By Sint Sint, Shweproperty.com
Updated at 3 January 2021
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာ အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ ဝန်ထမ်းများကို လက်ရှိ အစိုးရလက်ထက်တွင် နိုင်ငံ့ဝန်ထမ်း လေးဦးလျှင် တစ်ဦးနှုန်း အိမ်ခန်း နေရာများ စီစဉ်ပေးနိုင်ခဲ့ပြီး လာမည့် လေးနှစ်တာကာ လ ၂၀၂၅ ခုနှစ်တွင် နိုင်ငံ့ဝန်ထမ်း သုံးဦးလျှင် တစ်ဦးနှုန်း အိမ်ခန်းနေရာ ရရှိနိုင်ရန် စီစဉ်ပေးသွားဖြစ်ကြောင်း မန္တလေးတိုင်းဒေသ ကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးဇာနည်အောင်က ပြောသည်။ “ကျွန်တော်တို့ အစိုးရလက်ထက်မှာ မန္တလေးတိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်း တစ်သိန်းလေး သောင်းကျော်အတွက်ကို အခန်းပေါင်း နှစ်သောင်းခြောက်ထောင်ကျော် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်၊ ဌာနဆိုင်ရာ အသီး သီးမှာ ရှိတဲ့ ဌာနဝန်ထမ်းအိမ်ရာတွေကို ထည့်သွင်း တွက်ချက်မယ်ဆိုရင် တိုင်းအတွင်းရှိ ဝန်ထမ်းအင်အားရဲ့ ၂၅ ရာခိုင်နှုန်း ကျော်ကို နေရာချပေးနိုင် ခဲ့တာပါ၊ ပြောရမယ်ဆိုရင် နိုင်ငံ့ဝန်ထမ်း လေးဦးမှာ တစ်ဦးနှုန်း အိမ်ခန်းနေရာများ စီစဉ်ပေးနိုင်ခဲ့ တယ်၊ လာမယ့်ကာလမှာလည်း နိုင်ငံ့ဝန်ထမ်း သုံးဦးမှာ တစ်ဦးနှုန်း အိမ်ခန်းနေရာ ရရှိနိုင်စေဖို့ စီစဉ်ဆောင်ရွက်ပေး သွားမယ်”ဟု ယင်းက ပြောသည်။ အဆိုပါနိုင်ငံ့ဝန်ထမ်းများအတွက် အိမ်ရာများကို မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာန၏ ဦးဆောင်မှုဖြင့် တည်ဆောက် ပေးနေခြင်းဖြစ်ပြီး ယခင်ပြည်ခိုင်ဖြိုးအစိုးရလက်ထက် ၂၀၁၆ ခုနှစ် ဧပြီလအထိ တိုင်းဒေသကြီးအတွင်း၌ ဝန်ထမ်းအိမ်ရာ အခန်းပေါင်း ၁၈၄၆ ခန်းသာ အငှားအိမ် ရာနေရာချထားပေးနိုင်ခဲ့သော်လည်း လက်ရှိ NLD အစိုးရ လက်ထက်တွင် ၂၀၁၆-၁၇ ဘဏ္ဍာရေး နှစ်တွင် အခန်း ၄၆၀ ခန့်၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ၄၇၆ ခန်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ၁၀၅၈ ခန်း၊ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ၂၀၄ ခန်းထိ တည်ဆောက်ပေးခဲ့ရာ ဝန်ထမ်းအိမ်ရာ အခန်း ပေါင်း ၂၁၉၈ ခန်း တည်ဆောက်ပေးနိုင်ခဲ့ကြောင်း သိရသည်။ လက်ရှိ NLD အစိုးရ လက်ထက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ၂၀၁၆-၁၇ ဘဏ္ဍာ ရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ ဝန်ထမ်းအိမ်ရာ အခန်းပေါင်း ၆၂၄၄ ခန်းနှင့် အခြား ဌာနအသီးသီးမှ ၂၂၀၉၄ ခန်းဆောက်လုပ်ကာ ဝန်ထမ်းအိမ်ရာစုစုပေါင်း ၂၈၃၃၆ ခန်းကို တည် ဆောက်ပေးခဲ့ခြင်း ဖြစ်သည်။ ထိုသို့ တည်ဆောက်ပေးနိုင်ခဲ့မှုမှာ တိုင်းဒေသကြီးအတွင်းရှိ လက်ရှိ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း ၁၀၄၂၄၉ ဦးအတွက် လက်ရှိ NLD အစိုးရလက်ထက်အတွင်း၌ ဝန်ထမ်း ၄ဦးလျှင် တစ်ဦးနှုန်းဖြင့် အိမ်ခန်းများ စီစဉ်ဆောင်ရွက် ပေးနိုင်ခဲ့ခြင်းဖြစ်ကာ ၂၅ ဒသမ ၀၇ ရာခိုင်နှုန်းထိ နေရာချထားပေးနိုင်ခဲ့ကြောင်း သိရသည်။ "ဝန်ထမ်းတွေအတွက် ဝန်ထမ်းသုံးဦးကို တစ်ဦးနှုန်း အိမ်ရာနေထိုင်ခွင့် ရဖို့ဆိုရင် နောက်ထပ် ဝန်ထမ်းအိမ်ရာအခန်းပေါင်း ၈၆၀၀ လောက် ထပ်မံဆောက်လုပ်ပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်၊ ကျနော်တို့ဌာနအနေနဲ့ကတော့ လိုအပ်ချက်အရ ထပ်မံ ဖြည့်ဆည်းပေးရမယ့် ဝန်ထမ်း အိမ်ရာ တွေအနက် ၂၅ ရာခိုင်နှုန်း အိမ်ခန်းပေါင်း ၂၁၅၀ ကို လာမယ့် ဘဏ္ဍာရေးနှစ် လေးနှစ်တာ ကာလ အတွင်းမှာ လျာထားတည်ဆောက်ပေးသွားမှာ ဖြစ်ပါတယ်”ဟု မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်နိုင်က ပြောသည်။ ၂၀၂၅ ခုနှစ်တွင် နိုင်ငံ့ဝန်ထမ်း သုံးဦးလျှင် တစ်ဦးနှုန်း အိမ်ခန်းနေရာ ရရှိနိုင်ရန် စီစဉ်ပေးနိုင်ရန် အတွက် မန္တလေးတိုင်း ဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၅ ရာခိုင်နှုန်း အိမ်ခန်းပေါင်း ၂၁၅၀၊ ကျန်ရှိသည့် ၇၅ ရာခိုင်နှုန်း အိမ်ခန်း ပေါင်း ၆၄၅၀ ကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အခြားသောဌာနများမှ ဝန်ထမ်းအိမ်ရာ လိုအပ်ချက်ပေါ်မူတည်၍ ဌာနပိုင် မြေများပေါ်တွင် ဝန်ထမ်း အိမ်ရာများကို ဘဏ္ဍာရေးနှစ်အလိုက် ခွင့်ပြုရန်ပုံငွေ တောင်းခံပြီး လျာထား တည် ဆောက်သွားမည့် နည်းလမ်းများဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး အ တွင်း တန်ဖိုးမျှတအိမ်ရာ တိုက်ခန်းများ တည်ဆောက်၍ နိုင်ငံဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများနှင့် ဝင်ငွေနည်းပြည်သူများ အား ဘဏ်ချေးငွေစနစ်ဖြင့် ရောင်းချပေးနိုင်ရန် စီမံ ချက်များရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ နောက်ဆုံးရ သတင်းများ Yangon AMATA Smart & Eco City စီမံကိန်း ပြီးစီးပါကအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃၃,၀၀၀ ကျော် ဖန်တီးပေးနိုင်မည် ကျုံစုတ်ကျေးရွာတွင် ကျေးလက် ကျန်းမာရေးဌာနနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်း လုပ်ငန်း ပြီးစီး ကိုရီးယား မြန်မာစက်မှုဇုန်စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံလိုသူများ ဇန်နဝါရီ ၂ဝမှစတင်ကာ မြေကွက်များလျှောက်ထားနိုင် Credit : Pyi Myanmar Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties