By Myanmar Builders Guide, Shweproperty.com
Updated at 5 July 2019
ဇွန် ၂၉ ရက်က ရန်ကုန်မြို့တွင် ခေတ်မီအဆင့်မြင့်ရုံးခန်းအဆောက်အအုံများ၊ အပန်းဖြေစရာကုန်တိုက်များ၊ ပထမဆုံးနှင့် အကြီးဆုံးငါးပြတိုက် စသည့်စီမံကိန်းများနှင့် စပ်လျဉ်းသည့် ဆောင်ရွက်ချက်များအား ရင်းနှီးမြှုပ်နှံသူများနှင့် ဝယ်ယူရန် အလားအလာရှိသူများ Mottama Development Group က မိတ်ဆက်ရှင်းလင်းခဲ့သည်။
Mottama Development Group မှ တည်ဆာက်နေသည့် နိုင်ငံတကာစီမံကိန်း ငါးခုအနက် ရန်ကုန်မြို့တွင် အထပ်အမြင့်ဆုံးသံမဏိ အဆောက်အအုံတစ်ခုဖြစ်လာမည့် လှည်းတန်းလမ်းဆုံ၊ ပြည်လမ်းမပေါ်တွင်တည်ရှိသည့် M Tower ကို ပထမဆုံးဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
မိတ်ဆက်ရှင်းလင်းပွဲတွင် Mottama Development Group ၏ ဥက္ကဋ္ဌဦးရန်ဟိုက “ကျွန်တော်တို့ရဲ့ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေက ရန်ကုန်မြို့ရဲ့ လူနေမှုဘဝကို အဆင့်မြှင့်တင်ပေးနိုင်မှာပါ။ တစ်ချိန်တည်းမှာပဲ ဝယ်ယူသူတွေကို အရည်အသွေးပြည့်မီတဲ့ အဆောက်အအုံ စီမံကိန်းတွေနဲ့ ဝန်ဆောင်မှုတွေကို ပေးအပ်ခြင်းကနေ အလုပ်အကိုင်အခွင့်အလမ်းတွေဖြစ်ပေါ်လာစေပြီး ကျွမ်းကျင်မှုအတတ်ပညာတွေနဲ့ လုပ်ခလစာတွေကို မြှင့်တင်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။
ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ ဆန်းသစ်တီထွင်မှုတွေနဲ့ ကုမ္ပဏီရဲ့ဖွံ့ဖြိုး တိုးတတ်မှုသာမက လုပ်ငန်းကဏ္ဍတစ်ခုလုံးနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူပြုတဲ့ ၂၁ ရာစုရဲ့ ဝန်ထမ်းတွေကို ပျိုးထောင်ပေးဖို့ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံသား တွေအတွက် ပိုမိုကောင်းမွန်တဲ့လူနေမှု ဘဝတွေနဲ့ အခွင့်အလမ်းကောင်းတွေကို ရရှိစေရန်အတွက် စီးပွားရေးကဏ္ဍကိုလည်း မြှင့်တင်ပေးလိုပါတယ်”ဟုပြောပါသည်။
MDG အနေနှင့်ယခု M Tower အပါအဝင် ပထမဆုံးမြို့ပြင်လူနေမှုပုံစံ အပန်းဖြေစရာကုန်တိုက်ဖြစ် လာမည့် အမှတ်(၃)လမ်းမကြီးနှင့်ဘက်စ်ကားဂိတ်အနီးရှိ Terminal M၊ရွှေတိဂုံဘုရားအနီးကန်တော်ကြီး ဥယျာဉ်မှာတည်ဆောက်ထာသည့် ရေအောက်ဥမင်လှိုဏ်ခေါင်းပါသည့် နိုင်ငံတကာအဆင့်မီ ငါးပြတိုက်ကြီး၊ ရန်ကုန်ဆိပ်ကမ်းအနီး စီးပွားရေးအချက်အချာကျသည့်နေရာတွင် ခေတ်မီရုံးခန်းအဆောက်အအုံများပါဝင်သည့် Habour Trade Tower နှင့်လေဆိပ်အနီးပြည်လမ်းမပေါ်ရှိ M Tower တို့ကို နိုင်ငံတကာအဆင့်မီတည်ဆောက်နေခြင်းဖြစ်သည်။
MDG ကုမ္ပဏီသည် ရန်ကုန်အခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်ပြီး ရုံးခန်းအဆောက်အအုံများ၊အပန်းဖြေနေရာများစသည့် အကြီးစားအိမ်ခြံမြေဖွံ့ဖြိုးတိုးတတ်မှုများကို အကောင်အထည်ဖော်ဆောင်ရွက်နေပြီး ၎င်း၏မိခင်ကုမ္ပဏီမှာ Mottama Holdings ဖြစ်သည်။
မိခင်ကုမ္ပဏီအနေနှင့် ကုန်သွယ်ရေးလုပ်ငန်း၊ ဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်း၊ စက်ရုံအလုပ်ရုံလုပ်ငန်းများနှင့်စုပေါင်းဖွဲစည်းထားသော စီးပွားရေးလုပ်ငန်းစုတစ်ခုဖြစ်ကြောင်း သိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties