By 7daydaily, Shweproperty.com
Updated at 20 August 2015
နိုင်ငံတော်ဘတ်ဂျက် ဖြင့် ဆောင်ရွက်နေသော ပညာ ရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက် သွယ်ရေးနှင့် အခြားလုပ်ငန်းများ လုပ်ကိုင်ရာတွင် သက်ဆိုင်ရာမြို့နယ် တာဝန်ရှိသူများကို အသိပေး ညှိနှိုင်းလုပ်ကိုင်ခြင်းများ ပြုလုပ်ရန် အမိန့်၊ ညွှန်ကြားချက်၊ စည်းကမ်းချက် ထုတ်ပြန်ဆောင်ရွက် ပေးရန် သြဂုတ် ၁၈ ရက်က မန္တလေးတိုင်ဒေသကြီး လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တွင် တင်သွင်းအဆိုပြုခဲ့သည်။
နိုင်ငံတော်ဘတ်ဂျက် သုံး စွဲပြီး လုပ်ထုံး၊ လုပ်နည်းနှင့်အညီ တင်ဒါစည်းကမ်းပါ အကြောင်းအရာ၊ အဆောက်အအုံပုံသဏ္ဌာန်၊ အင်ဂျင်နီယာတွက်ချက်ပုံအဆင့် ဆင့်၊ စာချုပ်စာတမ်းပါ စည်း ကမ်းစသည်တို့ကို သက်ဆိုင်ရာ မြို့နယ်တာဝန်ရှိသူများအား အသိပေးခြင်းမရှိဘဲ အထက်မှခွင့်ပြု ချက်ဖြင့်သာ ပြုလုပ်နေမှုကြောင့် အဆောက်အအုံကြံ့ခိုင်မှု၊ ပစ္စည်း အရည်အသွေးကောင်းမွန်မှု၊ ရေ ရှည်တည်တံ့အောင် သုံးစွဲရမည့် ပစ္စည်းအရွယ်အစားတို့ကို သုံးစွဲခြင်းရှိ၊ မရှိ ကြီးကြပ်နိုင်မှုစသည့် အခက်အခဲများ တွေ့ရှိနေကြောင်း မဟာအောင်မြေမဲဆန္ဒနယ်အ မှတ်(၂)မှ ဦးပြေဝင်းက ပြော သည်။
အဆိုပါ လုပ်ငန်းကိစ္စရပ် များ ပြုလုပ်မည့် သက်ဆိုင်ရာ နယ်မြေတွင် တာဝန်ယူဆောင် ရွက်နေသော ဌာန၊ အဖွဲ့အစည်း၊ ကော်မတီတို့အား အသိပေးခြင်း၊အကြောင်းကြားစေခြင်း၊ ပေါင်း စပ်ညှိနှိုင်းခြင်းတို့ကို လိုက်နာ ဆောင်ရွက်စေရန် တိုင်းဒေသ ကြီး အစိုးရအဖွဲ့က ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်း ၍ အမိန့်၊ ညွှန်ကြားချက်၊ စည်း ကမ်းချက်များ ထုတ်ပြန်ပေးရန် ဖြစ်သည်။
‘‘အများစုမှာ တင်ဒါခေါ် တယ်ဆိုရင် အဖွဲ့နဲ့စစ်ဆေးတယ်။တင်ဒါအရည်အသွေး စစ်ဆေး ရေး အဖွဲ့တွေ ပါတယ်။ အ ဆောက်အအုံဆောက်တဲ့အချိန် မှာ အဓိကလိုအပ်တယ်။ ဆောက် လုပ်တဲ့ သက်ဆိုင်ရာဝန်ကြီးဌာန ကနေ ဆောက်လုပ်မှုနဲ့ပတ်သက် တဲ့ အဖွဲ့ဖွဲ့ပြီး စစ်တာတွေ လုပ် ဖို့လိုတယ်’’ဟု ခရိုင်အုပ်ချုပ်ရေး မှူးတစ်ဦးက သုံးသပ်ပြောသည်။
ကုမ္ပဏီအချို့သည် ဌာန ဆိုင်ရာအကြီးအကဲများ၏ ခွင့်ပြု ချက်ဖြင့် သက်ဆိုင်ရာ မြို့နယ် များ၏ အုပ်ချုပ်ရေးအဖွဲ့၊ ရပ်မိ ရပ်ဖ စသည်တို့ကို အသိပေးခြင်း မရှိဘဲ လုပ်ဆောင်၍ အဆောက်အအုံကြံ့ခိုင်မှု ရှိ၊ မရှိ၊ အရည်အသွေးပြည့်မီခြင်း ရှိ၊ မရှိ စစ်ဆေးခြင်းများ ပေါင်းစပ်လုပ်ကိုင်ရာ တွင် အခက်အခဲများရှိနေသဖြင့် ယခုတင်သွင်းသည့် အဆိုကို လွှတ်တော်ကိုယ်စား လှယ်များကလည်းသဘောတူညီခဲ့၍ လွှတ်တော်တွင်အတည်ပြုရန် ဆွေးနွေးသွားမည် ဖြစ်သည်။
Ref : 7daydaily
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties