By အေဝိုင်အီး, Shweproperty.com
Updated at 8 December 2013
၂ဝ၁၁ ခုနှစ်ကတည်းက စီမံကိန်း ရှိခဲ့သော ဧက ၅ဝဝဝ ဝန်းကျင်ရှိ မန္တလေးဟိုတယ်ဇုန်သစ် စီမံကိန်းကြီးမှာ ၂ဝ၁၃ ခုနှစ် နှစ်ကုန်ခါနီးအထိ မြေယာ ကိစ္စများ ရှင်းလင်းမှုမပြီးပြတ်သေးပဲ အနည်းငယ်ကျန်သေးကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ ၃ဝ-၁၁-၂ဝ၁၃ သတင်းရရှိသည်။
ဟိုတယ်စီမံကိန်းသစ်ကြီးမှာ မြေပိုင်ရှင်များနှင့် ဈေးနှုန်းပိုင်းဆိုင်ရာ ညိနှိုင်းမူ ကိစ္စအချို့ မပြီးပြတ်နိုင် သေးကြောင်း သိရ သည်။ "မန္တလေး တိုင်း ဒေသကြီးအစိုးရအဖွဲ့က တာဝန်ယူပြီး ညှိ နှိုင်း ပေးနေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နဲ့ ပူးပေါင်းပြီး သူတို့လုပ်နေကြတယ်။ မကြာခင်စတင်နိုင် မယ်လို့ မျှော်လင့်ပါတယ်''ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်းက ပြောကြားသည်။
အဆိုပါ စီမံကိန်းမှာ မန္တလေးမြို့ ဧရာဝတီမြစ်ကမ်းဘေးရှိ တံတားဦးမြို့အတွင်း တည်ရှိနေကြောင်း သိရကာ သိရကာ အဆင့်မြင့်ဟိုတယ်ဇုန်မြို့တော် ကြီးဖြစ်လာရန် ပြင်ဆင်နေကြခြင်းဖြစ်သည် ဟု သိရသည်။
"တချို့တွေကျတော့လည်း မြေယာလျော်ကြေးတောင်းတာ မတန်တဆတွေ တောင်းတာရှိပါတယ်။ ဟိုတယ်ဇုန်လုပ်ငန်းရှင်တွေက ဟိုတယ်ဇုန် တွေအတွက် မြေကို သိပ်ပြီး မထိရဲကြ ဘူး'' ဟု ဦးအောင်ဇော်ဝင်းက ပြောကြားသည်။
မြန်မာနိုင်ငံ ခရီသွားလုပ်ငန်း အဖွဲ့ချုပ် အနေဖြင့် မြန်မာ့ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုင်းတက်ရေး အများပိုင် ဟိုတယ်ကြီးတစ်ခု တည်ဆောက်သွားရန်ရှိနေကြောင်သိရသည်။
ဟိုတယ်ဇုန် စီမံကိန်းကြီးအတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အပြီး သတ်လက်မှတ်ရေး ထိုးနိုင်ရေးကို အများ ပိုင်ကုမ္ပဏီက ကြိုးပမ်းနေပြီဖြစ်ပြီး ၂ဝ၁၄ တွင် စီမံကိန်းစတင်သွားရန်ရှိကြောင်းနှင့် အ များပိုင်မှ ရှယ်ယာခေါ်ယူသွားရန်ရှိကြောင်း လည်း သိရသည်။
Ref : ပြည်မြန်မာ
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties