တန်ဖိုးကြီးဇိမ်ခံအိမ်တွေကို  ဘယ်သူတွေက လက်ဝယ်ပိုင်ဆိုင်ထားကြတာလဲ? ဇိမ်ခံအိမ်တွေထဲမှာ ဘယ်လိုတွေဖွဲ့စည်းတည်ဆောက်ထားလဲဆိုတာတွေကို အတူလေ့လာလိုက်ရအောင် 

(၁) Bill Gates ရဲ့ဒေါ်လာ ၁၂၅ သန်းတန် ဇိမ်ခံအိမ်ကြီး

အနုပညာရှင်မဟုတ်ပေမယ့်
စီးပွားရေးလုပ်ငန်းရှင်အဖြစ်နာမည်ကျော်ကြားတဲ့ Bill Gates ရဲ့ ဇိမ်ခံအိမ်ဟာဆိုရင်  ဒေါ်လာ ၁၂၅ သန်းတန်ဖိုးရှိ ကမ္ဘာ့နံပါတ်တစ် ဈေးအကြီးဆုံး ဇိမ်ခံအိမ်ပဲဖြစ်ပါတယ်။စတုရန်းပေ ၆၆၀၀၀ အကျယ်အဝန်းရှိတဲ့ Bill Gates ရဲ့ အိမ်ခြံဝန်းကြီးထဲမှာ ကိုယ်ပိုင်ကမ်းခြေတစ်ခုရှိပြီး အဲ့ဒီကမ်းခြေက သဲတွေဟာ ရိုးရိုးသဲတွေတောင်မဟုတ်ပါဘူး။ကာရေဘီယန်ကျွန်းက သယ်ဆောင်လာတဲ့ သဲတွေပဲဖြစ်ပါတယ်။ဒါ့အပြင်  ဆဲလ်မွန်ငါးတွေနဲ့ပြည့်နေတဲ့ကိုယ်တိုင်ဖန်တီးထားတဲ့ ရေကန်လေး၊ကမ္ဘာကျော်အနုပညာရှင်တွေရဲ့ အကျော်ကြားဆုံးလက်ရာတွေ ၊ ချွေးထုတ်ခန်း၊ရေနွေးငွေ့ခန်းနဲ့ trampoline ခုန်တဲ့ အခန်းစသဖြင့် ပါဝင်တဲ့ Gym ခန်းအကျယ်ကြီးလည်းရှိပါသေးတယ်။ဒီအိမ်ကြီးကိုပိုင်ချင်လိုက်တာလို တောင့်တရလောက်တဲ့အထိ ပြီးပြည့်စုံနေတဲ့ ဇိမ်ခံအိမ်တစ်လုံးလို့ဆိုရမှာပါပဲ။

(၂) Jay Z နဲ့ Beyonce တိုရဲ့ ဒေါ်လာ ၈၈ သန်းတန် ဇိမ်ခံအိမ်ကြီး

နာမည်ကျော်အဆိုတော်စုံတွဲဖြစ်တဲ့ Jay Z နဲ့ Beyonce တိုဟာ လော့အိန်ဂျလိစ့်မှာ ဒေါ်လာ ၈၈ သန်းတန်ဖိုးရှိ ဇိမ်ခံအိမ်ကြီးကိုပိုင်ဆိုင်ထားပါတယ်။သူတိုရဲ့ဇိမ်ခံအိမ်ကြီးထဲမှာ ရေကူးကန်လေးကန်တောင်ပါဝင်ပြီး Spa ခန်း၊ဘတ်စကတ်ဘောကွင်း၊သူငယ်ချင်းတွေလာရင် ထားနိုင်ဖို့ ၁၅ စီးဆန့်တဲ့ကားပါကင်လည်းပါ ရှိတယ်လို့သိရပါတယ်။

(၃) Angelina Jolie ရဲ့ ဒေါ်လာ ၆၁ သန်းတန် ဇိမ်ခံအိမ်ကြီး 

Magnificent movie star တစ်ယောက်ဖြစ်တဲ့ Angelina Jolie ဟာ ကိုယ်ပိုင်နန်းတော်သဖွယ်ကျယ်ဝန်းလှပတဲ့ ဇိမ်ခံအိမ်ကြီးကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။သူမရဲ့ဇိမ်ခံအိမ်ကြီးထဲမှာ အိပ်ခန်း ၃၅ ခန်းပါဝင်ပြီး ရေကူးကန်၊ပွဲအခမ်းအနားတွေကျင်းပဖို့အတွက် ခန်းမကျယ်ကြီးတစ်ခန်း၊ကိုယ်ပိုင် Gym နှစ်ခန်း ရှိတဲ့အပြင် ကိုယ်ပိုင် စပျစ်ခြံတစ်ခြံလည်းရှိပါတယ်။



(၄) Tom Cruise ရဲ့ ၅၉ သန်းတန် ဇိမ်ခံအိမ်ကြီး

ကော်လိုရာဒိုရဲ့တောတန်းတောင်တန်းတွေကြားထဲမှာ ဇိမ်ခံအိမ်လှလှလေးတစ်လုံးမြင်မိတယ်ဆိုရင် အဲ့ဒါဟာ Tom Cruise ရဲ့ ဇိမ်ခံအိမ်ပဲဖြစ်ပါလိမ့်မယ်။စတုရန်းပေ ၁၀၀၀၀ ကျယ်ဝန်းတဲ့ဇိမ်ခံအိမ်ကြီးကို တစ်အိမ်လုံးအပြည့် ကြည်လင်တဲ့မှန်တွေတပ်ဆင်ထားပြီး နွေးထွေးပြီး သဘာဝဆန်တဲ့လေထုကိုခံစားနိုင်စေမယ့် နံရံတွေ၊ကြမ်းခင်းတွေသုံးထားပါတယ်။ဒါ့အပြင် ဟောကီ၊တင်းနစ်စ်၊ဘတ်စကတ်ဘောကစားနိုင်တဲ့ကိုယ်ပိုင်အခန်းကျယ်တစ်ခန်းနဲ့ မော်တော်ဆိုင်ကယ်လ်စီးဖိုအတွက် ဖန်တီးထားတဲ့ကိုယ်ပိုင်မြေနေရာအကျယ်အဝန်းလည်းရှိပါတယ်။

(၅) Kylie Jenner ရဲ့ ဒေါ်လာ ၃၆.၅ သန်းတန် ဇိမ်ခံအိမ်ကြီး

ငယ်ရွယ်ချောမောတဲ့ စီးပွားရေးလုပ်ငန်းရှင်မလေး Kylie Jenner ဟာ ကယ်လီဖိုးနီးယားမှာဒေါ်လာ ၃၆.၅ သန်းတန် ဇိမ်ခံအိမ်ကြီး ပိုင်ဆိုင်ထားသူပါ။သူမပိုင်ဆိုင်တဲ့ အိမ်ကြီးမှာ အိပ်ခန်း ၇ ခန်း ၊ရေချိုးခန်း ၁၄ ခန်း၊ကား အစီး ၂၀ ဆန့်တဲ့ ကားပါကင် ၊ ဘား ၊ ကိုယ်ပိုင်ရုပ်ရှင်ရုံ ၊ အမိုက်စားမီးဖိုချောင်တစ်ခုနဲ့ ရေကူးကန်လှလှလေးတစ်ကန် ပါဝင်တဲ့အပြင် မိသားစုတွေ၊သူငယ်ချင်းတွေလာရင် လွတ်လွတ်လပ်လပ်နေနိုင်ဖို ဧည့်သည်ခန်းနှစ်ခန်းလည်း အပိုပါရှိပါသေးတယ်။

(၆) Taylor Swift ရဲ့ ဒေါ်လာ သန်း ၃၀ တန်ဇိမ်ခံအိမ်ကြီး

ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ နာမည်ကျော်အဆိုတော်မလေး Taylor Swift ဟာ ၁၉၃၄ ခုနှစ်က ရှေးခေတ်အိမ်ဒီဇိုင်းအတိုင်း တည်ဆောက်ဖန်တီးထားတဲ့ ဒေါ်လာ သန်း ၃၀ တန်ဇိမ်ခံအိမ်ကြီးကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။အဲ့ဒီအိမ်ကြီးထဲမှာ အိပ်ခန်း ၇ ခန်း ၊ရေချိုးခန်း ၁၀ ခန်း နဲ့ ပါတီပွဲတွေကျင်းပဖို့၊သူမရဲ့ဟောလိဝုဒ်ကသူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်စွာအနားယူနိုင်ဖို့ နေရာအကျယ်အဝန်းလည်းများစွာ ရှိကြောင်းသိရပါတယ်။

သူတို့တွေကတော့ လူတိုင်းအိပ်မက်မက်နေတဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးဇိမ်ခံအိမ်တွေကို  ပိုင်ဆိုင်ထားတဲ့အနုပညာရှင်တွေပဲဖြစ်ပါတယ်။ ဘဝမှာ ဒီလိုအိမ်ကြီးတွေနဲ့သာနေလိုက်ရရင်တော့ လူဖြစ်ကျိူးနပ်ရချည့်ဗျာ။ 

Written By : San Wadi Hnin (ShweProperty.com)
Posted By : Ra Wai (ShweProperty.com)