By mmtimes, Shweproperty.com
Updated at 4 August 2014
ဈေးနှုန်းများတည်ငြိမ်ရန်၊အိမ်ရာမြေများ၊ပိုမိုထုတ်ဖော်သင့် ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးနှုန်းများ အဆမတန်မြင့်မားနေခြင်းများကိုထိန်းချုပ်နိုင်ရန် နိုင်ငံတော်အဆင့်ဆွေးနွေး မှုများပြုလုပ်ကာ မူဝါဒများချမှတ်နိုင်ရန် အစိုးရကစီစဉ်ဆောင်ရွက်မှုများရှိနေ သော်လည်း အိမ်ခြံ မြေလုပ်ငန်းသည် ဈေးကွက်လည်ပတ်မှု တစ်ခုသာဖြစ်သည့်အတွက် ဝယ်လိုအားနှင့် ရောင်းလို အား မမျှတ ခြင်းကြောင့် မြေဈေးနှင့် အိမ်ဈေးများ ကြီးမြင့် လာခြင်းဖြစ်ပြီး မြို့နယ်များတွင် အိမ်ရာ၊ မြေရာများကို ပိုမိုဖော်ထုတ်ပေးနိုင်ပါက အိမ်ခြံမြေ ဈေးနှုန်းများ တည်ငြိမ်သွားနိုင်ကြောင်း အိမ်ခြံ မြေလုပ်ငန်းကျွမ်းကျင်သူများ က ပြောသည်။
"နိုင်ငံတော် အစိုးရက မြို့စွန်ဘက်တွေ မှာ ပါမစ်မြေတွေ များများချပေးမယ်ဆိုရင် မြေယာတွေ များပြားလာပြီး နေထိုင်မယ့်သူ တွေလည်း လွယ်လွယ်ကူကူ ဝယ်လာနိုင်မယ်။ အခုက ဝယ်ယူ မယ့်သူကများပြီး မြေကမရှိဘူး ဖြစ်နေတယ်။ ဒီလိုပဲ အဆောက်အအုံတွေကို လည်း လွတ်လပ် စွာဆောက်လုပ်ခွင့်ပေးမယ် ဆိုရင် တိုက်ခန်းတွေ ကွန်ဒိုတွေ ပေါများလာ ပြီး လူတွေနေထိုင်ဖို့ နေရာတွေ လွယ်ကူလာ မယ်။ ဒီတော့ အိမ်ခြံမြေဈေးတွေ တိုက်ခန်း ဈေးတွေက တက်လာစရာ အကြောင်း မရှိ တော့ပါဘူး။ သူ့အလိုလို တည်ငြိမ်သွားပါလိမ့် မယ်" ဟု ရွှေကံမြေအိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ ဦးခင်မောင်အေးက မြန်မာတိုင်း(မ်) ကိုပြောသည်။
ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံ၏ အချက်အချာကျသော မြို့ကြီးများ၏ အိမ်ခြံ မြေ တန်ဖိုးမြင့် တက်ခြင်းတို့ကြောင့် ဈေးနှုန်း များမှာလည်း တစ်နှစ်ထက်တစ်နှစ် ဈေးများ မြင့်တက်ခဲ့ရာမှ ယခု အခါတွင် စီးပွားရေးစီမံကိန်းများ၊ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုများ နှင့် ဈေးကစားသူများကြောင့် နေ့ပိုင်း၊ ရက်ပိုင်း နှင့် လပိုင်းအတွင်း၌ပင် ဈေးများ အဆမတန် မြင့်တက်လာခဲ့သည်။ ရန်ကုန်မြို့တွင်း၌ လည်း မြို့တွင်းနှင့် မြို့လယ်ကောင်နေရာများအပြင် မြို့ပြင် မြို့စွန်နေရာများတွင်ပါ မြေဈေးနှင့် အိမ်ဈေး များမှာ သာမန်လူမဝယ်ယူနိုင်သည့် ဈေးနှုန်း များဖြစ်ပေါ်နေကြောင်း ဦးခင်မောင်အေးက ပြောသည်။
"ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေဈေးနှုန်းတွေ ကလည်း မဖြစ်နိုင်တဲ့ဈေးနှုန်းတွေအထိ မြင့်တက်နေကြ တယ်။ မြို့ထဲက မြို့လယ်ကောင် ကနေရာတွေမပြောနဲ့ မြို့စွန်လိုနေရာမျိုးတွေ မှာတောင် ဈေး တွေက အရမ်းမြင့်နေပါတယ်။ ရန်ကုန်မြို့ကြီးမှာ ဝယ်လိုအားကများပြီး ရောင်းအားကနည်းတော့ မမျှဘူးဖြစ်နေတယ်။ ဒီမြေတွေက ဈေးကစားတဲ့သူတွေ ရင်းနှီး မြှုပ်နှံတဲ့သူတွေဆီမှာပဲ လည်နေ တယ်။ တကယ်နေမယ့်သူတွေက မဝယ်နိုင်ဘူး။ သာမန်လူတန်းစားတောင် မြို့စွန်မှာမြေဝယ် ပြီးနေဖို့ဆိုတာ မဖြစ်နိုင်တော့တဲ့ အခြေ အနေဖြစ်နေပြီ" ဟု ၎င်းကပြောသည်။
ရန်ကုန်မြို့၏ မြို့စွန်မြို့နယ်များ၏ မြေဈေးနှုန်းများသည် ပျမ်းမျှအားဖြင့် မြေတစ်ကွက်လျှင် ကျပ်သိန်း ၇၀၀ မှ ၂,၅၀၀ ထိရှိပြီး ကျပ်သိန်း ၇၀၀ နှင့် ၇၀၀ အောက်မြေများမှာ လမ်းနှင့် လျှပ်စစ်မီးမရှိသည့်နေရာများမှဖြစ်ကာ ကျပ်သိန်း ထောင်ဂဏန်းရှိသည့်မြေများမှာ မြို့နေ ရပ်ကွက်များနှင့် လမ်းမတန်းဘေးများတွင် ဖြစ်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။
"ဒီလိုအခြေအနေမျိုးဖြစ်နေတဲ့အတွက် နိုင်ငံတော်အစိုးရက အိမ်ခြံမြေဈေးနှုန်းတွေတည်ငြိမ်ဖို့ အမြန်ဆုံးလုပ်ဆောင်ပေးသင့်နေပါပြီ။ အစိုးရက ပါမစ်တွေကို တကယ်နေထိုင်မယ့်သူတွေကို များများပေးသင့်ပါတယ်။ တစ်ကယ်အဆောက်အအုံ ဆောက်မယ့်သူတွေကိုလည်း ပါမစ်မြေ တွေပေးသင့်ပါတယ်" ဟု ၎င်းက ပြောသည်။
ထို့ပြင် နိုင်ငံတော်အစိုးက အိမ်ခြံမြေဈေးနှုန်းများကိုထိန်းချုပ်ရေးအတွက် မူဝါဒ ချမှတ်နိုင်ရန်စီစဉ် နေမှုများတွင် မြန်မာနိုင်ငံ ၏ မြင့်မားနေသည့်ဝယ်လိုအား ဖြည့်ဆည်း နိုင်ရန် မြေယာများကိုဖော် ဆောင်ပေးခြင်း များ ပြုလုပ်ပေးသင့်ကြောင်း နိုင်ငံတော် သမ္မတ စီးပွားရေးအကြံပေး ဒေါက်တာ အောင်ထွန်းသက်ကပြောသည်။
"အိမ်ခြံမြေဈေးနှုန်းဆိုတာကလည်း ဈေးကွက်အခြေခံတစ်ခု ဖြစ်တဲ့အတွက် ဝယ်လိုအားနဲ့ ရောင်း လိုအား အားပြိုင်မှုပေါ်ပဲ မူတည်ပါတယ်။ ဈေးနှုန်းတွေ မြင့် တယ်ဆိုတာ ဝယ်တဲ့သူတွေများပြီး ပေးနိုင်တဲ့သူက နည်း နေလို့ဖြစ်တယ်။ ဝယ်လိုအားကို လိုက်မီနိုင် အောင် မြေယာတွေ များများ ဖော်ထုတ်ပေး မယ်၊ တိုက်ခန်းတွေ ဖော်ထုတ်ပေးမယ်ဆိုရင် အိမ်ခြံမြေဈေးနှုန်း အဆမတန်မမြင့် တော့ပဲနဲ့ တည်ငြိမ်သွားမှာပါ။ ဒါကြောင့် တာဝန်ရှိသူတွေကလည်း ဒီနည်းကိုပဲသွားလိမ့်မယ်လို့ ထင်ပါ တယ်" ဟု ၎င်းကပြောသည်။
ထို့ပြင် မြေယာများ အများအပြား ဖော် ထုတ်နိုင်ရေးအတွက် ခိုင်မာသည့် ဥပဒေများ လိုအပ်ပြီး ကွန်ဒိုတိုက်ခန်းများပေါ်ထွက်လာရေးအတွက် ကွန်ဒိုမီနီယံဥပဒေများလိုအပ်သည့်အတွက် ဥပဒေ များကိုလည်း အမြန်ဆုံး အကောင်အထည် ဖော်သင့်ကြောင်း ဒေါက်တာအောင်ထွန်းသက်က ပြောသည်။
ရန်ကုန်မြို့တွင် မြေဈေးနှင့် အိမ်ဈေးနှုန်း များ ကြီးမြင့်ရခြင်းမှာ လူနေထူထပ်လာမှုနှင့် အခြေခံ အဆောက်အအုံများ အားနည်းခြင်း ကြောင့် အိမ်၊ မြေနှင့် ကွန်ဒိုတိုက်ခန်းများ လိုအပ်ချက်မြင့်မား လာပြီး ဈေးနှုန်းများ လည်း မြင့်ရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း ဗဟို အလုပ် အမှုဆောင် ဦးမောင်အေးကပြောသည်။
"ရန်ကုန်မြို့မှာ မြို့လယ်ကောင်နဲ့ မြို့လယ်နဲ့မနီးမဝေးမှာရှိတဲ့မြို့နယ်တွေက လူနေအရမ်းထူထပ် တယ်။ ရန်ကုန်မှာနေထိုင်တဲ့သူတွေအပြင် နယ်ကရောက်လာကြတဲ့သူတွေရဲ့နေရာလိုအပ်ချက် ကလည်း တဖြည်းဖြည်းနဲ့မြင့်လာပြီး ရန်ကုန်မြို့ရဲ့အခြေခံအဆောက် အအုံဖြစ်တဲ့ လမ်းပန်းဆက် သွယ်ရေးတွေက မကောင်းတော့ မြို့လယ်ကောင်နဲ့ မြို့ထဲနဲ့နီးတဲ့ မြို့နယ်တွေမှာပဲ စုပြုံလာကြ တယ်။ မြို့စွန် ဘက်တွေမှာကျတော့ စီးပွားရေးလုပ်တဲ့သူ တွေ ပြောင်းရွှေ့လာတဲ့သူတွေနဲ့ နေရာ လိုအပ်ချက်က ရှိတာပဲ။ နေရာလိုအပ်ချက်တွေ များလာပြီး နေရာတွေကအလုံအလောက် မရှိ တော့ ဈေးတွေမြင့်ကုန်တာပါ" ဟု ၎င်းက ပြောသည်။
ထို့ပြင် ရန်ကုန်မြို့တွင် အိမ်ခြံမြေ ရင်းနှီး မြှုပ်နှံမှုသည် ကောင်းမွန်သည့်စီးပွားရေးဖြစ်လာခြင်း ကြောင့် ရန်ကုန်မြို့၏မြို့နေ လူအများစုသည် အိမ်ခြံမြေပွဲစားလုပ်ငန်း၊ အိမ်ခြံမြေဈေးကစားခြင်းနှင့် အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုများကိုသာလုပ်ကိုင်နေကြ ကြောင်း ဦးမောင်အေးကပြောသည်။
Ref : MM TIMES
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties