By 7 Day Daily, Shweproperty.com
Updated at 4 April 2018
ရန်ကုန်တိုင်းအစိုးရက ရောင်းချမည့်တန်ဖိုးနည်းအိမ်ရာ လျှောက်ထားသူများကို စည်း ကမ်းချက်များနှင့် ကိုက်ညီမှုရှိ၊ မရှိထပ်မံစိ စစ်ရွေး ချယ်ပြီးမှသာ ရောင်းချမည်ဖြစ်ကြောင်း ပြည်သူ့အိမ်ရာရောင်းချရေး ကော်မတီဝင် ဦးညီညီက ပြောကြားသည်။
‘‘လျှောက်လွှာဖောင်တွေကို ခရိုင်လေးခရိုင်အလိုက် ပြန်လည် စုစည်းနေပြီ။ ပြီးရင်တော့ ဘယ် သူ့ကိုပေးသင့်တယ်၊ မပေးသင့် ဘူးဆိုတာ စည်းကမ်းသတ်မှတ် ချက်တွေနဲ့ ကိုက်ညီခြင်းရှိ၊ မရှိ ထပ်မံစိစစ်ရွေးထုတ်သွားမယ်။ စည်းကမ်းချက်နဲ့ ကိုက်ညီသူတွေ ကိုပဲ ရောင်း ချသွား မယ်’’ဟု ၎င်းက ပြောသည်။
ဖေဖော်ဝါရီ ၁၅ ရက်မှ မတ်လ ၁၅ ရက်အထိ လျှောက်လွှာများ မူလက သတ်မှတ်လက်ခံခဲ့သော်လည်း ဝယ်ယူမည့်သူများကျန်ရှိခြင်းကြောင့် မတ်လ ၃၀ ရက်အထိ လျှောက်ထားနိုင်ကြောင်း သက်တမ်းတိုးမြှင့်ခဲ့သည်။
ယခုစိစစ်မှုများ ပြုလုပ်ပြီး ပါက သတ်မှတ်ချက်နှင့် ကိုက်ညီသူများကို လျှောက်လွှာများထပ်မံရောင်းချပေးမည်ဖြစ်သည်။ သို့သော် လျှောက် လွှာရောင်းချမည့် ကာလကို မသတ်မှတ်ရသေးပေ။
လျှောက်လွှာဝယ်ယူခွင့်ကို အရှေ့ပိုင်း၊ မြောက်ပိုင်း၊ တောင် ပိုင်းနှင့် အနောက်ပိုင်းခရိုင်ဟူ၍ ခရိုင်အလိုက်သတ်မှတ်ထားပြီး သက်ဆိုင်ရာမြို့န ယ်များမှ ခရိုင် အလိုက်လျှောက်လွှာတစ်စောင် လျှင် ကျပ် ၁,၀၀၀ ဖြင့် ရောင်းချ ပေးခဲ့သည်။
အဆိုပါလျှောက်လွှာများ တွင် အများပြည်သူ၊ ဝန်ထမ်း၊ အ ငြိမ်းစားနှင့် ကုမ္ပဏီဝန်ထမ်းဟူ၍ လျှောက်လွှာပုံစံအမျိုးအစား လေးမျိုးခွဲခြား ထားသည်။ လျှောက်ထားသူများအနေဖြင့် အိမ် (သို့မ ဟုတ်) မြေပိုင်ဆိုင်မှုမရှိကြောင်း လက်ရှိနေထိုင်သည့် မြို့နယ်၊ တိုင်း ဒေသကြီးလွှ တ်တော်ကိုယ်စား လှယ်ထောက်ခံချက်ပါရှိရမည်ဟု အိမ်ရာဝယ်ယူခွင့်လျှောက်လွှာ များတွင် ဖော်ပြထားသည်။
တိုင်းအစိုးရအဖွဲ့က ရောင်း ချမည့် အိမ်ရာများ ဝယ်ယူလိုသူများအနေဖြင့် အသက် (၃၂) နှစ်ပြည့် ပြီးသည့် မြန်မာနိုင်ငံသားဖြစ်ရ မည်ဖြစ်ပြီး အိမ်ထောင်စုတစ်ခု တွင် တစ်ဦးသာ လျှောက်ထားခွင့် ရှိကြောင်း ဖော်ပြထားသည်။
အိမ်ရာလျှောက်ထားသူ၏ မိသားစုပျမ်းမျှလစဉ်ဝင်ငွေသည် ကျပ် သုံးသိန်းမှ ၁၂ သိန်းအထိရှိ ရမည်ဟု ဖော်ပြထားသည်။
‘‘တကယ့်ကို အိုးပိုင်အိမ်ပိုင် မရှိတဲ့ ဝန်ထမ်းဟောင်းတွေကို ပေးစေချင်ပါတယ်။ ဒီတစ်ကြိမ် မရလည်း လျှောက်လွှာက နောက် တစ်ကြိမ်ထိဆ က်ပြီးတော့ သွား မယ်လို့ သိရပါတယ်။ တစ်ကြိမ် ကြိမ်မှာတော့ ရမယ်လို့ မျှော်လင့် ပါတယ်’’ဟု အငြိမ်းစားဝန်ထမ်း ဟောင်းတစ်ဦးက ပြော သည်။
လက်ရှိတွင် တန်ဖိုးနည်းအိမ် ရာလျှောက်လွှာများကို ခရိုင်လေး ခရိုင်အလိုက် စုစည်းနေပြီး အစိုးရ အဖွဲ့နှင့် အိုးအိမ်ဦးစီးဌာနသို့ တင် ပြမည်ြ ဖစ်ကာ လျှောက်ထားသူမည်မျှရှိသည်ကို မကြာမီထုတ်ပြန်မည် ဖြစ်ကြောင်း ဦးညီညီက ဆက်လက်ပြောကြားသည်။
ရန်ကုန်တိုင်းအစိုးရက ရောင်းချမည့် အိမ်ရာများသည် ဒဂုံမြို့သစ်တောင်ပိုင်းရှိ အင်းဝအိမ် ရာ၊ ကောင်းစံသာအိမ်ရာ၊ ဒဂုံမြို့ သစ်ဆိပ်က မ်းမြို့နယ်ရှိ ယုဇန အိမ်ရာအပိုင်း (၁)၊ (၂)၊ ကနောင်အိမ်ရာ၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကြီးပွားရေးအိမ်ရာ၊ လှိုင်သာယာ မြို့နယ်ရှိ ရွှေလင် ဗန်းအိမ်ရာ၊ ထီး လှိုင်အိမ်ရာ၊ ရွှေပြည်သာမြို့နယ် ရှိ Shop House များနှင့် မြောက် ဥက္ကလာပမြို့နယ်ရှိ ရွှေပေါက်ကံ အိမ်ရာတို့ ဖြစ်သည်။
Ref : 7 Day Daily Photo Credit : Globalnewlightofmyanmar Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties