By EMG, Shweproperty.com
Updated at 29 September 2013
ရန်ကုန်တိုင်း ဒေသကြီး ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့က မြို့နယ်အလိုက် တစ်ပေပတ်လည် မြေဈေးနှုန်းများကို သတ်မှတ် ထုတ်ပြန်ထားပြီး အဆိုပါ ဈေးများမှာ ကာလပေါက်ဈေးထက် များစွာနည်းပါး လျက်ရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင် များထံမှ သိရသည်။
ရန်ကုန်မြို့ Down Town ဧရိယာအတွင်း ရှိသော လမ်းမကြီးများ ဖြစ်သည့် ဗိုလ်ချုပ် အောင်ဆန်းလမ်း၊ မဟာဗန္ဓုလလမ်း၊ အနော်ရထာလမ်း၊ ကုန်သည်လမ်းတို့ ကဲ့သို့သော လမ်းမတန်းကြီးများမှာ ယခုအချိန်တွင် တစ်ပေပတ်လည်မှာ ကျပ် ၁၀ သိန်းနှင့်အထက် ပေါက်ဈေးရှိကြောင်း၊ သို့သော် ယခုသတ်မှတ်ချက်မှာ တစ်ပေပတ်လည် ကျပ် ၂၄၀၀၀၀ ဖြစ်နေ၍ ပေါက်ဈေးထက် များစွာကွာဟ နေကြောင်း သိရသည်။
ဒဂုံမြို့နယ် အတွင်းရှိ ပြည်လမ်းမပေါ် ဆိုလျှင် လက်ရှိအချိန်၌ ပေ ၈၀ ပတ်လည် နှင့် အထက်ကဲ့သို့ မြေကွက်ဆိုပါက တစ်ပေပတ်လည် ပေါက်ဈေးမှာ ကျပ်ရှစ်သိန်းမှ ၁၀ သိန်းအထိ ရနိုင်ကြောင်း၊ လက်ရှိတွင်မူ ကျပ် ၃၂၅၀၀၀ သာ သတ်မှတ်ထားသည့် အတွက် ပေါက်ဈေးထက် နှစ်ဆမက လျော့နည်းနေကြောင်း သိရသည်။
ဗဟန်းမြို့နယ် အတွင်းရှိ ကမ္ဘာအေး ဘုရားလမ်းသည် လက်ရှိအချိန်တွင် တစ်ပေပတ်လည် ကျပ်ခြောက်သိန်းမှ ၁၀ သိန်း အထိ ပေါက်ဈေး ရှိသော်လည်း ယခုသတ်မှတ်ထားသည့် ဈေးမှာ တစ်ပေပတ်လည် ကျပ် ၃၂၅၀၀၀ သာ သတ်မှတ်ထားရာ ပေါက်ဈေးထက် များစွာလျော့နည်း လျက်ရှိကြောင်း၊ ဗဟန်းမြို့နယ်၊ ဦးချစ်မောင်၊ ဆရာစံလမ်းတို့ ကဲ့သို့သော လမ်းများမှာလည်း တစ်ပေပတ်လည် ကျပ်လေးသိန်းနှင့် အထက်အထိ ပေါက်ဈေးရှိသော်လည်း ယခုအခါ တစ်ပေပတ်လည် ကျပ် ၁၃၅၀၀၀ သာ သတ်မှတ်ထားကြောင်း၊ မရမ်းကုန်းမြို့နယ် ပြည်လမ်းဆိုလျှင်လည်း တစ်ပေပတ်လည် ကျပ် ၆ သိန်း ဝန်းကျင် ပေါက်ဈေး ရှိနေသည်ကို ယခုအခါ တစ်ပေပတ်လည် ၂၇၅၀၀၀ ကျပ်သာ သတ်မှတ်ထားရာ လမ်းမတန်းများရှိ ဈေးများသည် ပေါက်ဈေးထက် များစွာ နည်းပါးနေသည်။
စမ်းချောင်းမြို့နယ် ပြည်လမ်းဆိုလျှင် တစ်ပေပတ်လည် ကျပ်ရှစ်သိန်းအထိ ပေါက်ဈေးရှိသည်ကို ယခု တစ်ပေပတ်လည် ကျပ် ၂၇၅၀၀၀ သာ သတ်မှတ်ထားပြီး လှိုင်မြို့နယ် ပြည်လမ်းမရှိ မြေဈေးများကိုလည်း တစ်ပေပတ်လည် ကျပ် ခုနစ်သိန်း၊ ရှစ်သိန်း ပေါက်ဈေးရှိသည်ကို ကျပ် ၂၇၅၀၀၀ သာ သတ်မှတ်ထားသည်။
လှိုင်မြို့နယ်အတွင်း ရန်ကုန်-အင်းစိန် လမ်းမဆိုလျှင် အကွက်အကွင်းကောင်းလျှင် တစ်ပေပတ်လည် ကျပ်လေးသိန်းနှင့် အထက် ပေါက်ဈေး ရှိနေချိန်တွင် ယခု တစ်ပေပတ်လည် ကျပ် ၁၃၅၀၀၀ သာ သတ်မှတ်ထားကြောင်း၊ တစ်ပေပတ်လည် ကျပ်သုံးသိန်း ဝန်းကျင် ပေါက်ဈေးရှိသည့် တောင်ဥက္ကလာပမြို့နယ် ပါရီလမ်းမကိုလည်း ယခုအခါ တစ်ပေပတ်လည် ကျပ် ၇၅၀၀၀ သာ သတ်မှတ်ထားသည့် အတွက် ကွာဟချက်များ ဖြစ်နေသည်ဟု အိမ်ခြံမြေ အကျိုးဆောင်များမှ တွက်ချက် ပြောကြားခဲ့ကြသည်။
ထိုသို့ ကာလပေါက်ဈေးနှင့် ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့ (ရန်ကုန်တိုင်းဒေသကြီး) ၏ သတ်မှတ်ထားသည့် တစ်ပေပတ်လည် မြေဈေးနှုန်း ကွာဟသည့် အတွက် အိမ်ခြံမြေ ရောင်းဝယ်မှုများအပေါ် ကောက်ခံသည့် အခွန်နှုန်းထား ရရှိမှုမှာလည်း ရရှိသင့်သည်ထက် များစွာလျော့ကျ သွားမည်ဖြစ်ကြောင်း၊ အိမ်ခြံမြေ ရောင်းဝယ်မှုများ အတွက် ဝင်ငွေခွန် ရာခိုင်နှုန်း ၃၀ နှင့် တံဆိပ်ခေါင်းခွန် ခုနစ်ရာခိုင်နှုန်း စုစုပေါင်း ၃၇ ရာခိုင်နှုန်း ပေးဆောင်ရကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အခွန်ကောက်ခံ ရရှိမှုတွင် ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေ ရောင်းဝယ်မှုမှ ကောက်ခံရရှိသည့် အခွန်နှုန်းမှာ ရရှိသင့်သည်ထက် အဆပေါင်းများစွာ လျော့နည်းလျက်ရှိပြီး ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အခွန်ပေးဆောင် လာစေရန်အတွက် အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့မှ ခေါ်ယူတွေ့ဆုံ ပြောကြားရသည်အထိ ရှိလာသည်။
ကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့ မှ ကာလတန်ဖိုးသတ်မှတ်ပေးမည့် မြေကွက်စံနှုန်းများ
http://www.shweproperty.com/article/detail/472/standard-market
Ref : EMG
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties