By [removed]new, Shweproperty.com
Updated at 30 January 2019
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရေတံခွန်တောင်အနီးရှိ မြေဧက ငါးရာကျော်ပေါ်တွင် အိမ်ရာအလုံးပေါင်း လေးရာကျော်ပါဝင်သည့် စီမံကိန်းတစ်ခုကို တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါရေတံခွန်တောင်စီးတီး စီမံကိန်း စတင်ခြင်းနှင့် အိမ်ရာများ စတင်ရောင်းချခြင်း အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ ဖွံ့ဖြိုးသစ်ကုမ္ပဏီ၏ အိမ်ရာအရောင်းပြခန်းတွင်ယနေ့ ကျင်းပခဲ့သည်။
”အဓိကကတော့ တောတောင်ရေမြေအလှကို ခံစားနိုင်မှာဖြစ်သလို ခေတ်သစ်လူနေမှုအတွက် လိုအပ်တဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ အလုပ်အကိုင်တွေကိုပါ တစ်နေရာတည်းမှာ ရနိုင်မှာပါ။
ဈေးနှုန်းကိုလည်း 1sqf ကို တသိန်းထက်မကျော်တဲ့ဈေးနဲ့ ရောင်းချပေးသွားမှာပါ” ဟု ဖွံ့ဖြိုးသစ်ကုမ္ပဏီ၏ Deputy CEO ဦးသက်လွင်ရွှေကပြောသည်။
စီမံကိန်းကို လေထုညစ်ညမ်းမှုမရှိဘဲ သဘာဝအတိုင်းခံစားနိုင်စေမည့် တောအုပ်အတွင်းမှ မြို့ငယ်ပုံစံ တည်ဆောက်သွားမည်ဖြစ်ပြီး ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။
စီမံကိန်းအတွင်းတွင် လူနေအိမ်များ၊ ကျောင်း၊ ဆေးရုံ၊ ဟိုတယ်၊ ဂေါက်ကွင်း၊ ကစားကွင်း၊ ဈေးရောင်းချရန် အဆောက်အဦးများနှင့် ရှော့ပင်းစင်တာတို့ ပါဝင်မည်ဖြစ်ကြောင်း၊ အိမ်ယာဇုန် စီမံကိန်းတွင်လည်း ရိုးရိုး Apartment. ၁၂ လုံး၊ ပုလဲဗီလာ(Pearl Villa) ၈၄ လုံးကျော်၊ Jade Villa ၈၂ လုံး၊ Urban Villa Type A- ၂၃ လုံး၊ Type B – ၄၁ လုံး၊ Golf course view villa ၆၂ လုံးနှင့် luxury Hill Villa ၁၁၅ လုံး တည်ဆောက်သွားမည်ဖြစ်ပြီး စီမံကိန်းတစ်ခုလုံးအတွက် ၇ နှစ်ခန့် ကြာမြင့်မည်ဟု ခန့်မှန်းထားကြောင်းသိရသည်။
စီမံကိန်းအတွက် လိုအပ်သည့် မာစတာပလန်ကို ပြင်သစ်ဗိသုကာ ကုမ္ပဏီ Archetype Architect Group မှ ဆောင်ရွက်ခြင်းဖြစ်ပြီး တရုတ်နိုင်ငံမှ ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်သည့် CSCEC ကုမ္ပဏီ မှ တာဝန်ယူဆောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။
Ref & Photo Credit : Updatenew
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties