By 7daydaily, Shweproperty.com
Updated at 18 September 2015
မန္တလေးခရိုင်တွင် မြို့ ပြနှင့် နီးစပ်လာသော လယ်မြေ ဧကများကို ရောင်းချမှုများပြားလာပြီးလယ်ယာမြေစိုက်ပျိုးလုပ်ကိုင်ရန်စိတ်ဝင်စားမှုလျော့ကျလာကြောင်းမန္တလေးမြို့အနီးရှိ ကျေးရွာအချို့မှ တောင်သူများထံ မှ သတင်းရရှိသည်။
‘‘ဦးလေးတို့ ဒီပုသိမ်ကြီးမှာ ဆို လမ်းနဲ့နီးတဲ့ လယ်တစ်ကွက် ကိုသိန်းတစ်ထောင်၊ ထောင့်ငါးရာလောက်ပေါက်ဈေးရှိတယ်။ လယ်က (၁၀)နှစ်၊ အနှစ် (၂၀) လုပ်တာတောင် ဒီလောက်ပိုက်ဆံမရဘူး။အဲဒီတော့ကျုပ်တို့လည်း ရောင်းကြတာပဲ။ ရွာထဲမှာ အလွန် ဆုံးတစ်ယောက်မှ ငါးဧကက အ များဆုံးပဲလုပ်ကြတော့တာ’’ဟု မိုင်ကုန်းကျေးရွာရှိ အနှစ် (၂၀) ကျော်တောင်သူလုပ်နေသည့် ဦး မောင်ဆွေက ရှင်းပြသည်။
မန္တလေးမြို့အနီးဝန်းကျင်ရှိ အမရပူရမြို့နယ်၊ ပုသိမ်ကြီးမြို့ နယ်၊ မတ္တရာမြို့၊ ကျောက်ဆည် မြို့နှင့် စဉ့်ကိုင်မြို့တို့တွင်လည်း လယ်မြေများကို ပုံစံ (၇) လယ်မြေအမည်ပေါက်ဖြင့် တရုတ်နိုင်ငံ သားများက အများဆုံးဝယ်ယူကြ ပြီး လယ်ယာများကို တောင်သူ များအား စိုက်ပျိုးရန် ပြန်လည် အငှားချထားကြကြောင်း မန္တလေးမြို့ရှိ အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းများထံမှ သိရသည်။
‘‘လယ်မြေတွေဈေးမြင့်လို့ ရောင်းကြတာ အနည်းဆုံး လေး ငါးနှစ်တောင်မကတော့ဘူး။ လယ်မြေမှာ လူနေလို့တော့မရဘူး။ ဒါ ပေမဲ့ မြို့ပြထပ်ချဲ့တာတွေ၊ စီမံ ကိန်းတွေရှိလာရင် မြို့ပြင်အစွန်း ဖြစ်လာရင် ဂရန်ထုတ်ပေးတာ တွေ ဖြစ်လာတော့ ငွေတတ်နိုင် တဲ့ လူတွေက ကြိုမြှုပ်နှံထားကြတာ၊ ဗမာတွေလည်း ဝယ်ပါတယ်။တရုတ်တွေကတော့ အများဆုံး ဝယ်ကြတာပေါ့’’ဟု ရွှေမန္တလေး အိမ်ခြံမြေအကျိုးဆောင် ကိုနေ လင်းအောင်က ပြောသည်။
စပါးစိုက်ပျိုးရန် စိုက်ပျိုး စရိတ်မြင့်တက်လာမှု၊ အထွေထွေ ကုန်ကျစရိတ်နှင့် ကောက်စိုက် အလုပ်သမနှင့် လယ်လုပ်သားရှားပါးပြီး လုပ်ခဈေးမြင့်လာမှုတို့ကြောင့် စပါးပေါ်ချိန်တွင် ပြန်ရသည့် ဝင်ငွေနှင့် ကိုက်ညီမှုမရှိသောကြောင့်လယ်လုပ်ကိုင်မှုလျော့ ကျလာကြောင်းမန္တလေးခရိုင်အတွင်းရှိ တောင်သူအချို့က ဝေဖန်သည်။
‘‘အရင်တုန်းကလယ်ဈေးကသိန်း လေးငါးဆယ်လောက်ပဲရှိတာ။ အခုက ဈေးကောင်းလည်းပေးကြ တော့ လယ်စိုက်တာမှ စိုက်ပျိုး စရိတ်နဲ့ ရာသီဥတုမကောင်းရင် လူပင်ပန်းပြီး စပါးရှုံးတာ အဖတ် တင်တာ။ အဲဒီတော့ ရွာကလူတွေ၊ ကျုပ်တို့အပါအဝင်ပေါ့။
ကိုယ့် လယ်တွေ ဖဲ့ရောင်းကြတာပဲ။ သူ တို့ကတော့ ဓာတ်ဆီဆိုင်၊ စက်ရုံတွေ၊ ဝင်းခြံခတ်ထားတာတွေ မြင်တာပဲ’’ဟု ပုသိမ်ကြီးမြို့နယ်ရှိ တောင်သူ ဦးဝင်းဗိုလ်က ပြောသည်။
မန္တလေးခရိုင်အတွင်း လူဦးရေ ၁၇ သိန်းကျော်နေထိုင် သည့်အပြင် ဧည့်နိုင်ငံသားများ လည်း ဝင်ရောက်မှုများပြားပြီး လယ်မြေများကို တရုတ်နိုင်ငံသား၊အိန္ဒိယနိုင်ငံသားနှင့် ကချင်တိုင်း ရင်းသားတို့ အများဆုံးလာရောက်ဝယ်ယူကြကြောင်း ပုသိမ်ကြီးမြို့ နယ်ရှိ တောင်သူများထံမှ သိရ သည်။
‘‘အခုခေတ်ကလေးတွေက လယ်လုပ်ငန်းကို စိတ်မဝင်စား တော့ဘူး။ ပင်ပန်းတော့ မြို့ပေါ် တက်ပန်းရန်တို့၊ တခြားအလုပ်သမားတို့ လုပ်ကြတာပဲ။ ပညာတတ် ကလေးတွေလည်း ရွာမှာများလာ တော့ အခြားသက်သာတဲ့ အလုပ် တွေပဲ လုပ်ကြတော့တာ မိရိုးဖလာကျုပ်တို့တွေပဲ လယ်လုပ်တာကျန် တော့တာပဲ’’ဟု ပုသိမ်ကြီးမြို့နယ် ရှိ တောင်သူတစ်ဦးက မှတ်ချက် ချသည်။
ပြီးခဲ့သည့် ၂၀၁၄ တွင် မန္တ လေးခရိုင်၌ မိုးစပါးဧကပေါင်း ၄၁,၇၉၂ ဧက စိုက်ပျိုးရန် လျာ ထားခဲ့သော်လည်း ရာသီကုန်၌ ဧကပေါင်း ၃၇,၂၆၀ ဧကသာ စိုက်ပျိုးခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် မိုးစပါးစိုက်ပျိုးမှုဧကပေါင်း ၄၃,၀၇၃ ဧက လျာထားသော်လည်း သြဂုတ်လကုန်ထိ စိုက်ပျိုးမှုမှာ ၂၆,၆၇၁ ဧကသာရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။
Ref : 7daydaily
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties