By THe Kumudra, Shweproperty.com
Updated at 16 May 2017
အရစ်ကျစနစ်နဲ့ ရောင်းနေတဲ့တိုက်ခန်း တွေထဲမှာ သိန်း (၃၀ဝ) အောက် တန် ဖိုးရှိ တိုက်ခန်းတွေ အိမ်ခြံမြေဈေး ကွက်မှာ အရောင်းအဝယ် ကောင်းနေ တယ်လို့ သိရပါတယ်။
အိမ်ခြံမြေဈေးကွက်မှာ ခုလက်ရှိမှာတော့ ကွန်ဒိုတိုက်ခန်းတွေထက် သာမန် တိုက်ခန်းတွေကိုပဲ အရစ်ကျနဲ့ဝယ်ယူသူတွေများနေပါတယ်၊ ပြီးတော့ ဝယ် ယူသူတွေဟာ အရစ်ကျနဲ့ ရောင်းချနေတဲ့တန်ဖိုးနည်းတဲ့ သိန်းရာဂဏန်းေ လာက် အိမ်တွေကို စိတ်ဝင်စားမှုများနေပြီး အရောင်း အဝယ်တွေလဲေ ကာင်းနေပါတယ်လို့ အာရှဆောက်လုပ်ရေး အထွေထွေမန်နေဂျာ ဦးရန်အောင်က ပြောပါတယ်။
လက်ရှိမှာကတော့ ကျပ်သိန်း (၂၀ဝ) ကျော်တန်ဖိုးရှိတဲ့ အရစ်ကျစနစ်နဲ့ ဝယ် ယူနိုင်တဲ့ တိုက်ခန်းတွေ ပိုပြီး အရောင်းအဝယ်ကောင်းနေပါ တယ်။
တိုက်ခန်းတစ်ခန်းကို ဝယ်ယူတော့မယ်ဆိုရင် ဝယ်သူတွေက တိုက်ခန်း အ ရည်အသွေး၊ လူနေထိုင်ခွင့်၊ မီတာ၊ကာလပေါက်ဈေး၊ အရစ်ကျနဲ့ ရောင်း တာလားဆိုတဲ့ အချက်တွေကို အရင်ကြည့်ကြပါ တယ်။ အခုချိန်မှာ တိုက် ခန်း ဝယ်သူတွေက ဈေးကစားဖို့ ဝယ်ကြ တာမျိုးမဟုတ်ဘဲ နေထိုင်ဖို့ဝယ် သူတွေ များတယ်။ ဝယ်သူတွေက လည်း ကျပ်သိန်း (၂၀ဝ) နဲ့ သိန်း (၃၀ဝ) ကြားတန်ဖိုးလတ် တိုက်ခန်းတွေကို ပိုပြီး ဝယ်ယူလာကြပါတယ်။
ဝယ်ယူလိုသူအများစုက ငါးနှစ်အရစ်ကျနဲ့ တိုက်ခန်းတွေကို ဝယ်ယူလို တာေ တွ့ရပါတယ်။ တိုက်ခန်းဝယ်ယူသူတွေက နှစ်ရှည်အရစ်ကျနဲ့ တိုက်ခန်းတွေ ကို ဝယ်ယူလိုကြပေမဲ့ ဘဏ်တိုးနှုန်း (၁၃) ရာခိုင်နှုန်းကိုလည်းထည့် သွင်းစဉ်း စားဖို့လိုပါတယ်။
တန်ဖိုးမြင့်သိန်းထောင်ကျော် တိုက်ခန်းတွေ မဟုတ်ဘဲ တန်ဖိုးလတ် တိုက် ခန်းတွေ ဖြစ်တာကြောင့် အရစ်ကျ ငါးနှစ်လောက်ဆို လုံလောက်ပါတယ်။ စတင်ဝယ်ယူချိန်မှာ (၃၀) ရာခိုင်နှုန်းပေးပြီးရင် ငါးနှစ် အရစ်ကျဆိုတစ်လကို ကျပ်ငါးသိန်း ဝန်းကျင်လောက်ပဲ ရှိတာကြောင့် စိတ်ဝင်စားမှု များနေတာ ဖြစ် ပါတယ်။
ဒါ့အပြင် ဆောက်လုပ်ရေး ကုမ္မဏီအများစုက ပုဂ္ဂလိကဘဏ်တွေနဲ့ ချိတ် ဆက်ပြီး အရစ်ကျစနစ်နဲ့ တိုက်ခန်းတွေကိုရောင်းချနိုင်အောင် ကြိုးစားလာ ကြတယ်။ အရင်အိမ်ရာဝယ်သူတွေက ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး အရစ်ကျ နဲ့ဝယ် ရပေမဲ့အခုဆိုရင်ဆောက်လုပ်ရေး လုပ်ငန်းရှင်ကိုယ်တိုင် ဘဏ်တွေ နဲ့ချိတ်ပြီး အရစ်ကျဝယ်သူတွေ အတွက်ဆောက်လုပ်ရေးကုမ္မဏီတွေက အာ မခံချက်ပေးနေကြ ပါတယ်။
အဲသည်လို ဘဏ်တွေနဲ့ချိတ်ဆက်ပြီး အိမ်ရာတွေကိုအရစ်ကျစနစ်နဲ့ ရောင်း တဲ့အခါ ဘဏ်တွေကို (၃၀) ရာခိုင်နှုန်းလက်ငင်းပေးရပြီး ကျန် ၇၀ ရာခိုင်နှုန်း ကို အရစ်ကျပေးရပါတယ်။ လက်ရှိအချိန်မှာပြည်တွင်း ဘဏ်တွေက အိမ် ရာတွေ ကို နှစ် နှစ်ကနေ (၁၀) နှစ်အထိ အရစ်ကျနဲ့ ရောင်းချပေးနေတာတွေ ရှိကြောင်း သိရပါတယ်။
တချို့ဘဏ်တွေဆိုရင် အိမ်ရာတွေကို (၁၀) နှစ်လောက်အထိ အရစ်ကျ ဝယ် ယူနိုင်အောင် ချေးငွေပေးလာကြပါပြီ။ တချို့ဆောက်လုပ်ရေး လုပ်ငန်းရှင်ေ တွနဲ့ ဘဏ်တွေချိတ်ဆက်ပြီးရောင်းတဲ့ အိမ်ရာတွေဆို အရစ်ကျ စနစ်ကို (၁၅) နှစ်အထိ ပေးလာကြတယ်။ သည်တစ်နှစ် နှစ်နှစ်အတွင်းမှာပဲ အရစ်ကျေ ပးချေချိန်ပိုမိုကြာမြင့်လာပေမဲ့ဘဏ် တိုးနှုန်း (၁၃) ရာခိုင်နှုန်းကတော့ ပြောင်း လဲမှုမရှိသေးပါဘူး။
နှစ်ရှည်အရစ်ကျနဲ့ တိုက်ခန်းဝယ်ယူလိုသူတွေအတွက် သင့်တော်တဲ့ အတိုးနှုန်းတစ်ခုသတ်မှတ်သင့်ပြီး လက်ရှိမြန်မာနိုင်ငံစီးပွားရေးအနေ အထား အရအတိုးနှုန်း ငါးရာခိုင်နှုန်းကနေ (၁၀) ရာခိုင်နှုန်းအတွင်းမှာ သာရှိသင့်ပါ တယ်။
ဒါ့အပြင် ဆောက်လုပ်ရေးဝန်ကြီးဌာနလက်အောက်ရှိဆောက်လုပ် ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ နိုင်ငံတော်က တည်ဆောက်နေ တဲ့ သိန်း (၁၀ဝ) ဝန်းကျင်တန်ဖိုးနည်း အိမ်ရာစီမံကိန်းတွေအတွက် အတိုးနှုန်း (၁၃) ရာခိုင်နှုန်း နဲ့ ရှစ်နှစ် အရစ်ကျချေးငွေတွေ ပေးနေ ပါတယ်။
Ref : The Kumudra
Photo Credit : global
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties