By Xyznews, Shweproperty.com
Updated at 18 February 2019
ဝင်ငွေနည်းပြည်သူများ အိမ်ရာပိုင်ဆိုင်ခွင့်ရရှိစေရေးအတွက် ရည်ရွယ်သည့်အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းသာပေးသွင်းရမည့် အိမ်ရာများကို ယနေ့ (ဖေဖော်ဝါရီလ ၁၈ရက်) တွင် ရန်ကုန်မြို့၊ မြို့ပြနှင့်အိမ် ရာဖွံ့ဖြိုးရေးဦးစီးဌာန၌ စတင်ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။
ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID) အနေဖြင့် ယခင်က အ တိုးနှုန်း ၁၂ ရာခိုင်နှုန်းဖြင့် အိမ်ရာချေးငွေထုတ်ချေးကာ ရောင်းချခဲ့သော်လည်း ယခုအခါ ဂျပန်နိုင်ငံ ODA Loan အစီအစဉ်ဖြင့် အတိုးနှုန်းသက်သာသော နှစ်ရှည်အိမ်ရာချေးငွေဖြင့် ရောင်းချပေးခြင်းဖြစ်ကြောင်းသိရသည်။
“ဒီ နေ့ကနေ ၂၂ ရက်အထိ ရောင်းပေးမှာပါ။ CHID မှာ အိမ်ရာစုဆောင်းငွေစာရင်းဖွင့်လှစ်ထားပြီး ဇန်နဝါရီလကုန် အထိ အိမ်ရာစုဆောင်းငွေ ပြည့်မီသူတွေကိုရောင်းချပေးတာပါ” ဟု မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန် ရှိသူတစ်ဦးကပြောသည်။
၈ ဒသမ ၅ ရာခိုင်နှုန်း အတိုးနှုန်း ဖြင့်ရောင်းချမည့်အိမ်ရာများမှာ တန်ဖိုး နည်းအိမ်ရာများဖြစ်သော ဒဂုံဆိပ် ကမ်းမြို့နယ်ရှိ ယုဇနအိမ်ရာအပိုင်း၁၊ ၂ နှင့် ကနောင်အိမ်ရာ၊ လှိုင်သာယာမြို့နယ် ရှိ ရွှေလင်ပန်းအိမ်ရာ အပိုင်း၂၊ ၃။ တန်ဖိုး သင့်အိမ်ရာဖြစ်သော လှိုင်သာယာမြို့နယ် ရှိ ထီးလှိုင်ရှင်အိမ်ရာတို့ဖြစ်ကြောင်း သိရ သည်။
Ref & Photo Credit : Xyznews
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties