By The Modern, Shweproperty.com
Updated at 26 September 2015
အလိမ်များတဲ့ အိမ်ခြံမြေဈေးကွက်
ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေ ဈေးကွက်မှာ အမြတ်အစွန်းပေါ် မူတည်ပြီး လိမ်လည်တာတွေ ဖြစ်ပေါ်နေပါတယ်။ ပါမစ်မြေတွေ ဦးစားပေးလိမ်လည်တာများပြီး တိုက်ရိုက်ဝယ်လက်ထက် ခြားကစရန်ချပြီး တဆင့်ပြန်ရောင်းသူတွေ အလိမ်ခံရတာ ပိုများပါတယ်။
“ဝယ်ရောင်းတွေ အထိများတယ်ဆိုတာက သူတို့က သူများတွေကို ဈေးအမြင့်နဲ့ ရိုက်ချင်လို့ ပါမစ်မိတ္တူကိုပဲ ကြည့်ပြီး စရန်ချတယ်၊ ပြီးမှ ဝယ်လက်ကိုပြန်ရောင်းတော့ တကယ်မဟုတ်ပဲ အလိမ်မိတဲ့အခါ သူတို့က အရင်ခံရတယ်”လို့ အိမ်ခြံမြေအကျိုးဆောင် ကိုနန္ဒက ပြောပါတယ်။
လိပ်စာတစ်ခု ပါမစ် (၅) ခု
ပါမစ်မြေအများစုကတော့ အိမ်လိပ်စာတစ်ခုတည်းကို ပါမစ်ငါးခုလောက်အထိ ပွားပြီး တစ်ဆင့်ပေါင်နှံတာနဲ့ စရန်ပေးရောင်းချတာတွေ ရှိပါတယ်။ တစ်ချို့လိမ်လည်မှုတွေမှာ ပါမစ်အမည်ပေါက်နာမည်တူ၊ မှတ်ပုံတင်နံပါတ် အလွဲတွေရှိပြီး ပြန်လည်ဝယ်ယူတဲ့ သူက သေချာမစိစစ်ဘဲ လက်မှတ်ထိုးပေးတာတွေ ရှိတယ်။ တချို့ ဖြစ်ရပ်တွေမှာတော့ အိမ်ငှားက အိမ်ငှားရမ်းနေထိုင်တဲ့ အိမ်ကို ပါမစ်အတုပြုလုပ်ပြီး အိမ်ရှင်မသိအောင် ရောင်းတာတွေ၊ ပေါင်တာတွေ ပြုလုပ်ကြတာဖြစ်ပါတယ်။
သည်လိုပါမစ်တွေကို လိမ်လည်ရောင်းချသူ အများစုကတော့ ငွေအကြေမခံဘဲ စရန်ငွေချပြီးတာနဲ့ ပျောက်သွားတာများတယ်။
“ငွေအကြေပေးတဲ့အထိ မနေဘူး၊ တကယ်လို့ ဝယ်တဲ့သူက ငွေအကြေပေးလိုက်ရင် သက်ဆိုင်ရာ ဌာနမှာ ပါမစ်ပြပြီး စစ်ရမယ်၊ ဒါကြောင့် လူတိုင်းက အဲ့ဒီအထိမနေဘူး၊ အကျေချေရင် ပါဝါလွှဲတာပေးရမှာ ဆိုတော့ အကျေမယူကြဘူး”လို့ ကိုနန္ဒက ပြောပါတယ်။
ပါမစ်မြေနဲ့ ပတ်သက်ပြီး မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဌာနမှာ သွားရောက်စစ်ဆေးနိုင်ပြီး စစ်ဆေးပြီးသား မြေတွေကိုသာ ဝယ်ယူသင့်သည်။
Ref : The Modern
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties