By Sint Sint, Shweproperty.com
Updated at 23 November 2020
Unicode
ကိုဗစ်ကာလမှာ ကိုယ်ခံအား ကောင်းအောင် ဂရုစိုက်မှုနဲ့အတူ မဖြစ်မနေ ဂရုစိုက်ကာကွယ်ရမယ့် အစိတ်အပိုင်းလေး ရှိပါတယ်။ ဒါကတော့ ကိုဗစ်ဗိုင်းရပ်စ် အဓိက ဝင်ရောက် ဖျက်ဆီးပစ်နိုင်တဲ့ အဆုတ်ပါ။
အဆုတ်နဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာဖို့က ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာဖို့ အရေးပါသလို အခုလို ကိုဗစ်ကာလမှာလည်း ကျန်းမာနေစေဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ဒီတစ်ခေါက်တော့ အဆုတ်လေး ကျန်းမာစေဖို့ လိုက်နာသင့်တဲ့ နေထိုင်စားသောက်မှုပုံစံလေးကို ပြောပြပေးပါရစေ။
COVID-19ကာလ အဆုတ်လေးတွေ ကျန်းမာစေဖို့ ဘာတွေကို လိုက်နာရမလဲ။ကိုဗစ်ကာလမှာ အဆုတ်လေး ကျန်းမာနေစေဖို့ဆိုရင် နေ့စဉ်နေထိုင်မှုပုံစံကို အခုလိုလေး ပြောင်းလဲဖို့ လိုပါမယ်။
အိမ်တွင်း လေထု သန့်စင်ပါစေ
အခုလိုကာလက နေအိမ်မှာ နေထိုင်ရတဲ့အချိန် ပိုများပါတယ်။ ဒီတော့ ကျန်းမာနေစေဖို့ဆိုရင် နေအိမ်တွင်း လေထု သန့်စင်ဖို့က တော်တော်လေး အရေးကြီးပါတယ်။ ဒါကြောင့် နေအိမ်ကို နေ့စဉ် သန့်ရှင်းရေး လုပ်ပါ။ ဖုန်စုပ်ပါ။ လိုက်ကာတွေ၊ အိပ်ရာခင်းတွေကို ပုံမှန် လဲလှယ်ပါ။တစ်လတစ်ခေါက်လောက် တစ်အိမ်လုံးကို ဖုန်ခါပစ်ပါ။ လေဝင်လေထွက်ကောင်းစေဖို့လည်း ဂရုစိုက်ပါ။
ရေများများသောက်ပါ
ခန္ဓာကိုယ် ကျန်းမာဖို့အတွက်က ရေဓာတ်ပြည့်ဝဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ရေဓာတ် ပြည့်ဝမှုက ကိုယ်ခံအား ကောင်းစေသလို အဆုတ် ကျန်းမာစေဖို့လည်း အားဖြည့်ပေးပါတယ်။
ရေများများသောက်တာက အဆုတ်ကို ချွဲတွေကြောင့် ထိခိုက်တာမျိုး ဖြစ်နိုင်ခြေကို လျှော့ချပေးပြီး အသက်ရှူရ ကောင်းစေပါတယ်။ အသက်ရှူလမ်းကြောင်း ပိုးဝင်ကူးစက်တာကိုလည်း ကာကွယ်ပေးပါတယ်။
ဆေးလိပ် မသောက်ပါနဲ့
ဆေးလိပ်သောက်တာက အဆုတ် ကျန်းမာရေးကို အားနည်းစေနိုင်ပါတယ်။ ကိုယ်ခံအားကို ထိခိုက်စေသလို အဆုတ်ကင်ဆာအပါအဝင် အမျိုးမျိုးသော အဆုတ်ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အဆုတ်လေးကို ကိုဗစ် ရန် နဲ့ အခြားသော ရောဂါပိုးတွေ အန္တရာယ်ကနေ ကာကွယ်ဖို့ ဆေးလိပ် ဖြတ်ပါ။
ဆေးလိပ်အပြင် vape သောက်တာ၊ e-cigs သောက်တာတွေကိုပါ မလုပ်ပါနဲ့။ ဒါတွေက အဆုတ် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကိုလည်း တတ်နိုင်သမျှ ရှောင်ပါ။
လေ့ကျင့်ခန်း လုပ်ပါ
ကြွက်သားတွေနဲ့ ခန္ဓာကိုယ် ကြံ့ခိုင် ကျန်းမာစေဖို့ လေ့ကျင့်ခန်း လုပ်ရသလို အဆုတ် ကျန်းမာစေဖို့လည်း လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။ နေ့စဉ် လေ့ကျင့်ခန်း ပုံမှန် လုပ်တာက ကိုယ်ခံအားကောင်းစေသလို အဆုတ်ကိုလည်း ကျန်းမာစေမှာပါ။လေ့ကျင့်ခန်း လုပ်တာက အဆုတ်ကို သန့်စင်စေပါတယ်။ ဒါကြောင့် နေ့စဉ် ကိုယ်လက် လေ့ကျင့်ခန်း လုပ်ပါ။
အသက်ရှူ လေ့ကျင့်ခန်း လုပ်ပါ
ကိုယ်လက်လေ့ကျင့်ခန်း လုပ်သလို အသက်ရှူလေ့ကျင့်ခန်းကိုလည်း ပုံမှန် လုပ်သင့်ပါတယ်။ အသက်ရှူ လေ့ကျင့်ခန်း လုပ်ပေးတာက အဆုတ်ရဲ့ စွမ်းဆောင်ရည်ကို ကောင်းမွန်စေသလို အဆုတ်ကို သန့်စင်စေပါတယ်။ဒါကြောင့် မနက်ခင်းတိုင်းမှာ အဆုတ်အတွက် အကျိုးပြုတဲ့ အသက်ရှူလေ့ကျင့်ခန်းလေး ပုံမှန် လုပ်ပေးပါ။
အာဟာရ ပြည့်ဝအောင် စားပါ
အဆုတ်ကျန်းမာစေဖို့က အာဟာရ ပြည့်ဝအောင် စားသောက်ဖို့လည်း လိုပါမယ်။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာအဆုတ်ကျန်းမာရေးကို အထောက်အကူပြုပေးနိုင်မယ့် နနွင်း၊ ဖရုံစေ့၊ ဘယ်ရီသီး၊ ငရုတ်ပွ၊ ရေနွေးကြမ်း၊ ပန်းသီး၊ ခရမ်းချဉ်သီး၊ ငါးစတာတွေကို စားပေးပါ။
ဒီလို လုပ်ဆောင်ပေးတာက အဆုတ်ကျန်းမာစေဖို့ အကောင်းဆုံး အထောက်အကူပြုပေးနိုင်မှာပါ။ အဆုတ်လေး ကျန်းမာစေဖို့ ဒီနည်းလမ်းလေးတွေကို အခုပဲ လိုက်နာလိုက်ပါ။
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
အိမ်အတွင်းမှ လေများကို သန့်ရှင်းပေးနိုင်တဲ့ INDOOR PLANT များ
သင့်ကျန်းမာရေးကောင်းအောင် အိမ်မှာ ဒီပန်းပင်တွေစိုက်ပါ
အိမ်ထဲမှာ အဝတ်လှန်းခြင်း၏ ကြောက်မက်ဖွယ် ကျန်းမာရေးဆိုးကျိုးများ
Zawgyi
ကိုဗစ္ကာလမွာ ကိုယ္ခံအား ေကာင္းေအာင္ ဂ႐ုစိုက္မႈနဲ႔အတူ မျဖစ္မေန ဂ႐ုစိုက္ကာကြယ္ရမယ့္ အစိတ္အပိုင္းေလး ရွိပါတယ္။ ဒါကေတာ့ ကိုဗစ္ဗိုင္းရပ္စ္ အဓိက ဝင္ေရာက္ ဖ်က္ဆီးပစ္ႏိုင္တဲ့ အဆုတ္ပါ။
အဆုတ္နဲ႔ အသက္ရႉလမ္းေၾကာင္း က်န္းမာဖို႔က ခႏၶာကိုယ္တစ္ခုလုံး က်န္းမာဖို႔ အေရးပါသလို အခုလို ကိုဗစ္ကာလမွာလည္း က်န္းမာေနေစဖို႔ မျဖစ္မေန လိုအပ္ပါတယ္။ ဒီတစ္ေခါက္ေတာ့ အဆုတ္ေလး က်န္းမာေစဖို႔ လိုက္နာသင့္တဲ့ ေနထိုင္စားေသာက္မႈပုံစံေလးကို ေျပာျပေပးပါရေစ။
COVID-19ကာလ အဆုတ္ေလးေတြ က်န္းမာေစဖို႔ ဘာေတြကို လိုက္နာရမလဲ။ကိုဗစ္ကာလမွာ အဆုတ္ေလး က်န္းမာေနေစဖို႔ဆိုရင္ ေန႔စဥ္ေနထိုင္မႈပုံစံကို အခုလိုေလး ေျပာင္းလဲဖို႔ လိုပါမယ္။
အိမ္တြင္း ေလထု သန႔္စင္ပါေစ
အခုလိုကာလက ေနအိမ္မွာ ေနထိုင္ရတဲ့အခ်ိန္ ပိုမ်ားပါတယ္။ ဒီေတာ့ က်န္းမာေနေစဖို႔ဆိုရင္ ေနအိမ္တြင္း ေလထု သန႔္စင္ဖို႔က ေတာ္ေတာ္ေလး အေရးႀကီးပါတယ္။ ဒါေၾကာင့္ ေနအိမ္ကို ေန႔စဥ္ သန႔္ရွင္းေရး လုပ္ပါ။ ဖုန္စုပ္ပါ။ လိုက္ကာေတြ၊ အိပ္ရာခင္းေတြကို ပုံမွန္ လဲလွယ္ပါ။တစ္လတစ္ေခါက္ေလာက္ တစ္အိမ္လုံးကို ဖုန္ခါပစ္ပါ။ ေလဝင္ေလထြက္ေကာင္းေစဖို႔လည္း ဂ႐ုစိုက္ပါ။
ေရမ်ားမ်ားေသာက္ပါ
ခႏၶာကိုယ္ က်န္းမာဖို႔အတြက္က ေရဓာတ္ျပည့္ဝဖို႔ မျဖစ္မေန လိုအပ္ပါတယ္။ ေရဓာတ္ ျပည့္ဝမႈက ကိုယ္ခံအား ေကာင္းေစသလို အဆုတ္ က်န္းမာေစဖို႔လည္း အားျဖည့္ေပးပါတယ္။
ေရမ်ားမ်ားေသာက္တာက အဆုတ္ကို ခြၽဲေတြေၾကာင့္ ထိခိုက္တာမ်ိဳး ျဖစ္ႏိုင္ေျခကို ေလွ်ာ့ခ်ေပးၿပီး အသက္ရႉရ ေကာင္းေစပါတယ္။ အသက္ရႉလမ္းေၾကာင္း ပိုးဝင္ကူးစက္တာကိုလည္း ကာကြယ္ေပးပါတယ္။
ေဆးလိပ္ မေသာက္ပါနဲ႔
ေဆးလိပ္ေသာက္တာက အဆုတ္ က်န္းမာေရးကို အားနည္းေစႏိုင္ပါတယ္။ ကိုယ္ခံအားကို ထိခိုက္ေစသလို အဆုတ္ကင္ဆာအပါအဝင္ အမ်ိဳးမ်ိဳးေသာ အဆုတ္က်န္းမာေရး ျပႆနာေတြကို ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ အဆုတ္ေလးကို ကိုဗစ္ ရန္ နဲ႔ အျခားေသာ ေရာဂါပိုးေတြ အႏၲရာယ္ကေန ကာကြယ္ဖို႔ ေဆးလိပ္ ျဖတ္ပါ။
ေဆးလိပ္အျပင္ vape ေသာက္တာ၊ e-cigs ေသာက္တာေတြကိုပါ မလုပ္ပါနဲ႔။ ဒါေတြက အဆုတ္ က်န္းမာေရးကို ထိခိုက္ေစႏိုင္ပါတယ္။ တစ္ဆင့္ခံ ေဆးလိပ္ေငြ႕ကိုလည္း တတ္ႏိုင္သမွ် ေရွာင္ပါ။
ေလ့က်င့္ခန္း လုပ္ပါ
ႂကြက္သားေတြနဲ႔ ခႏၶာကိုယ္ ႀကံ့ခိုင္ က်န္းမာေစဖို႔ ေလ့က်င့္ခန္း လုပ္ရသလို အဆုတ္ က်န္းမာေစဖို႔လည္း ေလ့က်င့္ခန္း လုပ္သင့္ပါတယ္။ ေန႔စဥ္ ေလ့က်င့္ခန္း ပုံမွန္ လုပ္တာက ကိုယ္ခံအားေကာင္းေစသလို အဆုတ္ကိုလည္း က်န္းမာေစမွာပါ။ေလ့က်င့္ခန္း လုပ္တာက အဆုတ္ကို သန႔္စင္ေစပါတယ္။ ဒါေၾကာင့္ ေန႔စဥ္ ကိုယ္လက္ ေလ့က်င့္ခန္း လုပ္ပါ။
အသက္ရႉ ေလ့က်င့္ခန္း လုပ္ပါ
ကိုယ္လက္ေလ့က်င့္ခန္း လုပ္သလို အသက္ရႉေလ့က်င့္ခန္းကိုလည္း ပုံမွန္ လုပ္သင့္ပါတယ္။ အသက္ရႉ ေလ့က်င့္ခန္း လုပ္ေပးတာက အဆုတ္ရဲ႕ စြမ္းေဆာင္ရည္ကို ေကာင္းမြန္ေစသလို အဆုတ္ကို သန႔္စင္ေစပါတယ္။ဒါေၾကာင့္ မနက္ခင္းတိုင္းမွာ အဆုတ္အတြက္ အက်ိဳးျပဳတဲ့ အသက္ရႉေလ့က်င့္ခန္းေလး ပုံမွန္ လုပ္ေပးပါ။
အာဟာရ ျပည့္ဝေအာင္ စားပါ
အဆုတ္က်န္းမာေစဖို႔က အာဟာရ ျပည့္ဝေအာင္ စားေသာက္ဖို႔လည္း လိုပါမယ္။ ဒါေၾကာင့္ ေန႔စဥ္ စားသုံးမႈမွာအဆုတ္က်န္းမာေရးကို အေထာက္အကူျပဳေပးႏိုင္မယ့္ နႏြင္း၊ ဖ႐ုံေစ့၊ ဘယ္ရီသီး၊ င႐ုတ္ပြ၊ ေရေႏြးၾကမ္း၊ ပန္းသီး၊ ခရမ္းခ်ဥ္သီး၊ ငါးစတာေတြကို စားေပးပါ။
ဒီလို လုပ္ေဆာင္ေပးတာက အဆုတ္က်န္းမာေစဖို႔ အေကာင္းဆုံး အေထာက္အကူျပဳေပးႏိုင္မွာပါ။ အဆုတ္ေလး က်န္းမာေစဖို႔ ဒီနည္းလမ္းေလးေတြကို အခုပဲ လိုက္နာလိုက္ပါ။
ေလ့လာမွတ္သားစရာ အိမ္ၿခံေျမေဆာင္းပါးမ်ား
အိမ္အတြင္းမွ ေလမ်ားကို သန႔္ရွင္းေပးႏိုင္တဲ့ INDOOR PLANT မ်ား
သင့္က်န္းမာေရးေကာင္းေအာင္ အိမ္မွာ ဒီပန္းပင္ေတြစိုက္ပါ
အိမ္ထဲမွာ အဝတ္လွန္းျခင္း၏ ေၾကာက္မက္ဖြယ္ က်န္းမာေရးဆိုးက်ိဳးမ်ား
Credit : Yoyarlay
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties