By 7 Day Daily, Shweproperty.com
Updated at 10 August 2018
ချမ်းမြသာစည်မြို့နယ် ရှိ မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာ အပိုင်း (၂) မှ တိုက်ခန်းများကို အစိုးရက မဲနှိုက်ရောင်းချပေးရာ တစ်နှစ်ကျော်ကြာအထိ လာရောက်မဆက်သွယ်သည့် အခန်း ၅၇ ခန်းကို ဝယ်ယူခွင့်ပိတ်သိမ်းကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီး မြို့ ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန က ဆောက်လုပ်သည့် အခန်း ၅၆၀ ကို အစိုးရဝန်ထမ်း၊ အငြိမ်းစား၊ ကုမ္ပဏီဝန်ထမ်းနှင့် ဝင်ငွေနည်းပြည်သူများအတွက် ယမန်နှစ်က မဲနှိုက်ရောင်းချပေးခဲ့သည်။ သို့သော် တစ်နှစ်ကျော်ကြာလာရောက်မဆက်သွယ်သည့်အခန်းများကို ဝယ်ယူခွင့်ဖျက်သိမ်းကာ အငြိမ်းစားဝန်ထမ်းများကို ပြန်လည်ရောင်းချပြီး ဖြစ်သည်။
‘‘တချို့တွေက ပြန်ဆက် သွယ်လို့မရဘူး။ ကိုယ်မဲပေါက် တာ ကိုယ်သိတယ်လေ၊ ဒီအ ဆောက်အအုံကို ရင်းနှီးမြုပ်နှံထားတာ ငွေပြန်မပေါ်သေးဘူး။ ကိုယ့် တာဝန်ကိုယ်ယူလေ။ သတင်းစာ က ကြေညာရင်ကို ရှင်းပြီ၊ ဒီဘက် က စောင့်တယ်လေ’’ဟု ဦးဇာ နည်အောင်က ပြောသည်။
မဲပေါက်၍ ဝယ်ယူခွင့်ရရှိ သည့် အခန်းများအနက် ၁၂၂ ခန်းသည် တိုက်ခန်းငွေသွင်းရန် ကျန်ရှိနေ၍ ဇန်နဝါရီ ၂၀ နှင့် ၂၁ ရက်တွင် ရတနာပုံနှင့် မြန်မာ့အလင်း သတင်းစာတို့တွင် ကြေညာပြီး နောက် ၆၅ ခန်းသည် ငွေလာသွင်းသည်။ သို့သော် ၅၇ ခန်း ကျန်နေပြီး ဆက်သွယ်ကာ ငွေပေးသွင်းခြင်းမရှိ၍ ဝယ်ယူခွင့်ပယ်ဖျက်ခြင်း ဖြစ်သည်။
တိုက်ခန်းအရစ်ကျငွေ ၃၀ ရာခိုင်နှုန်းကို တစ်နှစ်ကျော်ကြာ အထိ ပေးသွင်းထားသော်လည်း ရေ၊ မီးရရှိအောင် အစိုးရဘက်က ဆောင်ရွက်ပေးနိုင်မှုမရှိကြောင်း တိုက်ခန်းဝယ်ယူခွင့်ရရှိသူတစ်ဦး က ပြောသည်။
‘‘ပထမအရစ် ၃၀ ရာခိုင်နှုန်း ကို သွင်းပြီးတော့ ချက်ချင်းတက် နေလို့မရဘူး။ လအတော်ကြာ တယ်။ နေခွင့်ရတော့လည်း ရေ၊ မီးမရသေးဘူး။ ဒါမျိုးကျတော့ အစိုးရဘက်က ဘာတာဝန်ယူမှုရှိ မလဲ’’ဟု အစိုးရဝန်ထမ်းတစ်ဦးက ပြောသည်။
အဆိုပါ တိုက်ခန်းများကို ပြည်ထောင်စုအစိုးရကသာ တိုက်ရိုက်ကိုင်တွယ်ခြင်းဖြစ်ပြီး ယခုကဲ့သို့ ပြည့်စုံမှုမရှိမှန်းသိပါက မဲဖောက်မပေးခဲ့ကြောင်း ဝန်ကြီးဦးဇာနည်အောင်က ဆိုသည်။
အခန်းများကို ငွေမသွင်း၍ ပြန်လည် သိမ်းဆည်းမည့် အ ကြောင်း သတင်းစာတွင်သာထည့်သွင်းကြေညာပြီး ကာယကံရှင်ဆီသို့ တိုက်ရိုက်ဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုမရှိကြောင်းနှင့် ဝယ်ယူခွင့်ပိတ်သိမ်းသည့် အခန်းများကို ပြန်လည်ရောင်းချရာတွင်လည်း ပွင့်လင်းမြင်သာမှုမရှိကြောင်း ဝယ်ယူခွင့်ပိတ်သိမ်းခံရသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
မြရည်နန္ဒာတန်ဖိုးမျှတအိမ် ရာ အပိုင်း (၂) ရှိ တိုက်ခန်းများ ကို အစိုးရက အရစ်ကျစနစ်ဖြင့် ရောင်းချပေးပြီး တိုက်ခန်းတန်ဖိုး ၏ ၃၀ ရာခိုင်နှုန်းပေးသွင်းပြီးပါက နေထိုင်ခွင့်ရမည် ဖြစ်သည်။
Ref & Photo Credit : 7Day Daily
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties