By Lily, Shweproperty.com
Updated at 24 December 2024
၂၀၂၅ ခုနှစ်မှာ စီးပွားရေးတွေ ပိုတိုးတက်ဖို့၊ ကောင်းသော energy တွေ စီးဆင်းနိုင်ဖို့အတွက် ဖုန်းရွှေ အစီအရင်ကနေ အကြံပြုထားတဲ့ ကံကောင်းစေတဲ့အရောင်တွေ ထွက်ပေါ်လာပါပြီ။ တရုတ်ရာသီခွင်မှာ မြေကြီး၊ သတ္တု၊ ရေ၊ သစ်နဲ့ မီးဆိုပြီး ဓာတ်ကြီး ငါးမျိုးရှိပါတယ်။ အဲဒီ ၅ မျိုးလုံး ညီညွတ်မျှတနေမှသာ ကောင်းသော စွမ်းအင်တွေ စီဆင်းနိုင်မှာ ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်မှာတော့ မီးဓာတ် သိသိသာသာ လျော့နည်းနေပြီး သစ်နဲ့ရေဓာတ်က ပိုများပိုလျှံနေပါတယ်။ သတ္တုကတော့ လုံးဝပျောက်နေသလို မြင်ရပါတယ်။ ဒါကြောင့် ဓာတ်ကြီးငါးပါးကို ညှိဖို့ လိုအပ်ပါတယ်။ ဓာတ်ကြီး ၅ ပါးကို အရောင်တွေနဲ့လည်းညှိပြီး ကောင်းသောကံတွေကို ဆွဲဆောင်နိုင်ပါတယ်။ ကံကောင်းစေတဲ့အရောင်တွေကို နေအိမ်ရဲ့ အတွင်းပိုင်းနဲ့ အပြင်ပိုင်း ပြင်ဆင်တည်ဆောက်တဲ့နေရာမှာ အသုံးပြုနိုင်သလို မိမိရဲ့ အသုံးအဆောင်နဲ့ ပစ္စည်းတွေမှာလည်း အသုံးပြုပေးနိုင်ပါတယ်။ ဒါဆို ၂၀၂၅ ခုနှစ်မှာ ဘယ်အရောင်တွေ ကံကောင်းနိုင်မလဲဆိုတာ ကြည့်လိုက်ရအောင်။ လိမ္မော်ရောင်- အနီရောင် အနီရောင် သို့မဟုတ် လိမ္မော်ရောင်တွေကို ၂၀၂၅ ခုနှစ်မှာ ကြွယ်ဝမှု၊ ဝင်ငွေကံ အားကောင်းလာစေဖို့ အသုံးပြုသင့်တယ်လို့ ဆိုပါတယ်။ အနီရောင်ဟာ ၂၀၂၅ ခုနှစ်အတွက် လိုအပ်တဲ့ မီးဓာတ်ကို ကိုယ်စားပြုပြီး လူရဲ့ စိတ်အားထက်သန်မှုအလိုက် ကြွယ်ဝချမ်းသာမှုကို ပြောင်းလဲစေတယ်လို့ ဆိုပါတယ်။ အဝါရောင် အဝါရောင်ဟာ အောင်မြင်မှုကို ကိုယ်စားပြုပါတယ်။ တည်ငြိမ်မှု၊ ကြီးထွားမှုကို ကိုယ်စားပြုတဲ့ အဝါရောင်ကို လုပ်ငန်းခွင်အလားအလာတွေအတွက် အသုံးပြုဝတ်ဆင်ပေးနိုင်ပါတယ်။ ခရမ်းရောင် ခရမ်းရောင်ဟာ မီးနဲ့ ရေဒြပ်စင်ကြား ဟန်ချက်ညီစေတဲ့ အရောင်ဖြစ်ပါတယ်။ ခရမ်းရောင်ဟာ ဉာဏ်ပညာနဲ့ မြင့်မြတ်မှုကို ကိုယ်စားပြုပြီး စိတ်ကူးသစ်နဲ့ ကံကောင်းခြင်းတွေကို တိုးပွားစေပါတယ်။ တရုတ်နှစ်တွေအလိုက် ဆောင်သင့်တဲ့ အရောင်တွေကတော့ ဒီလိုပါ။ ကြွက်နှစ်ဖွား: အပြာရောင်၊ ရွှေရောင်နဲ့ အစိမ်းရောင် နွားနှစ်ဖွား :အဖြူ၊ အဝါနဲ့ ငွေရောင် ကျားနှစ်ဖွား: လိမ္မော်၊ အပြာနဲ့ မီးခိုး ယုန်နှစ်ဖွား : ပန်းရောင်၊ ခရမ်းရောင်၊ အစိမ်းရောင် နဂါးနှစ်ဖွား: ရွှေရောင်၊ ငွေရောင်၊ အနီရောင် မြွေနှစ်ဖွား : အနက်၊ အစိမ်း၊ အနီ မြင်းနှစ်ဖွား : အဝါ၊ လိမ္မော်၊ အညို ဆိတ်နှစ်ဖွား : အစိမ်း၊ ပန်းရောင်၊ အဖြူရောင် မျောက်နှစ်ဖွား : အဖြူရောင်၊ အပြာရောင်၊ ရွှေရောင် ကြက်နှစ်ဖွား: အဝါ၊ အညို၊ လိမ္မော် ခွေးနှစ်ဖွား: အနီ၊ အစိမ်း၊ ခရမ်း ဝက်နှစ်ဖွား: ပန်းရောင်၊ အဝါနဲ့ မီးခိုးရောင် တွေကို အသုံးပြုသင့်တယ်လို့ ဖုန်းရွှေနည်းက ဆိုထားပါတယ်။ ကံကောင်းစေမယ့်အရောင်တွေကို သိပြီးပြီဆိုတော့ ဒီအရောင်တွေကို အသုံးပြုပြီး နှစ်သစ်ကို သံကောင်းခြင်းတွေနဲ့ စတင်လိုက်ရအောင်နော်။ Written By : Lily ( ShweProperty.com )
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties