By Kumudra, Shweproperty.com
Updated at 24 April 2018
မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ရှစ်ခုမှာ လာမယ့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ခြောက်လ ဘတ်ဂျက်မှာ နိုင်ငံ့ဝန်ထမ်းအိမ်ရာ တိုက်ခန်းပေါင်း ၂၄၈ ခန်းကို တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာ ဖွံ့ ဖြိုးရေးဦးစီးဌာနက အကောင်အထည် ဖော် ပေးသွားမှာဖြစ်ကြောင်း အဆိုပါ ဦးစီး ဌာနမှ သိရပါတယ်။
အဲသည် အိမ်ရာ တိုက်ခန်းတွေကို မန္တ လေးတိုင်းဒေသကြီး အတွင်းရှိ မိုးကုတ်၊ မိတ္ထီလာ၊ ကျောက်ပန်းတောင်း၊ သာစည်၊ မလှိုင်၊ ရမည်းသင်း၊ မြင်းခြံနဲ့ ညောင်ဦး မြို့နယ်တို့မှာ တည်ဆောက်ပေးသွားမှာ ဖြစ်တယ်။
ဆက်လက်၍လည်း လက်ရှိတာဝန် ထမ်းဆောင်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေ ၊ ကုမဏီ ဝန်ထမ်းတွေ၊ ဝင်ငွေနည်းပြည်သူတွေနဲ့ နိုင်ငံ့ဝန်ထမ်း အငြိမ်းစား တွေအတွက် အရောင်းအိမ်ရာတွေကို လည်း ထပ်မံ တည်ဆောက်ပေးဖို့ စီစဉ်ဆောင်ရွက်နေ တယ်လို့ သိရပါတယ်။
နိုင်ငံ့ဝန်ထမ်းတွေ နေရေးအဆင်ပြေ စေဖို့အတွက် အိမ်ရာတွေ တည်ဆောက်ပေးနေတဲ့အပြင် အရောင်းအိမ်ရာတွေကို လည်း တည်ေ ဆာက်ဖို့ အစီအစဉ် ရှိပါ တယ်။ အဲသည် အရောင်းအိမ်ရာတွေကို အကောင်အထည်ဖော်ဆောင်ရွက်တဲ့ အခါ မှာ အငြိမ်းစား ဝန် ထမ်းေ တွအတွက် ဦးစား ပေးဆောင်ရွက် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ်မှာ ပြည်ထောင်စု အစိုးရ ဘတ်ဂျက်နဲ့ တိုင်းဒေသကြီး အစိုးရ ဘတ်ဂျက် စုစု ပေါင်း ငွေကျပ် ၁၀ ဘီလျံ သုံးစ∑ဲပြီး အောင် မြေမန†လာ နိုင်ငံ့ဝန်ထမ်း အိမ်ရာ ကို မန္တ လေး တိုင်း ဒေသကြီး ပုသိမ်ကြီးမြို့နယ် မဲ ကင်း ကုန်းကျေးရ∑ာ အနီးရှိ မြေ ၃၃့၂၂ ဧ ကပေါ်မှာ တိုက်ခန်းပေါင်း ၅ဝဝ တည် ဆောက်ပေးနေပါတယ်။ ゞင်းတို့အနက် တိုင်းဒေ သကြီး အစိုးရဘတ်ဂျက်နဲ့ တည် ဆောက် တဲ့ တိုက်ခန်းပေါင်း ၂၆၀ ဟာ ၉၅ ရာခိုင် နှုန်း ပြီးစီးနေပြီး အစိုးရဘတ်ဂျက်နဲ့ တည် ဆောက်တဲ့ တိုက်ခန်းပေါင်း ၂၄၀ က ၃၈ ရာ ခိုင်နှုန်း ပြီးစီးနေပြီဖြစ်တယ်လို့ သိရပါ တယ်။
မန္တလေးတိုင်းဒေသကြီး အတွင်း လက်ရှိ အချိန် နိုင်ငံ့ဝန်ထမ်း ၅၆,၁၂၆ ဦးရှိ ပေမဲ့ ၄င်းတို့အတွက် အိမ်ရာ နေရာချထား ပေးနိုင်မှုမှာ ၄့  ၉ ရာခိုင်နှုန်း သာရှိ သော ကြောင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့က အိမ်ရာများ ပိုမိုတည်ဆောက်ပေးနေ တာ ဖြစ်ပါတယ်။
Ref & Photo Credit : Kumudra Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties