By မောင်တာ, Shweproperty.com
Updated at 21 November 2012
လွန်ခဲ့သော ဇွန်လာမှစ၍ အရောင်း အဝယ်အေးနေခဲ့သော မန္တလေး အိမ်ခြံမြေဈေးကွက်မှာ ယခု ဝါကျွတ်ကာလတွင် ကျပ်သိန်း ၁,ဝဝဝ အောက် မြေကွက်အချို့ အရောင်းအဝယ် ပြန်ဖြစ်လာ ကြောင်း မန္တလေးမြို့အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။
''ကျွဲဆည်ကန်ကားကြီးကွင်း အရှေ့ဘက်ခြမ်းက မြေကွက်တွေ အရောင်းအဝယ် နည်းနည်းပြန် လှုပ်လာတယ်။ ပြီးတော့ မြို့သစ် ဘက်ခြမ်းက တချို့နေရာတွေမှာ လည်း အရောင်းအဝယ်ပြန်ဖြစ် လာတာလေးတွေ ရှိတယ်''ဟု မန္တလေးမြို့ မန်းမြေရာဇာအိမ်ခြံ မြေအကျိုးဆောင်လုပ်ငန်းမှ ဦး ကျော်ဝင်းကပြောသည်။
ကျွဲဆည်ကန်ကားဝင်းအ ရှေ့ဘက်ရှိ ကြားကွက်များမှာ ကျပ်သိန်း ၂၅ဝ မှ ၄ဝဝ ဝန်းကျင် သာ ဈေးရှိ၍ ဈေးတက်ရန် အ လားအလာကောင်းသည် ဟူသော ယူဆချက်ဖြင့် ဝယ်ယူကြခြင်း ဖြစ်ကြောင်း၊ မြို့သစ်ပိုင်း အခြား နေရာများတွင် တက်ရိပ်မှန်း၍ ဝယ်ယူမှု ရှိလာသောကြောင့် အရောင်းအဝယ် ပြန်လိုက်လာ ခြင်းဖြစ်ကြောင်း ဦးကျော်ဝင်း ကဆိုသည်။
''သောင်းဂဏန်းတွေနဲ့ အောက်မြေကွက်တွေကတော့ အရင်နဲ့ယှဉ်ရင် နည်းနည်းပြန်လှုပ် လာတယ်''ဟု မန္တလေးမြို့ ရွှေ မန္တလေးအိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ ဦးနေလင်းအောင်က ပြောသည်။
စားသောက်ဆို ဟိုတယ် ဖွင့်လိုသော လုပ်ငန်းကြီးသမား များက ကျပ်သိန်းသောင်းဂဏန်း အထက် မြေကွက်များကို စိတ်ဝင် စားမှုရှိလာပြီး အမွေခွဲထားသူ၊ လက်ထဲငွေပိုရှိသော ကုန်သည် ငယ်များမှာ ဈေးနှုန်းတက်ရိပ်ရှိ သော ကျပ်သိန်းထောင်ဂဏန်း အောက်မြေကွက်များအား ဝယ် ယူမှုရှိနေကြောင်း ဦးနေလင်း အောင်ကဆိုသည်။
မန္တလေးမြို့သစ် (စ)ဈေးအ နီးမှ အိမ်ခြံမြေအကျိုးဆောင် ဦး မောင်စိုးက ''အရောင်းအဝယ် အေးနေတုန်းပါပဲ။ သိန်း ၁,ဝဝဝ တန် မြေကွက်၊ သိန်း ၆ဝဝ၊ ၇ဝဝ နဲ့ လျှော့ရောင်းနေကြတာလည်း ရှိတယ်။ နေရာကွက်ပြီး အရောင်း အဝယ်ဖြစ်နေတာမျိုးလည်းရှိ တယ်။ မနှစ်ကလောက်တော့ မ ကောင်းသေးဘူး''ဟု ပြောသည်။
အိမ်ခြံမြေလုပ်ငန်းမှာ အ ခြားစီးပွားရေးလုပ်ငန်းများဖြစ် သည့် ကျောက်စိမ်းကျောက်မျက် အရောင်းအဝယ်လုပ်ငန်း၊ သီးနှံ ကုန်စည်အရောင်းအဝယ်လုပ် ငန်းများနှင့် ပတ်သက်မှုရှိနေရာ အခြားစီးပွားရေးလုပ်ငန်းများ အလုပ်အကိုင်မကောင်း၍ အိမ် ခြံမြေဘက်တွင်လည်း ငွေကြေး စိုက်ထုတ်ရင်းနှီး၍ အရောင်းအဝယ်လုပ်သူ နည်းပါးသောကြောင့် အိမ်ခြံမြေဈေးကွက် ခပ်အေးအေး ဖြစ်နေကြောင်း မန္တလေးမြို့ခံ အိမ်ခြံမြေအကျိုးဆောင်များက ဆိုသည်။
ဤသို့အရောင်းအဝယ်အေး နေသော်လည်း အငှားမှာသွက် နေကြောင်း အကျိုးဆောင်များက ပြောသည်။ ကုမ္ပဏီရုံးခန်းဖွင့်ရန်၊ ဆိုင်ခန်းဖွင့်ရန်၊ အလွတ်ပညာ သင်ကျောင်းများဖွင့်ရန် စသည် ဖြင့် မရှိမဖြစ်လိုအပ်သူများက ငှား ရမ်းကြရာ တိုက်ခန်းများနှင့် လုံး ချင်းအိမ်များ အငှားသွက်နေခြင်း ဖြစ်သည်။
''အငှားကသွက်တယ်။ မြို့ လယ်တွေမှာဆို လိုချင်တဲ့နေရာ မရလို့ ဆောက်လုပ်ဆဲ တိုက်တွေ ကို ပြီးအောင်မစောင့်နိုင်ဘဲ ကြို တင်စရန်ပေးစာချုပ်ပြီး ငှားကြရ တာတွေရှိတယ်''ဟု မန္တလေးမြို့ လယ်နေ ဝါရင့်အိမ်ခြံမြေအကျိုး ဆောင်တစ်ဦးကပြောသည်။ ယခုနှစ်အတွင်း ဖွင့်လှစ်ခွင့် ရရှိခဲ့သည့် ပုဂ္ဂလိက ကိုယ်ပိုင် ကျောင်းများကလည်း ငှားရမ်းမှု ရှိလာသဖြင့် မန္တလေးသိပ္ပံလမ်း နှင့် ၃၅ လမ်းတစ်လျှောက်တို့တွင် အငှားသွက်လာကြောင်း ရွှေမန္တ လေး အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ သိရသည်။
လုပ်ငန်းအတွက် သင့်တင့် သော အခန်းကျယ်နှင့် နေရာအ ကွက်အကွင်းကောင်းလျှင် တိုက် ခန်းတစ်ခန်း၏ တစ်လငှားရမ်း ခမာ ကျပ်သိန်း ၄၀ ဝန်းကျင်ထိ ခေါ်ဈေးရှိပြီး ကျပ် ၁၅ သိန်းနှင့် ၂၅ သိန်းကြား တိုက်ခန်းများ အငှားဖြစ်ကြောင်း၊ လုံးချင်းများ တွင်လည်း နေရာနှင့် အဆောက် အအုံပေါ်မူတည်၍ တစ်လငှား ရမ်းခ ကျပ်သိန်း ၁ဝဝ အထိ ခေါ် ဈေးရှိပြီး အများအားဖြင့် တစ်လ ခ ကျပ်သိန်း ၃ဝ မှ ၅ဝ ကြား လုံးချင်းအိမ်များ အငှားသွက် ကြောင်း အိမ်ခြံမြေအကျိုးဆောင် ဈေးကွက်မှ သိရသည်။
Source : 7 days
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties