By kumudra, Shweproperty.com
Updated at 13 August 2014
မန္တလေးတိုင်းအစိုးရအဖွဲ့ကမြရည်န္ဒာတန်ဖိုးနည်းအိမ်ရာတွေကိုမကြာခင်ရောင်းချတော့မယ်ဆိုတဲ့ သတင်းကြောင့် အဲသည်အိမ်ရာစီမံကိန်းအနီး ဝန်းကျင်က အိမ်ခြံမြေဈေးနှုန်းတွေ တစ်ပတ်အတွင်းမှာ ကျပ်သိန်း၂၀၀ခန့် ြှမှင့်တက်လာတယ်လို့ ဒေသခံအိမ်ခြံမြေ အကျိုးဆောင်တွေထံက သိရပါတယ်။
တန်ဖိုးနည်းအိမ်ရာတွေနဲ့ အနီးကမမ(၆)၊မမ(၇)၊မမ(၈)နဲ့ဗဗ(၁)၊(၂)၊(၃)၊(၅)၊(၆)ရပ်ကွက်တွေမှာ ပိုမိုအရောင်းအဝယ်ဖြစ်နေပြီး ဈေးနှုန်းတွေမြှင့်တက်လာတယ်လို့အိမ်ခြံမြေအကျိုးဆောင်ဦးစောသက်နိုင်ကပြောပါတယ်။
အဲသည်ရပ်ကွက်တွေမှာလက်ရှိအရောင်းဝယ်ဖြစ်နေတဲ့ ဈေးနှုန်းတွေက၄၉လမ်းမ(အရှေ့ဘက်လှည့်)ကျပ်သိန်း၃၀၀၀၊(အနောက်ဘက်လှည့်)ကျပ်သိန်း၂၅၀၀နဲ့၂၇၀၀ ဝန်းကျင် လမ်းသွယ်(ကြားလမ်း)တွေမှာတော့ကျပ်သိန်း၅၀၀ နဲ့ ၇၀၀ ဝန်းကျင်မှာ အရောင်းအဝယ်ရှိနေပါတယ်။
' တန်ဖိုးနည်းအိမ်ရာနဲ့ ဒီဘက်မှာ မြရည်နန္ဒာဈေးရှိတာရော၊ လမ်းတွေခင်းတာတွေ လုပ်လာတော့ ဈေးကပိုမြင့်လာတယ်၊ တစ်ပတ်နဲ့တစ်ပတ်ကို မတူဘူး' လို့အိမ်ခြံမြေအကျိုုးဆောင် ဦးဇော်နိုင်ဝင်းကပြောပါတယ်။
မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းအနီးက အိမ်ခြံမြေဈေးနှုန်းတွေက အရောင်းအဝယ် အေးတက်တဲ့ ဝါတွင်းကာလဖြစ်ပေမဲ့ အရောင်းအဝယ်ရှိနေပါတယ်။' ဝါတွင်းကာလပေမဲ့ နိုင်ငံခြားသား ရင်းနှီးမြှုတ်နှံသူတွေက ဒီဘက်မှာရင်းနှီးမြှုတ်နှံတာတွေ ရှိလာတယ်၊ တစ်ပတ်ကိုနှစ်ပွဲ၊ သုံးပွဲလောက်တော့ဖြစ်တယ်' လို့အိမ်ခြံမြေအကျိုးဆောင် ဦးစောသက်နိုင်ကပြော ပါတယ်။မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာမှာ အခန်းပေါင်း၁၃၀၀ ကျော်ပါဝင်ပြီး စက်တင်ဘာလ(သီတင်းကျွတ်) မှာ စတင်ရောင်းချ မှာဖြစ်တယ်လို့ မန္တလေးစည်ပင်သာယာ ရေးကော်မတီမှ သိရပါတယ်။
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties