By 7daydaily, Shweproperty.com
Updated at 16 September 2016
ကျပ် ၅၀၀ တန်ထီဖွင့် လှစ်ပါက လက်ရှိဖွင့်လှစ်ပေးနေ သည့် ကျပ် ၂၀၀ တန်ထီလက်မှတ်စောင်ရေ လျှော့ချထုတ်လုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ထီကိုယ်စားလှယ်များနှင့် ထီကံစမ်းလိုသူများသည် ၂၀၁၇ ဧပြီတွင် ဖွင့်လှစ်မည့် ကျပ် ၅၀၀ တန်ထီကို စိတ်ဝင်စားမှု များနေ သောကြောင့် အဆိုပါထီ စတင် ရောင်းချသည့် လကစ၍ ကျပ် ၂၀၀ တန် ထီလက်မှတ် ဖြန့်ဖြူး ထုတ်လုပ်မှုကို လျှော့ချမည်ဟု ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ် က ပြောသည်။
‘‘ဆုကြေးငွေကိုတော့ မ ပြောင်းဘူး။ ရိုက်ထုတ်ရောင်းချ ပေးမယ့် ထီလက်မှတ်စောင်ရေကို ပဲ လျှော့ချမှာ။ ပုံမှန်အတိုင်းထုတ် လုပ်ပြီး မရောင်းရဘူးဆိုရင် နိုင်ငံ တော်အတွက် ဆုံးရှုံးမှုတွေရှိနိုင် တာကြောင့်ပါ’’ဟု ဦးမင်းထွဋ်က ပြောသည်။
နိုင်ငံတော်က ထီလက်မှတ် ရိုက်ထုတ်ပြီးနောက် မရောင်းချနိုင်ပါက အက္ခရာ တစ်ခုလျှင်ကျပ်သိန်း ၅၀ ခန့် ဆုံးရှုံးမှုရှိနိုင်သည်ဟုဆိုသည်။ ကျပ် ၂၀၀ တန်ထီလက်မှတ်ရိုက်နှိပ်ရောင်းချသည့်အရေအတွက်ကို လျှော့ချမည်ဆိုသော် လည်း ယခုအချိန်အထိ မည်မျှ လျှော့ချမည်ကို အတည်မပြုနိုင် သေးဘဲ ထီအရောင်းကိုယ်စား လှယ်များ၏ သဘောထားကို ရ ယူနေဆဲဖြစ်သည်ဟု ဦးမင်းထွဋ် က ပြောသည်။
‘‘အခုအထိ ကိုယ်စားလှယ် တွေရဲ့သဘောအရကတော့ ကျပ် ၅၀၀ တန်ထီကို ပိုပြီးစိတ်ဝင်စား နေကြတယ်။ ကျပ် ၂၀၀ တန်ထီ ကိုလည်း ဆက်ရောင်းမယ်။ ဒါ ပေမဲ့ အခုလောက်တော့ ဆက်မယူကြတော့ဘူး ပြောတယ်’’ဟု ၎င်းက ဆိုသည်။
ကျပ် ၅၀၀ တန်ထီလက်မှတ် ကို ၂၀၁၇ မတ်လတွင် စတင်ဖြန့် ချိရောင်းချမည်ဖြစ်ပြီး အမြင့်ဆုံး ဆုငွေကို ကျပ်သိန်း တစ်သောင်းပေး မည်ဆို၍ ထီလောကအတွင်း စိတ်ဝင်စားမှု မြင့်တက်နေသည်။
လက်ရှိဖွင့်လှစ်ရောင်းချနေ သည့် ကျပ် ၂၀၀ တန်ထီမှာ အ မြင့်ဆုံးဆုကြေးအဖြစ် ကျပ်သိန်း တစ်ထောင့်ငါးရာသာ သတ်မှတ်ထားသည်။
လက်ရှိအချိန်တွင် အစိုးရ က အောင်ဘာလေထီဖွင့်ရာ၌ ထီ လက်မှတ်ရောင်းရငွေ၏ ၄၀ ရာ ခိုင်နှုန်းကို နိုင်ငံတော်ဘဏ္ဍာငွေ အဖြစ် ရယူ၍ ကျန် ၆၀ ရာခိုင်နှုန်း ကို ဆုငွေအဖြစ် ထုတ်ပေးနေခြင်း ဖြစ်သည်။ ကျပ် ၂၀၀ တန်ထီလက် မှတ်ကို တစ်လလျှင် အစောင်ရေ သိန်း ၂၇၀ ခန့်ရိုက်ထုတ်ရောင်းချ ပြီး ဖွင့်လှစ်ပေးသည့် ဆုမဲအရေ အတွက်မှာ လေးသောင်းကျော်ရှိ ကြောင်း အောင်ဘာလေသိန်းဆု ဌာနမှတ်တမ်းများက ဆိုသည်။
Ref : 7daydaily
Photo Credit : thadinhtoo
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties