By 7daydaily, Shweproperty.com
Updated at 5 December 2016
တန်ဖိုးနည်းအိမ်ရာစီမံ ကိန်းများကို ကျပ်သိန်း ၁၀၀ အောက်ဖြင့်ရောင်းချနိုင်ရေး အခန်း အကျယ်လျှော့ချ တည်ဆောက်ရန် စီစဉ်နေကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ သတင်းရရှိသည်။
လက်ရှိအနိမ့်ဆုံးဈေးဖြင့် ရောင်းချနေသည့် ကျပ်သိန်း ၁၂၀ တန်တိုက်ခန်းများသည် အမှန်တ ကယ်ဝယ်ယူ နိုင်မှုနည်းပါးနေသဖြင့် နောက်ပိုင်း အသစ်တည်ဆောက်မည့်အိမ်ရာစီမံကိန်းများတွင်ကျပ်သိန်း၁၀၀အောက်ဖြင့် ဝယ်ယူနိုင်ရန်စီစဉ်နေခြင်းဖြစ်သည်ဟုဆိုသည်။
ယခင်အိမ်ရာစီမံကိန်းများ သည် ပေ ၂၀ x ၄၀အခန်းများဖြစ် ၍ ဈေးနှုန်းလျှော့ချရောင်းချနိုင် ခြင်းမရှိခဲ့ပေ။
လာမည့် ၂၀၁၇တွင် ကျန် စစ်မင်းအိမ်ရာနှင့် သီလဝါတို့၌ အသစ်တည်ဆောက်ရန် တင်ဒါ ခေါ်ယူထားပြီဖြစ်ရာ အဆိုပါအိမ် ရာစီမံကိန်းများတွင် စတင်နိုင်ရန် ရည်ရွယ်ထားသည်။
လက်ရှိတွင် အိမ်ရာဝယ်ယူ ရေးစနစ်ကို ဘဏ်စုဆောင်းငွေ များဖြင့် ဝယ်ယူနိုင်သည့်အလေ့ အကျင့်ရရှိစေရန်အတွက်လည်း စတင်နေပြီဖြစ်ပြီး ဆောက်လုပ် ရေးဝန်ကြီးဌာနသည် တန်ဖိုးနည်း အိမ်ရာစီမံကိန်းသုံးခုမှ အခန်း ၆၀၀ကျော်ကို ဘဏ်ချေးငွေဖြင့် စတင်ရောင်းချနိုင်ရန် ပြင်ဆင်နေသည်။ တန်ဖိုးနည်းအိမ်ရာစီမံကိန်း များကို အစိုးရအနေဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပူးတွဲတည် ဆောက်မှသာအခန်းတန်ဖိုးသက် သက်သာသာဖြင့် ရောင်းချနိုင် မည်ဖြစ်ကြောင်း ဧရာမြန်မာ ဆောက်လုပ်ရေးလုပ်ငန်းရှင်ဦး ဝင်းစိုးကသုံးသပ်သည်။
အစိုးရသစ်ထက်လက်တွင် တစ်နိုင်ငံလုံး၌ တန်ဖိုးနည်းအိမ် ရာ အခန်းပေါင်း ၈၀၀,၀၀၀ခန့်တည်ဆောက် ရန်ရည်ရွယ်ထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်က ပြောကြားထားသည်။
Ref : 7daydaily
Photo Credit : Social
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties