By 7daydaily, Shweproperty.com
Updated at 17 September 2016
ကျပ် ၅၀၀ တန်ထီ စတင်ဖြန့်ဝေရောင်းချမည့် ၂၀၁၇ မတ်လကစ၍ ကျပ် ၂၀၀ တန်ထီလက်မှတ်စောင်ရေ သိန်း ၃၃၀ ကျော် လျှော့ချရောင်းချ မည်ဖြစ်ဟု သတင်းရရှိသည်။
ပြည်တွင်းအခွန်များ ဦးစီး ဌာနသည် ကျပ် ၂၀၀ တန်ထီ အက္ခရာ ၄၀ ရိုက်ထုတ်ရောင်းချ ပေးနေခြင်းဖြစ်ကာ ကျပ် ၅၀၀ တန်ထီ စတင်ဖြန့်ဝေရောင်း ချမည့် လကစ၍ အက္ခရာသုံးလုံးသာရိုက် ထုတ်ရောင်းချပေးမည်ဖြစ်ခြင်း ကြောင့် ထီစောင်ရေ သိသာစွာလျော့ကျမည်ဟု အဆိုပါဦးစီးဌာ နညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ် က ပြောသည်။
‘‘အက္ခရာ တစ်လုံးကို ထီ စောင်ရေ ကိုးသိန်းလောက်ထွက် တယ်။ အက္ခရာသုံးသုံးပဲ ထုတ် မယ်ဆိုတော့ စောင်ရေက ၂ ဒသမ ၇ သန်းလောက်ပဲ ဈေးကွက်ထဲဖြန့်ဝေဖြစ်တော့မယ့်သဘောပါ’’ ဟု ဦးမင်းထွဋ်က ပြောသည်။
အက္ခရာ တစ်လုံးလျှင် ထီ စောင်ရေ ကိုးသိန်းခန့် ရှိခြင်း ကြောင့် လက်ရှိတွင် အက္ခရာ ၄၀ ရိုက်ထုတ်နေချိန်၌ ထီစောင်ရေမှာ သိန်း ၃၆၀ ခန့်ရှိနေသည်။
ထီအက္ခရာသုံးလုံးသာထုတ် လုပ်မည်ဆိုပါက ကျပ် ၅၀၀ တန် ထီ စတင်ဖြန့်ဝေမည့်လတွင် အ စောင်ရေသိန်း ၃၃၀ ကျော်လျော့ ကျလာမည်ဖြစ် သည်။
ထီစောင်ရေလျှော့ချထုတ် ဝေခြင်းမှာ လက်ရှိဈေးကွက်တွင် ကောက်ယူရရှိသည့် လေ့လာမှု စစ်တမ်းအရ ထီထိုးသူနှင့် ရောင်း ချသည့် ကိုယ်စားလှယ် များမှာ ကျပ် ၅၀၀ တန်ထီကို ပို၍စိတ်ဝင်စားမှုများနေခြင်းကြောင့် ဖြစ်သည်ဟု ဦးမင်းထွဋ်က ပြောကြား သည်။
ထီစောင်ရေလျှော့ချထုတ် လုပ်ရောင်းချမည်ဆိုသော်လည်း ထီဆုမဲကို လျှော့ချမည်မဟုတ်ဘဲ လက်ရှိ ဖွင့်လှစ်ပေးနေသည့်အ တိုင်းသာ ဆက်ရှိနေမည်ဟု သတင်းရရှိသည်။
‘‘ထီစောင်ရေလျှော့ပြီး ဆု ငွေမလျှော့ဘူးဆိုရင်တော့ ထီထိုး သူတွေအတွက် ပေါက်နိုင်တဲ့ အ ခွင့်အလမ်းပိုများလာနိုင်တဲ့ အနေ အထားတွေ့ရ တယ်။ သူ့အကြိုက် နဲ့သူတော့ရှိနေဦးမှာပါ။ ချက်ချင်း တော့ ၂၀၀ တန်ထီထိုးသူမပျောက် နိုင်ပါဘူး’’ ဟု တစ်နိုင်တစ်ပိုင်ဖွင့်လှစ်ရောင်းချနေသည့် ထီအ ရောင်းကိုယ်စားလှယ်တစ်ဦးက မှတ်ချက်ပြုသည်။
ပြည်တွင်း အခွန်များဦးစီး ဌာနသည် ကျပ် ၂၀၀ တန်ထီ လျှော့ချပြီးနောက် ကျပ် ၅၀၀ တန် ထီလက်မှတ်များကို အစား ထိုးတိုး၍ ထုတ်ဝေ မည်ဖြစ်သော် လည်း အရေအတွက်ကို ခန့်မှန်း ထားရသေးခြင်းမရှိဟု ဦးမင်းထွဋ် က ဆိုသည်။
ကျပ် ၅၀၀ တန် ထီလက် မှတ်ရောင်းချမည့် ကိုယ်စားလှယ် များကို ယခုအချိန်တွင် ဖိတ်ခေါ် ထားဆဲဖြစ်ပြီး ရောင်းချလိုသူများ သည် လစဉ်ဝယ် ယူရောင်းချမည့် ထီစောင်ရေစာရင်းကို တင်ပြကာ ပြည်တွင်း အခွန်များဦးစီးဌာနတွင် လျှောက်ထားကြရမည်ဖြစ်သည်။
ထီကိုယ်စားလှယ်များက ရောင်းချသည့် ထီတစ်စောင်ချင်း ဈေးမမြင့်မားစေရန် ထီလက်မှတ် တွင် အကြိမ်ရေအလွတ်ရှိမည့် ကျပ် ၅၀၀ တန် ထီလက်မှတ်အ ရန်များ ထားရှိမည်ဖြစ်ပြီး ဈေးမြင့် လာပါက အများပြည်သူသို့ တရား ဝင်ကြေညာကာ ယင်းအရန် ထီ လက်မှတ်များကို ဈေးကွက် အ တွင်း ထည့်သွင်းဖြန့်ဖြူးပြီး ဈေး နှုန်းထိန်းညှိမည်ဟု ဦးမင်းထွဋ်က ပြောသည်။
Ref : 7daydaily
Photo Credit : Social
Posted By : Wai Phyoe
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties