By 7daydaily, Shweproperty.com
Updated at 29 December 2014
ရန်ကုန်မြို့စွန်၏ ဆင် ခြေဖုံးရပ်ကွက်များတွင် မြေကွက် ဝယ်လိုအားသိသိသာသာနည်း ပါးလာသဖြင့် ဈေးလျှော့ရောင်း နေရကြောင်း အိမ်ခြံမြေအကျိုး ဆောင်များကပြောသည်။ ‘‘မြေကွက်တော်တော်များ များအရောင်းအဝယ်မဖြစ်တာ လနဲ့ချီနေပြီ။ တချို့ကတော့ ကြာ လေဈေးကျလေဖြစ်မှာစိုးလို့ စော စော ထုတ်ရောင်းနေတယ်’’ ဟု မြောက်ဥက္ကလာပ မလိမင်းအိမ် ခြံမြေအကျိုးဆောင် ကိုဆိုင်းမိုင်ဘရိုင်ကပြောသည်။ အထူးသဖြင့် မြောက်ဥက္ကလာပ၊ မြောက်ဒဂုံ၊ ထောက်ကြန့်၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ ထန်းတပင်မြို့နယ်များရှိ မြို့စွန်မြေကွက်အချို့တွင် အရောင်းအဝယ် အေးနေသောကြောင့် အများစုမှာ ငွေပေါ်စေရန်ရသည့် ဈေးဖြင့်ထုတ်ရောင်းနေကြသည်ဟုဆိုသည်။ မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ဈေးကွက်သို့ အဓိကဝင်ရောက် အရောင်းအဝယ်လုပ်နေသောတရုတ်လူမျိုးအများစုသည် တရုတ်နိုင်ငံတွင် လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေးကို ဦးစားပေးလုပ်ဆောင်လာသဖြင့် အိမ်ခြံမြေဈေးကွက်သို့ ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် ခက်ခဲလာကြောင်း Lucky Joint အကျိုးဆောင်ကုမ္ပ ဏီမှ ဦးသန်းစိုးကပြောသည်။ စက်တင်ဘာ၌ ဖျက်သိမ်းခဲ့သည့် ရန်ကုန်မြို့သစ် စီမံကိန်း ဂယက်ကြောင့်လည်းမြို့စွန်များရှိ သိန်းသောင်းချီတန်မြေကွက်များအရောင်းအဝယ် မရှိသလောက် နည်းပါးသွားကြောင်းစိုင်းခွန်နောင် အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ မှ ဦးစိုင်းခွန်နောင်ကပြောသည်။ ‘‘ပြီးခဲ့တဲ့အပတ်က ဂျပန်က ကားဆားဗစ်စင်တာ အကြီးကြီး တစ်ခုဖွင့်ဖို့ မြို့စွန်ဘက်မှာ မြေ လာရှာတယ်။ ဈေးကြီးတော့ ပဲခူး ဘက်ကိုရောက်သွားတယ်’’ ဟု ဦးစိုင်းခွန်နောင်ကပြောသည်။ သိန်းရာကျော်တန်မြေကွက် အချို့ ဈေးအနည်းငယ်ကျပြီး အရောင်းအဝယ်ဖြစ်သော်လည်း သိန်းထောင်ချီတန်မြေကွက်များ မှာ ဈေးလျှော့ရောင်းမှု မရှိဘဲ တင်းခံနေကြောင်း ပြည်တွင်း အိမ်ခြံမြေဈေးကွက်မှ သိရသည်။
Ref : 7daydaily
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties