By အောင်ကိုဦး, Shweproperty.com
Updated at 24 October 2013
မန္တလေးမြို့အား စိမ်းလန်းသောမြို့တော် (Green City Plan) ဖြစ်လာရန် မန္တလေး စည်ပင်သာယာရေး ကော်မတီနှင့် အာရှဖွံ့ ဖြိုးရေးဘဏ် (ADB) တို့ ပူးပေါင်းပြီး လှုမှုစီး ပွားဖွံ့ဖြိုးတိုးတက်မှု ကိန်းဂဏန်းအချက်အ လက်များကို အောက်တိုဘာလ၂၆ရက်မှ စတင် ကာ ကောက်ယူသွားမည်ဟု မန္တလေး စည် ပင်သာယာရေးကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာနမှူး ဦးမျိုးအောင်က မဇ္ဈိမကို ပြော ကြားသည်။
''စိမ်းလန်းသောမြို့တော်ဆိုလို့ သစ်ပင် တွေစိုက်ပြီး မြို့ကိုအလှဆင်သွားမှာ မဟုတ် ဘူး။ မန္တလေးမြို့တော်ကို နေချင်စဖွယ်လှပ အောင် ဆောင်ရွက်ကြမှာပါ။ ဒီလိုဆောင် ရွက်နိုင်အောင် စစ်တမ်းတွေလိုက်ကောက် တာပါ။ ကောက်တဲ့အချိန်မှာ မြို့လူထုအ နေနဲ့ အမှန်ကန်ဆုံး ဖြေပေးစေချင်တယ်''ဟု အဆောက်အအုံနှင့် ကုန်ရုံဌာနမှူး ဦးမျိုး အောင်က မဇ္ဈိမကို ပြောသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်းရှိ မြို့နယ် ခြောက်မြို့နယ်တွင် နေထိုင်သူများ၏ လူနေ မှုဘဝကိန်းဂဏန်း အချက်အလက်များကို ကောက်ခံမည်ဖြစ်ပြီး တစ်မြို့နယ်လျှင် အိမ် ထောင်စု ၁ဝဝနှုန်းဖြင့် အိမ်ထောင်စု၆ဝဝကို အခြေပြု၍ စစ်တမ်းများ ကောက်ယူသွားဖြစ်သည်။
ထိုသို့ကောက်ခံရာတွင် ဆင်းရဲသော အိမ် ၄ဝရာခိုင်နှုန်း၊ အလယ်အလတ်ချမ်းသာသော အိမ်၃ဝရာခိုင်နှုန်း၊ အချမ်းသာဆုံးအိမ် ၁ဝ ရာခိုင်နှုန်းနှင့် ဝန်ထမ်း၂ဝရာခိုင်နှုန်းကို အ ခြေပြုကောက်ခံသွားမည်ဖြစ်ဟု ဦးမျိုးအောင် က ပြောသည်။
''အဖွဲ့တွေ နေ့စဉ်ကောက်ယူမှုတွေကို နေ့စဉ်မှတ်တမ်းတင်သွားမယ်။ စီမံချက်ရက် ပြည့်တာနဲ့ အားလုံးကို စိစစ်သွားမယ်''ဟု အ ဆောက်အအုံနှင့် ကုန်ရုံဌာနမှူး ဦးမျိုးအောင် က ပြောသည်။
စစ်တမ်းကောက်ယူမှုကို မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မတီလက် အောက် ရှိ ဌာနအသီးသီးမှ ဝန်ထမ်းများ ပါဝင်သည့် အဖွဲ့ငယ်များဖွဲ့စည်းကာ ခေါင်းစဉ်ငါးမျိုးနှင့် စစ်တမ်းအချက်အလက်ပေါင်း၇၃ကို မြို့နယ် အလိုက် ကွင်းဆင်းကောက်ယူသွားမည် ဖြစ် ကြောင်းသိရသည်။
ထိုသို့ စစ်တမ်းများကို အောက်တိုဘာ လ၂၆ရက်မှ နိုဝင်ဘာလ ၅ရက်အထိ ကောက် ယူမည်ဖြစ်ပြီး ကောက်ခံရရှိသော ပကတိ မြေပြင်ကိန်းဂဏန်း အချက်အလက်ပေါ် မူ တည်၍ မန္တလေးမြို့ ဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်သည့် အချက်အလက်များကို ဖြည့် ဆည်းဆောင်ရွက်မည်ဟုလည်း ဦးမျိုးအောင် က ပြောသည်။
Ref : Mizzima
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties