By မောင်တာ, Shweproperty.com
Updated at 10 January 2013
မန္တလေးမြို့တွင် ကွန်ဒို၊ ဟိုတယ် နှင့် လုံးချင်းအိမ်များ ပါဝင်မည့် စီမံကိန်းကို မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီ နှင့် အကျိုးတူပူးပေါင်းကာ Newstar Light ဆောက်လုပ်ရေး နှင့် C.A.D Construction & Decoration တို့က တည်ဆောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါစီမံကိန်းကို မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြို့သစ်(၁)ရပ်ကွက် သဇင်လမ်းနှင့် ငုရွှေဝါ လမ်းကြား မြေ ၄၇ ဧကပေါ်တွင် တည်ဆောက်နေခြင်းဖြစ်ကာ စီမံကိန်းကိုအဆင့်နှစ်ဆင့်ခွဲ ဆောင်ရွက်နေ ကြောင်း ပရောဂျက်မန်နေဂျာကိုဇင်မင်းဆွေက ပြောသည်။
ဆီးဂိမ်းအတွက် ကားအစီး ၁,ဝဝဝ ရပ်နားနိုင်သော အဆောက်အအုံကားပါးကင်၊ ဈေးဆိုင်ခန်း ၁၂၇ခန်းပါဝင်သော လေးထပ်အဆောက်အအုံ၊ အထပ်ငါးထပ်ရှိ ရှော့ပင်းစင်တာ၊ မန်းစည်ပင်အတွက် အ ခန်း ၅ဝပါဝင်သော ဟိုတယ်တို့ကို စီမံကိန်းပထမအဆင့်အနေဖြင့် ဆောက်လုပ်နေပြီး ၂၂ ရာခိုင်နှုန်းပြီးစီး နေပြီဖြစ်ကာ ၂ဝ၁၃ ဆီးဂိမ်းအမီ အပြီးတည်ဆောက်မည်ဖြစ်ကြောင်း ကိုဇင်မင်းဆွေက ပြောသည်။
စီမံကိန်း ဒုတိယ အဆင့်အနေဖြင့် အထပ် ရှစ်ထပ် ၊ အခန်း ၂၈ဝ ပါ နိုင်ငံတကာ အဆင့်မီ 4 Star ဟိုတယ် တစ်လုံး၊ အဆင့်မြင့်ကွန်ဒိုတစ်လုံး၊ လုံးချင်းအိမ်ရာ ၆၄ လုံးတို့ကို ထပ်မံတည်ဆောက်မည်ဖြစ်ပြီး ၂ဝ၁၄ ခုနှစ်တွင် စီမံကိန်းကြီးတစ်ခုလုံးပြီးစီးရန် ရည်ရွယ်ထားကြောင်း ကိုဇင်မင်းဆွေက ဆိုသည်။
စီမံကိန်းတွင် ပါဝင်တည်ဆောက်မည့် လုံးချင်းအိမ်ရာများ ၏ တန်ဖိုးကို စိတ်ဝင်စားကြောင်း မန္တလေး မြို့ခံ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
လုံးချင်းအိမ်ရာများအတွက် ဈေးနှုန်းသတ်မှတ်ပြီးဖြစ်သော်လည်း ဖေဖော်ဝါရီလကုန်ပိုင်းမှသာ တရားဝင်ကြေညာခြင်းနှင့် ဝယ်ယူလိုသူများအတွက် ရောင်းချသွားမည်ဖြစ်ကြောင်း ကိုဇင်မင်းဆွေက ဆက်လက်ပြောသည်။
Source : 7days
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties