By The Mirror Daily, Shweproperty.com
Updated at 4 September 2017
တန်ဖိုးနည်းအိမ်ရာများသည် ဝင်ငွေနည်းပြည်သူများ ဝယ်ယူနိုင်ရန် စီစဉ်ပေးထားသည့် အတွက် တန်ဖိုးနည်းရခြင်းဖြစ်ပြီး ခိုင်ခံ့မှုရှိရန် စံချိန်စံညွှန်းနှင့်အညီ ဆောက်လုပ်ထားသည့် အိမ်ရာများဖြစ်ကြောင်း ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ဗိုလ်ချုပ်လမ်းရှိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနရုံး၌ ယနေ့ နံနက် ၉ နာရီခွဲက ပြုလုပ်သည့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းရှိ အိမ်ခန်းများရောင်းချခြင်း အခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်လွင်က ပြောသည်။
''တန်ဖိုးနည်းအိမ်ရာတွေ ဆောက်လုပ်တဲ့နေရာမှာ ဒီဇိုင်းပုံစံရေးဆွဲတာကအစ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ စံချိန်စံညွှန်းမီအောင် ကြီးကြပ်ဆောက်လုပ်တာတွေ၊ွှ့ငမိ ဏမေအပှုညျစနခအငသည နဲ့ နေ့စဉ်အနီးကပ်စစ်ဆေးပြီး ဆောက်လုပ်ခဲ့တာတွေ လေ့လာမေးမြန်းကြည့် နိုင်ပါတယ်။ တကယ်တော့ မြေတန်ဖိုးကို တိုက်ခန်းဈေးမှာ ထည့်မတွက်ဘဲ တန်ဖိုးနည်းအောင် ဆောင်ရွက်ပေးထားတဲ့ ပြည်သူ့အိမ်ရာ ဏကဘူငခံသကျငညါ စနစ်တစ်ခုကို အကောင်အထည် ဖော်နေခြင်းဖြစ်တဲ့အကြောင်း ပြည်သူကိုအသိပေးလိုပါတယ်''ဟု ၄င်းကပြောသည်။
တန်ဖိုးနည်းအိမ်ရာဟု ဆိုသော် လည်း အဆင့်အတန်းမီသော အိမ်ရာ များဖြစ်စေရန် ကလေးကစားကွင်းများ၊ ပန်းခြံ၊ ဓမ္မာရုံ၊ စာသင်ကျောင်း၊ ဈေး နှင့် ဃငအပ မြေအ အရောင်းဆိုင်များ ပါဝင်မည်ဖြစ်ပြီး ရေရရှိရေး၊ မီးရရှိ ရေးဆောင်ရွက်ထားရှိကာ သန့်ရှင်း သာယာလှပရေးတို့ကိုပါ ဆောင်ရွက် ထားကြောင်း သိရသည်။
အိမ်ရာထိန်းသိမ်းရေး ဝန်ဆောင်မှု လုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးမင်းအောင်အေးက ''အိုးအိမ်က ဖွဲ့စည်းထားတဲ့ အိမ်ရာကော်မတီနဲ့ ပေါင်းပြီး အိမ်ရာသာယာလှပရေး လုပ်ငန်းတွေ ဆောင်ရွက်မှာပါ။ အဲဒါ က တစ်နှစ်ကို ၆ သောင်းနဲ့ တစ်လ ငါးထောင်နှုန်းကောက်ခံပြီးတော့ အိမ်ရာရဲ့သန့်ရှင်းမှုအပြင် လူအဝင် အထွက်ကအစ လုံခြုံရေးပါ လုပ်ဆောင် ပေးမှာပါ''ဟု ပြောသည်။
ထို့ပြင် ယခုလက်ရှိရောင်းချသည့် တန်ဖိုးနည်းအိမ်ရာ ယုဇနအပိုင်း(၁)နှင့်(၂)တွင် ရေဂါလန် တစ်သိန်း နှစ်သောင်းဆံ့ ရေသိုလှောင်ကန် တည်ဆောက်ပေးထားပြီး ရေရရှိမှု အခက်အခဲမရှိစေရန် ဆောင်ရွက် ထားကြောင်း မြို့ပြအခြေခံအဆောက် အအုံဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။
လျှပ်စစ်မီး မရှိသေးသည့် အခန်း များ၏ မီးရရှိမှုအခြေအနေနှင့် ပတ်သက်၍ ဒုတိယ အင်ဂျင်နီယာ မှူးကြီး ဦးဇော်ဇော်က ''မီးရရှိရေး အပိုင်းကတော့ ၂ဝ၁၇ ခုနှစ် ၁၂ လ ပိုင်းမှာ အခုလက်ရှိ ရောင်းချတဲ့အခန်း တွေ မီးရနိုင်ပါတယ်။ အဲဒီအတွက် လည်း တင်ဒါခေါ်ထားပြီးပါပြီ၊ လုပ်ငန်းဆောင်ရွက်တာမြန်ရင်တော့ စောမှာဖြစ်ပါတယ်''ဟု ပြောသည်။
အဆိုပါ တန်ဖိုးနည်းအိမ်ရာများ သည် အကျယ်အဝန်းအားဖြင့် တစ်ခန်းလျှင် စတုရန်းပေ ၄၆၈ ပေရှိ ခြောက်ခန်းတွဲ လေးထပ်၊ စတုရန်းပေ ၅၂၂ ပေရှိ ရှစ်ခန်းတွဲ လေးထပ် အဆောက်အအုံများဖြစ်ပြီး တိုက်ခန်း တန်ဖိုးအားဖြင့် အနိမ့်ဆုံး ငွေကျပ် ၉၈ သိန်းမှ အမြင့်ဆုံး ငွေကျပ် သိန်း ၁၂ဝ ကျော်ထိရှိကြောင်း သိရသည်။
''မဲနှိုက်တာနဲ့ ရတဲ့အိမ်ခန်းပေါ်မှာ တန်ဖိုးက ပြောင်းသွားပြီ။ သိန်း ၁၂ဝ ဆို Down Payment ထပ်ပြီး ပေးသွင်းရမယ်။ ဝင်ငွေနဲ့ ချေးငွေ ကိုက်ညီမှု ရှိ၊ မရှိ စိစစ်ပြီးမှရမှာပါ။ဘယ်လောက်အထိ စီစဉ်ထားလဲ ဆိုတော့ ၁၅ နှစ်အထိ ဆွဲဆန့်ထား တယ်ပေါ့နော်။ ဝင်ငွေအရ တစ်လ တစ်လ ၇ သောင်း ၆ ထောင်ကနေ အများဆုံး တစ်သိန်းလောက်ထိ ပေးရမယ်။ ဒီလိုမျိုးအတွက် စီစဉ် ထားတယ်''ဟု ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
စက်တင်ဘာ ၂ ရက်တွင် ယုဇန တန်ဖိုးနည်းအိမ်ရာစီမံကိန်း အပိုင်း (၁)၊ (၂)ကို လျှောက်ထားသူ ၉၅ ဦး၊ ကနောင်အိမ်ရာ စီမံကိန်းကို လျှောက်ထားသူ ၆၃ ဦးနှင့် ရွှေလင် ပန်း တန်ဖိုးနည်းအိမ်ရာစီမံကိန်းများ ရှိ အိမ်ခန်းလျှောက်ထားသူ ၁၂၂ ဦး တို့ကို မဲနှိုက်ရောင်းချပေးခဲ့ပြီး စက်တင်ဘာ ၄ ရက်တွင် ယုဇန စီမံကိန်း အပိုင်း(၁)နှင့် (၂)မှ အိမ်ခန်း လျှောက်ထားသူ ၂ဝ၆ ဦး တို့ကို အိမ်ခန်းများ ဆက်လက်မဲနှိုက် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
Ref & Photo Credit : The Mirror Daily
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties