်းတွေနဲ့ ပတ်သက်ပြီး ခံဝန်ချက်လာလုပ်ရမယ်။ စည်းကမ်းချက်တွေ လိုက်နာရမယ်။ အဖီ ဆွဲမချရဘူး၊ ဈေးမရောင်းရဘူး။ တိုက်ခန်းရှိလျက်နဲ့ လျှောက်တယ်ဆိုရင် ပြန်အသိမ်းခံရမယ်။ အဲဒီလိုပြန်သိမ်းခံရရင် အခန်းတန်ဖိုးရဲ့ ငါးရာခိုင် နှုန်းကိုနှိမ်လိုက်မယ်။ အဲဒီစည်းကမ်း ချက်တွေလက်မှတ်ထိုးပြီး မှရမယ်''ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမင်းအောင်အေးက ပြောသည်။ စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာကြောင်း လက်မှတ်ထိုးပြီးမှသာ နေထိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း၊ အမှန်တကယ် အိမ်ရာပိုင်ဆိုင်ခြင်းရှိ၊ မရှိကိုလည်း သက်ဆိုင်ရာရပ်ကွက် အာဏာပိုင်များမှတစ်ဆင့် စုံစမ်းမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
တန်ဖိုးနည်းအိမ်ရာ ကနဦးဝယ်ယူခွင့်ရရှိသူများစာရင်းကို မြို့ ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲမှ ဇန်နဝါရီ ၁ဝ ရက်တွင်ထုတ်ပြန်ခဲ့ပြီး ၎င်းစာရင်းကို CHDB ဘဏ်နှင့်ဘဏ်ခွဲများတွင် ကြည့် ရှုနိုင်ကြောင်း သိရသည်။ ဇန်နဝါရီ ၁၁ ရက်က လှိုင်သာယာစက်မှုဇုန် ကနောင်ခန်းမတွင်လည်းကောင်း၊ ဇန်နဝါရီ ၁၂ ရက်တွင် ဒဂုံဆိပ်ကမ်းစက်မှုဇုန်ခန်းမ တွင်လည်းကောင်း အိမ်ရာနှင့်ပတ်သက်၍ စည်းမျဉ်း စည်းကမ်းများကို ရှင်းလင်းခဲ့သည်။
Ref : Yangon Media Group
Photo Credit : Social
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties